Sunday, January 13, 2013

သာသနာ့ ဥသျှောင် အဖွဲ့ ဥက္ကဋ္ဌ ပီနန် ဆရာတော် ဘုရားကြီး ဦးပညာဝံသရဲ့ ထေရုပ္ပတ္တိ အကျဉ်း


အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်၊ သာသနာ့ ဥသျှောင် အဖွဲ့ ဥက္ကဋ္ဌ ပီနန် ဆရာတော် ဘုရားကြီး ဦးပညာဝံသရဲ့ ထေရုပ္ပတ္တိ အကျဉ်းကို "နယူးယောက်မှ ပူဇော်ခံ သက်ကြီးဝါကြီး ၉ ဦး၏ ဒေါ်အောင်ဆန်းစုကြည် (၆၃) နှစ်ပြည့် မွေးနေ့ အမှတ်တရ စကားမှတ်တမ်း" စာအုပ်ကနေ ပြန်လည် ကူးယူ လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။


ရှေ့တန်း ဝဲမှ ယာ - မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒနှင့် ပီနန် ဆရာတော် ဘုရားကြီး ဦးပညာဝံသ။
ယခုအခါ (၂ဝဝ၈ ခုနှစ်၊ ဇွန်လ) သက်တော် ၈ဝ၊ ဝါတော် ၆ဝ ရ ပီနန် ဆရာတော်ကြီးသည် ဝါးခယ်မ ဇာတိ ဖြစ်ပြီး ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီ ၁ဝ မှာ မွေးဖွားခဲ့သည်။ အသက် ၁၄ နှစ်သားတွင် ရှင်သာမဏေဘောင် ဝင်ခဲ့ပြီး၊ ၁၉၄၈ ဧပြီ ၁၆ မှာ ရဟန်းဘောင် ဝင်ခဲ့သည်။
ဝါးခယ်မ၊ ညောင်တုန်း၊ မန္ဈလေးတို့တွင် ပညာသင်ခဲ့ပြီး၊ မန္တလေး မစိုးရိမ်တိုက်မှာ ဗုဒ္ဓစာပေများကို မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒ (ကွယ်လွန်) နှင့်အတူ သင်ယူခဲ့သည်။
၁၉၅၃ ခုနှစ်၊ သက်တော် ၂၅ နှစ်မှာ ဓမ္မာစရိယ စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ကာ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံတော် အစိုးရက သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည်။
၁၉၅၃ နှစ်မှာပဲ ကိုးကိုးကျွန်း သာယာ ဖွံ့ဖြိုးရေး အစီအစဉ်အရ သာသနာပြုရန်၊ ရန်ကုန် ဗားကရာတိုက်၊ သာယာဝတီကျောင်း ဆရာတော် ဦးဝါယမနဲ့ အတူ လိုက်ပါပြီး သာသနာပြု အတွေ့အကြုံ စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ်ခန့်တွင် သီရိလင်္ကာနှင့် အက်ဒမန်က္ဆွန်း ခေါ် ကပ္ပလီက္ဆွန်းတို့သို့ ပြည်ပ သာသနာပြု အဖြစ် ခရီးစဉ် ချဲ့ ခဲ့သည်။
၁၉၇ဝ တွင် နိုင်ငံတော် အစိုးရက ပီနန်သို့ စေလွှတ်ပြီး ရှေးမြန်မာ ဘုန်းကြီးကျောင်းကို ကျောင်းထိုင်စေခဲ့ရာ ပီနန်းကျောင်းမှာ ယခုအခါ သက်တမ်း နှစ် ၂ဝဝ ရှိပြီဖြစ်သည်။ ၏
၁၉၇၉ တွင် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျဲလစ်တွင် တက္ကသိုလ် အရှေ့တိုင်း ဘာသာသင်ဌာန၌ ဗုဒ္ဓ အဘိဓမ္မာကို ပို့ချပေးခဲ့သည်။
၁၉၈၅ တွင် နိုင်ငံတကာ ဗုဒ္ဓဘာသာ သံဃာ့ အဖွဲ့ကြီးကို တည်ထောင်သည်။ လောစ့်အိန်ဂျဲလစ် (USA)၊ ဆဒ်နီ (သြစတြေးလျ)၊ ချီကာဂို (USA)၊ တိုရန်တို (ကနေဒါ)၊ ဟောင်ကောင် (တရုတ်ပြည်)၊ စင်ကာပူ၊ ကွာလာလမ်ပူ (မလေးရှား)၊ အုခ်လန် (နယူးဇီလန်)၊ ဟော်လန်၊ မဟာသန္ဈိသုခ ဗုဒ္ဓသာသနာ စင်တာ (ရန်ကုန်) တို့တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၁ဝ ကျောင်းမှာ တည်ထောင် သာသနာပြုခဲ့သည်။ ယခုအခါ (၂ဝဝ၈) သာသနာပြု သက်တမ်း နှစ် ၅ဝ ရှိခဲ့ပြီ ဖြစ်သည်။
၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာတွင် မြန်မာနိုင်ငံ၌ ရွှေဝါရောင် တော်လှန်ရေး အဖြစ် ကမ္ဘာကျော်ခဲ့သည့် သံဃာထု လှုပ်ရှားမှုတွင် ရဟန်းရှင်လူ ပြည်သူအပေါင်းကို နအဖ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းသည့် အခါ ပြည်ပ၌ ၂ဝဝ၇ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့တွင် သာသနာ့ ဥသျှောင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌ ဆရာတော် အဖြစ် တာဝန်ယူလျက် ရှိသည်။ ကွယ်လွန်သွားသည့် မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒက သာသနာ့ ဥသျှောင် ပဓာနစေရ (နာယက) ဆရာတော် အဖြစ် တာဝန်ယူခဲ့သည်။
ယခုအခါ ဆရာတော်ကြီးသည် သာသနာ့ အန္တရာယ် ကာကွယ်ရေး အတွက် ကမ္ဘာလှည့်ပြီး စည်းရုံး အားထုတ် ဆောင်ရွက်လျက် ရှိသည်။ ▪ - ¤ - ▪

 ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိများကို ရှာဖွေတွေ့ ရှိသမျှ
ပြန်လည် ဒါနပြု မျှဝေစေလိုသောရည်ရွယ်ချက်ဖြင့်... အများသူငါ သိစေရန်...တင်ပြလိုက်ရပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management