Tuesday, January 15, 2013

မွတ်ဆလင်များ အဖမ်းခံရ

မွတ်ဆလင်များ အဖမ်းခံရ


ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ  မြစ်နားရွာမှ  ရခိုင်အမျိုးသား နှစ်ဦးနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် သုံးဦးကို ယာဘားဆေးပြား များနှင့်အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက နယ်စပ်တွင် သီးခြားစီ ဖမ်းဆီးခဲ့သည်။
Teknaf-Pic-a-07-01-2013_1
မြစ်နားရွာမှ ရခိုင် ၂ဦးကို ဇန္န၀ါရီလ ၆ ရက်နေ့က ယာဘား ဆေးပြား ၄၀၀၀ နှင့် အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုမောင်စံအေး(၃၅)နှင့် မင်းကျော်(၁၈) တို့ ဖြစ်ကြသည်။
သူတို့ နှစ်ဦးအား တက်ကနက်အခြေစိုက် ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် တပ်ဖွဲ့ (BGB) အမှတ် (၄၂)မှ ဇန္န၀ါရီလ ၆ ရက် နံနက် ၇နာရီတွင် ဖမ်းဆီးခံရသည်ဟု ကော့စ်ဘဇားထုတ် သတင်းစာ များက ပြောသည်။
ယာဘာဆေးပြား ၄၀၀၀ ၏ လက်ရှိ တန်ဖိုးမှာ တာကာ တစ်ဆယ် သုံးသိန်းကျော်ဖိုး  ရှိသည်ဟု ဆိုသည်။
အလားတူ မြန်မာနိုင်ငံမှ မွတ်ဆလင် (၃) ဦးထံကိုလည်း ယာဘား ဆေးပြား ၃၀၀၀ နှင့် အတူ လွန်ခဲ့သော သောကြာနေ့က ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ချောင်ချူ အာလာန် (၂၄) နှစ်၊ အန်ဆာ အာလောင် (၂၆) နှစ်နှင့် ကာမဲလ် ဟူစိန် တို့ဖြစ်ကြပြီး မောင်တောမြို့နယ်မှ ဖြစ်ကြသည်ဟု ဇန္န၀ါရီလ ၆ ရက်နေ့စွဲဖြင့် ထုတ်ဝေသော The Independent သတင်းစာတွင် ဖေါ်ပြသည်။
သူတို့ (၃) ဦးသည် စက်လှေ တစ်စီးဖြင့် အဆိုပါ ယာဘားဆေးပြားများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ သွင်းယူလာစဉ် ဆင်မဖြူကျွန်းအနီးတွင် ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု အရှေ့ဇုံ ကမ်းခြေစောင့် တပ်ဖွဲ့ တပ်မှူး  Abu Md Akik က ပြောသည်။
ShareThis

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management