Tuesday, January 15, 2013

ဘုန်းကြီးလမ်း စံပြမှတ်တိုင် အနီး မော်တော်ယာဉ် ၈ စီး ဆင့်တိုက်


ရန်ကုန်၊ ဒီဇင်ဘာ၃၁

ရန်ကုန်မြို့တော်ရှိ လူစည်ကားရာ ဘုန်ကြီးလမ်း စံပြမှတ်တိုင် အနီးတွင် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ခရီးသည်တင် ဘတ်စ်တစ်စင်းက အရှိန်လွန်ကာ မော်တော်ယာဉ် ရှစ်စီးကို ဆင့် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။
ခရီးသည်တင် အမှတ် ၂၂၆ ယာဉ်သည် စံပြ မှတ်တိုင်ရှိ မီးပွိုင့်တွင် မြောက်မှတောင်သို့ အရှိန်ဖြင့် လမ်းပြောင်းပြန် မောင်းနှင်လာပြီး Corolla ၂ဃ/၅၅၄၂ ယာဉ်ငယ် ကို စတင်တိုက်မိပြီး အနီးရှိ ရပ်ထားသောမော်တော်ယာဉ် ၇ စီးနှင့်တကွ လမ်းသွားလမ်းလာများကိုပါ ဆင့်တိုက် သွားခဲ့ကြောင်း ယင်းယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာရှိ မြန်မာအရှေ့တိုင်းဘဏ်မှ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောသည်။ 

"ဘတ်စ်ကားကြီး အရှိန်နဲ့ ဝင်လာပြီး တောက်လျှောက်ကို ဒရစပ် ဝင်တိုက်သွားတယ်"ဟု ၄င်းကဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ National Heart and lung Center မှ ဝန်ထမ်းတစ်ဦး ကဆိုသည်။

အဆိုပါ ယာဉ်တိုက်မှု နှင့် ပတ်သက်၍ ရန်ကုန်ဆေးရုံ အရေးပေါ် လူနာဌာနတွင် အသေးစိတ် သတင်းထုတ်ပြန်ခြင်း မပြုဘဲ လူနာများ ရောက်ရှိလာကြောင်းကိုသာ အတည်ပြု ပြောဆိုသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management