Friday, October 31, 2014

လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိ ၃၁.၁၀.၂၀၁၄ ရက်နေ့ ၀၆၃၀ အချိန်တွင် သာကေတမြို့နယ်နေ ဒေါ်ဖြူဖြူထွေးမှ ၎င်း၏ သားဖြစ်သူ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်၊ (၂၃)နှစ်မှာ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိရစ္ဆာန်ဥယျာဉ် ၀န်ထမ်းအိမ်ရာအနီး၊ မြန်မာမေဖလားဝါး ဘဏ်ဟောင်းရှေ့ ပလက်ဖောင်းပေါ်တွင် လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲလက်ပြင်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၆၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။ အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ်...

Friday, April 19, 2013

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်

ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါးစီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစုတစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရ သည်။ ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ်ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။ မိသားစုလေးဦးအနက်မှ တစ်ဦးသည် အသက် ၂၁ နှစ်အရွယ်ရှိ နာလီယာ မမ်တက်ဇ်အား လည်ပင်းညှစ်နေချိန် တွင် အခြားသုံးဦးက နာလီယာကို ဖမ်းချုပ်ပေးထားကြသည်။ သူတို့က နာလီယာကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေ သည့် မကောင်းဆိုးဝါးကို ထိုနည်းဖြင့် ထွက်သွားစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။ နာလီယာကို သတ်ဖြတ်ရန် ကြိုးပမ်းနေသူများထဲတွင် ခင်ပွန်းသည် မိုဟာမက် တူဆစ် မမ်တက်ဇ် ကိုယ်တိုင် ပါဝင်ပြီး ဇနီးသည်ကို အသက်ရှူကျပ်ပြီးသေသည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။...

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့်ဆရာအား ဖမ်းဆီးအရေးယူ

ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။ ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ်ဆိုက်ပေါ် တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ်မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြရန် ဥပဒေ အရ တားမြစ်ပိတ်ပင်ထားသည်။ ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအားကန့် ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ...

လုံခြုံရေးအခြေအနေကြောင့် ဒုက္ခသည်များ အိမ်မပြန်နိုင်သေး

ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ၁ လလောက် ကြာခဲ့ပြီဖြစ်ပေမယ့် မိတ္ထီလာမြို့ ဒုက္ခသည် စခန်း နေ ပြည်သူတွေ အိမ်ပြန်ချင်ကြ ပြီဖြစ်ပေမယ့် လုံခြုံရေး အခြေအနေကြောင့် ပြန်လို့ မရသေးပါဘူး။သူတို့တွေ အိမ်ပြန် နေချင်ကြပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာက စီစဉ်ရေးမှာ အကျပ်တွေ့နေတာကြောင့် အိမ်ပြန်လို့ မရ ဖြစ်နေကြတာပါ။မိတ္ထီလာမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ ခိုလှုံနေထိုင်နေတဲ့ ဦးခင်နန်းက သူတို့ အိမ်ပြန်နေချင်ပြီလို့ အခုလို ပြောပါတယ်။“ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်မြေပဲလေ၊ ကျနော်တို့လည်း နိုင်ငံသားတွေပါ။ ၀န်ကြီးလည်း လာသွားတယ်လေ။ အားလုံး နိုင်ငံသားတွေပဲ၊ ကိုယ့်အိမ်ကိုယ်ပြန်ရမယ်။ ဒါပေမယ့် နည်းနည်းအေးချမ်းတဲ့ထိစောင့်ပေးပါပေါ့။ ကိုယ့်မိခင်အိမ်၊ မိခင်မြေကို ပျက်စီးမသွားဘူးဆိုရင် ပြန်ချင်ကြသူချည်းပဲ။ ဒါပေမယ့် လုံခြုံရေးအရတို့ ရှိနေသေးတယ်ဆိုတော့ ကျနော်တို့မှာ မပြန်ရသေးတာ။...

ဆိုက်ပရပ်စ် ရွှေထုတ်ရောင်းတဲ့ ဂယက် မြန်မာဈေးကွက် လာရိုက်

Share on facebookShare on twitterShare on email ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရောင်းချရန် ပြသထားသည့်ရွှေများ  ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည် ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ၀ယ်သူ ရောင်းသူ များဖြင့် ဈေးကွက်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ သင်္ကြန်ကာလမတိုင်ခင်က  ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားလျှင် ကျပ်ငွေ ၇၄၀၀၀၀ (ခုနစ်သိန်းလေးသောင်း)  ကျော်ရှိခဲ့ပြီး အရောင်း အ၀ယ် မရှိဖြစ်ခဲ့ကြောင်း၊ ယနေ့ နှစ်ဆန်း ၂ ရက်နေ့ ရွှေဈေးကွက်များ ပြန်လည်ဖွင့်လှစ်ချိန် အခေါက်ရွှေ တကျပ်သားလျှင် ၆၆၈၅၀၀ (ခြောက်သိန်းခြောက်သောင်း ရှစ်ထောင့်ငါးရာ) ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၆၇၃၀၀၀...

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သက်ဆင် သင်္ကြန် အတာရေလောင်း

Share on facebookShare on twitterShare on email ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို မစ္စတာ သက်ဆင် အတာရေ လောင်းနေစဉ် (ဓာတ်ပုံ – Thaksin / Facebook) ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်က သင်္ကြန်အကြတ်နေ့ မြန်မာပြည်ကို ရောက်လာခဲ့ပြီး တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဖော်ပြထားပါတယ်။ မစ္စတာသက်ဆင်ဟာ တရုတ်ပြည် ဟူနန်ပြည်နယ်က တဆင့် လေယာဉ်နဲ့ မန္တလေးမြို့ကို ရောက်ရှိလာတာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြင်ဦးလွင်(မေမြို့)မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။ မေမြို့က နှစ်တရာကျော် သက်တမ်းရှိ ကိုလိုနီခေတ် ဘုရင်ခံအိမ်တော်မှာ ညအိပ်နားနေခဲ့ပြီး သင်္ကြန်အတက်နေ့မှာတော့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို အတာရေ ပက်ဖြန်းခဲ့သေးတယ်လို့လည်း မစ္စတာသက်ဆင် က ရေးသားထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး...

ဘင်္ဂလာဒေခ်ျ့တွင် ရခိုင်သချိုင်း အလုခံရ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အ၀ကျွန်းဒေသမှ ရခိုင်သချိုင်းမြေ တစ်ခုအား ဒေသအတွင်းမှ အာဏာရှိသူ လူတစ်စုမှ လုယူရန် ကြိုးစားနေကြောင်း ယခုလ ၁၄ ရက်နေ့ထုတ် The Daily Star သတင်းစာတွင် ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။ လုယူခံရသော သချိုင်းနှင့် စိုက်ထူထားသော မှတ်တိုင်ကို တွေ့ရစဉ်။  ဧပြီလ ၆ ရက်နေ့က Jalal ဆိုသူ ဦးဆောင်သော လူပေါင်း ၂၀ နှင့် ၂၅ ခန့်ပါဝင်သော ဒေသခံ ဘင်္ဂလီ လူအုပ်စု တစ်ခုသည် ရခိုင်အခေါ် ရွာသစ်ချေ ကျေးရွာရှိ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော သချိုင်း အလယ်တွင် အဆိုပါ မြေအား သူတို့ပိုင်ကြောင်း အမှတ်အသားပြု ကျောက်တိုင် တစ်ခုအား လာရောက်စိုက်ထူခဲ့သည်ဟု ဆိုသည်။ ရခိုင်အမျိုးသားများပိုင် သင်္ချိုင်းမှာ Done မြစ်ကမ်းနားတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ 0.22 ဧက ကျယ်ဝန်းပြီး ၁၉၆၅ ခုနှစ်ကတည်းက ဒေသခံ ရခိုင်များက သချိုင်း အဖြစ် အသုံးပြုလာနေသော နေရာ ဖြစ်ကြောင်း...

ဘော့စ်တွန်မြို့ မာရသွန်ပြေးပွဲ ဗုံးဖောက်ခွဲမှု

ဘော့စ်တွန်မြို့၊ မာရသွန်ပြေးပွဲကျင်းပစဉ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်မြင်ကွင်း (ဧပြီ ၁၆၊ ၂၀၁၃) TEXT SIZE  အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့ မာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုကို ဘယ်သူက ဘာကြောင့်ပဲ ကျူးလွန်၊ ကျူးလွန် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိပါးတဲ့ လုပ်ရပ်ကျူးလွန်သူကို တွေ့အောင် ရှာဖွေ ဖော်ထုတ် အရေးယူသွားဖို့ သမ္မတ အိုဘားမားက ပြောပါတယ်။ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံ့လွတ်လပ်မှုကို သာမက အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်ကိုပါ ထိခိုက်စေတဲ့ မုန်းတီးမှု၊ မကျေနပ်မှုတွေ အတော်များများရှိနေတယ်ဆိုတာ စက်ဆုတ်ဖွယ်ရာ တိုက်ခိုက်မှု ကနေ အသိပေးလိုက်တာဖြစ်တဲ့အကြောင်း လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ခ်ျ၊ မက်ကောနယ် က ပြောပါတယ်။ စက်တင်ဘာ...

Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်

ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓာတ်ပုံ သံသယရှိသူ ပထမတယောက်က ဦးထုပ် အမဲရောင်ကို ဆောင်းထားပြီး၊ ဒုတိယတယောက်က ဦးထုပ် အဖြူရောင်ကို ဆောင်းထားကြပါတယ်၊ စားသောက်ဆိုင်တခုရဲ့ အပြင်ဖက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ ဦးထုပ်အဖြူရောင်ဆောင်းထားသူက ကျော်ပိုးအိတ်ကို ချထားခဲ့တယ်လို့ ဒီဗုံးကွဲမှုကို ဦးဆောင် စုံစမ်းနေတဲ့ FBI တာဝန်ရှိသူ Richard ဒီလိုဗီရေး DesLauriers ကပြောပါတယ်။ ဒီလူ ၂ ယောက်လုံးဟာ အင်မတန်မှ အန္တရာယ်ရှိပြီး လုံခြုံရေးအာဏာပိုင်တွေကလွဲလို့ သူတို့ကို မချဉ်းကပ်သင့်ဘူးလို့လဲ စုံစမ်းစစ်ဆေးမှုနဲ့ ပါတ်သက်တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ FBI တာဝန်ရှိသူက ပြောပါတယ်။ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက်ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမ္မတ Barack Obama တက်ရောက်ခဲ့ပါတယ်၊...

Thursday, April 4, 2013

မြန်မာစစ်တပ် ပစ်ခတ်၍ ထိုင်းစစ်သား တဦးသေဆုံး

ထိုင်း-မြန်မာ နယ်စပ်တွင် မေလ ၁၉ ရက်နေ့က မြန်မာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးကြောင်း သိရသည်။ မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ့်စရီယမ် မြောက်ပိုင်းတွင် ယင်းသို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကရင် ဒုက္ခသည် ကော်မတီ (Karen Refugee Committee - KRC) က ထိုင်း ရဲသတင်း ရပ်ကွက်ကို ကိုးကား ပြောဆိုသည်။နယ်စပ်တွင် မြန်မာဘက် အခြမ်းသို့ ရောက်ရှိ လာသော ထိုင်း ရိန်းဂျား စစ်သားကို မြန်မာ စစ်သားများက မြေမြှုပ်မိုင်း ထိထားသည့် ဒဏ်ရာရသူ ၂ ဦးအား ထိုင်းဘက် အခြမ်းသို့ သယ်ဆောင် သွားရန် ပြောဆို ခဲ့ကြောင်း၊ ထိုင်းစစ်သားက သယ်ဆောင်သွားရန် ငြင်းကြောင်း KRC က ပြောသည်။“မြေမြှုပ် မိုင်းကြောင့် ဒဏ်ရာ ရတဲ့သူ ၂ ယောက်ကို ထိုင်းဘက် အခြမ်း ဆေးရုံကို ခေါ်သွားဖို့ ထိုင်းစစ်သားက ငြင်းလိုက်တော့ ပစ်ခတ်တာပဲ၊ ထိုင်းစစ်သား သေသွားတယ်” ဟု KRC မှ ဝန်ထမ်း တဦးက ပြောသည်။အခြား NGO မှ ဝန်ထမ်း တဦးကလည်း ဒေသဆိုင်ရာ ထိုင်းစစ်တပ်...

ညစ်ပတ်သော လူများ၏ အောက်လမ်းနည်းများ..သတိထား.

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလားအမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာနိုင်ငံသို့ တိတ်တဆိတ်ဝင် ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်းနာကျင်စေမှုများ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီ လိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည်...

ရဲအရာရှိ တစ်ဦး ဂမ္ဘီရဆန်ဆန် မိမိကိုယ် ကို မီးရှို့ပူဇော်ရာမှ မီးလောင်သေဆုံး

နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ နေပြည်တော် ပျဉ်းမနား တွင် ရဲသတင်း တပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးသည် မိမိကိုယ်ကို ဂမ္ဘီရ လောကမှ အထက်ပုဂ္ဂိုလ် များနှင့် အဆက်အသွယ်ရှိသယောင်၊ ၎င်းကိုယ်တိုင်လည်း ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ်သယောင် အမြင်မှားပြီး မိမိကိုယ်ကို မီးရှို့ပူဇော် ရာမှ သေဆုံး ခဲ့သောဖြစ်ရပ်တစ်ခု သြဂုတ် ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က နေပြည်တော်ပျဉ်းမနား၊ ရွာကောက်အုပ်စု၊ ပန်းခင်း ရပ်ရွှေဗျိုင်းအင်းဘုန်းတော်ကြီးနှင့် ကိုက် ၂၀၀ ကွာဝေးသော လေးကျွန်းစကြာဘုရားရင်ပြင်အုတ်နံရံ အတွင်းဘက်တွင် အမည်မသိ အမျိုးသားတစ်ဦး မီးလောင် ဒဏ်ရာ များနှင့် သေဆုံးနေ ကြောင်းတွေ့ ရှိရ၍ အမှုအား နေပြည်တော်ပျဉ်းမနား သေမှု သေခင်းအမှတ် ၃၆/၂၀၁၂ အရ စုံစမ်းစစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းများအရသိရသည်။ အမှုကို စုံစမ်း စစ်ဆေးရာ သေဆုံး သူမှာ သူများ ပယောဂကြောင့်မဟုတ်ဘဲ မိမိကိုယ်ကို...

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် အဖမ်းခံရ

 မြန်မာ ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး၏ သားဖြစ်သူသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး ချုပ်နှောင် ခံထားရသည်။ စစ်ထောက်လှမ်းရေးများနှင့် ရဲများ ပါဝင်သော ပူးပေါင်းအဖွဲ့ တဖွဲ့က အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ပိုင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကုမ္ပဏီကို ၀င်ရောက်စီးနင်း ရှာဖွေပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ အောင်ဇော်ရဲမြင့်သည် ရုပ်ရှင် အသိုင်းအ၀ိုင်းရှိ နာမည်ကျော်များကို မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သံသယရှိသည်ဟု ရဲသတင်း ရပ်ကွက်က ဆိုသည်။ စွပ်စွဲခံထားရသူသည် ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းထိပ်ရှိ ရဲတံခွန်တာဝါ အဆောက်အဦရှိ ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်သူ ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် အောင်ဇော်ရဲမြင့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။ ရုပ်ရှင်သရုပ်ဆောင်...

ရန်ကုန်မြို့ လူကုံထံရပ် ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပွား (နောက်ဆက်တွဲ)

 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လူ ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တခုတွင် ဖြစ်ပွားသော ပစ်ခတ်မှုတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။ အသတ်ခံရသူ အမျိုးသား၏ အမည်မှာ ဦးချာလီဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်ကာ ဖူဂျီကော်ဖီဟောက်စ် ပိုင်ရှင်၏ ယောက္ခမ ဖြစ်သည်ဟု သိရသည်။ အခြား သေဆုံးသူများမှာ ဦးချာလီ၏ ဇနီးသည်၊ သမီး ၂ ဦးနှင့် အိမ်ဖော် ၁ ဦးတို့ ဖြစ်သည်။ အခင်းဖြစ်ပွားသော နေရာသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသော အိမ်အမှတ် (၅၄) နှင့် နီးကပ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့ (၄) ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာနှင့်လည်း နီးနီးကပ်ကပ် တည်ရှိသောနေရာ ဖြစ်သည်။ စစ်အစိုးရ၏ အစောင့်အကြပ်တပ်များ ထူထပ်ရာ အရပ်သားများ...

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု သတင်း

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်ထားသော X2O ရေကစားမဏ္ဍပ်၌ ယနေ့ မွန်းလွဲပိုင်း (၃) နာရီခန့်က ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ကာ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး (၃၀) ဦး၊ စုစုပေါင်း (၉၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဖက် နီးစပ်သူများက သတင်းပို့လာပါတယ်။ ရန်ကုန်ဆေးရုံကြီးပေါ်မှ အရေးပေါ်လူနာတစ်ဦး ဗုံးပေါက်ကွဲမှုကြောင့် ရေကစားမဏ္ဍပ်မှာ အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြတဲ့ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရသည်ဟုလည်း နအဖ စစ်အစိုးရ သတင်းဌာနက ဖေါ်ပြထားပါတယ်။ အဖျက်အမှောက်သမားများဟာ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေကြစဉ် ယခုကဲ့သို့ ဗုံးခွဲမှု ပြုလုပ်ခဲ့ကြခြင်းမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်ခြင်းသည် အများပြည်သူအား...

တရားခံဘယ်သူလဲ

ဒီနှစ်ထဲမှာ နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံရဲ့ မြို့ကြီးတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာ သတိထား မိပါတယ်။ ဒါပေမယ့် ဒီဗုံးပေါက်ကွဲမှုတွေမှာ လူအသေအပျောက်လည်း မရှိ၊ လက်သည်တရားခံကိုလည်း သက်သေ အခိုင်အမာနဲ့တကွ ဖမ်းဆီး ဖော်ထုတ်အရေးယူနိုင်တာမျိုး မရှိတာကို ပိုပြီး သတိထားမိပါတယ်။ ဇွန်လကုန်ပိုင်းက မန္တလေးတွင် ကားဗုံးပေါက်ကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / facebook) အရင်က မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှု တခုခုဖြစ်ပြီဆိုတာနဲ့ အိပ်ရေးပျက်ရတဲ့ ညတွေအကြောင်း ပြန်တွေးမိပါတယ်။ အဲဒီကာလတွေက အကျဉ်းစံ နေ့ရက်တွေရဲ့ ညဥ့်နက်သန်းခေါင် အချိန်တွေမှာ ကျနော်တို့လို နိုင်ငံရေး အကျဉ်းသား တချို့ကို ခေါင်းစွပ်နဲ့ လာထုတ်လေ့ရှိပါတယ်။ အဲဒါကတော့ ပြင်ပကမ္ဘာမှာ ဗုံးပေါက်ကွဲမှု ဖြစ်တိုင်းပါ။လက်နက်မှု၊ တရားမ၀င်အသင်းနဲ့ဆက်သွယ်မှု စတဲ့ စွပ်စွဲမှုတွေနဲ့ ထောင်ဒဏ်...

ဒေါ်ဘောက်ဂျာ ရှောင်တိမ်းနေရ

 မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေး လက်မှတ်ထိုး လှုပ်ရှားမှုတွင်ပါဝင်သူ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာကို ရဲတပ်ဖွဲ့က ဖမ်းမည်ဆိုသည့် သတင်းရသဖြင့် ရှောင်တိမ်း နေရသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။ယခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှ မန္တလေးသို့ တက်လာစဉ် မြစ်ကြီးနားမြို့မှ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ စရဖနှင့်နီးစပ်သူတဦးက ဒေါ်ဘောက်ဂျာ၏ နေအိမ်နှင့် ဘူတာရုံများတွင် ရဲများစောင့်နေကာ သူ့ကို ရှောင်တိမ်းရန် အကြောင်းကြားလာခြင်းကြောင့် လက်ရှိ လမ်းခရီးတနေရာတွင် ပုန်းရှောင်နေရသည်ဟု ပြောသည်။“တယောက်က သတင်းလှမ်းပေးတာ။ သူက ဘယ်မှာရောက်နေတာလဲလို့ မေးတော့ ကျမ မန္တလေးမှာပါလို့ ပြောလိုက်တာ။ အဲဒီအခါကျတော့ ပြန်မလာနဲ့ဦးတဲ့။ ဒီမှာက အိမ်မှာ၊ ဘူတာတွေမှာရော ရဲတွေက စောင့်နေတယ်။ ဘူတာမှာ ရုတ်ရုတ် ဖြစ်ကုန်မှာစိုးလို့ ခဏရှောင်လိုက်ပါလို့ ဆိုပြီးပြောလို့ ရှောင်နေတာ”ဟု သူက မဇ္စျိမကို ပြောသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management