ဓမ္မဒူတ တောရကျောင်း ဆရာတော်
ဓမ္မဒူတ တောရကျောင်း ဆရာတော် (၁၉၃၄ - ၁၉၉၇)
၁။ ဘွဲ့အမည် - အရှင်ပညာဇောတ(ဓမ္မဒူတ)၂။ မိဘအမည် - ဦးတွတ် + ဒေါ်ငွေတင်
၃။ မွေးသက္ကရာဇ် - ၁၉၃၄ ခုနှစ်
၎။ မွေးဖွားရာဒေသ - ဟင်္သာတမြို့နယ်၊ လက်ပံလှ ကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ
ကိုယ်ရေးဖြစ်စဉ်
ဆရာတော် လောင်းလျာကို ဟင်္သာတမြို့နယ်၊ လက်ပံလှ ကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ၌ အဘ ဦးတွတ်၊ အမိ ဒေါ်ငွေတင်တို့က ၁၂၉၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ နံနက် ၁၀း၁၅ နာရီတွင် ဖွားမြင်သည်။ မေးချင်း ၈ ယောက်အနက် ဆဋ္ဌမမြောက် သားဖြစ်သည်။ ငယ်မည်မှာ မောင်ချစ် ဖြစ်သည်။ ၁၃၀၆ ခုနှစ်တွင် ၁၀ နှစ်သား အရွယ်မှ စ၍ ရေလဲကျေးရွာ ဆရာတော် အရှင် ဥတ္တမထံ၌ ကျောင်းသား ဘဝဖြင့် လောကနီတိ၊ ပရိတ်ကြီး၊ ရတနာရွှေချိုင့်၊ နမက္ကာရ စသော ၁၀ စောင်တွဲ ကျမ်းစာနှင့် သင်္ချာ ဘာသာတို့ကို သင်ယူခဲ့သည်။ ၁၃၀၈ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်နေ့တွင် ရေလဲကျေးရွာ စာသင်တိုက် ဆရာတော် အရှင် ဥတ္တမကို ဥပဇ႙ာယ် ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်သည်။ ဘွဲ့အမည်မှာ ရှင်ပညာဇောတ ဖြစ်သည်။ရှင်ပညာဇောတသည် သက္ကရာဇ် ၁၃၁၆ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၉း၁၅ နာရီတွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်း အောင်မင်္ဂလာသိဒ္ဓိ စာသင်တိုက်တွင် ဇေယျဝတီ ဆရာတော်ကို ဥပဇ႙ာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိသည်။ ဆရာတော်သည် ဓမ္မာစရိယတန်းနှင့် အထက် ကျမ်းစာများကို မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် အရှင် ကောဝိဒါဘိဝံသ၊ အရှင် နာရဒါဘိဝံသ၊ ပခုက္ကူမြို့ အလယ်တိုက်ကြီး ဆရာတော်တို့ထံ၌ သင်ယူခဲ့သည်။ ခေတ်ပညာများကို သံဃာ့ တက္ကသိုလ်၌ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် အရှင် သေဋ္ဌိလ၊ ဦးလှမောင်၊ ဦးဖေအောင်၊ ဦးစဝ်ထွန်းမှတ်ဝင်းတို့ထံမှ သုံးနှစ်တိုင်တိုင် သင်ယူ ခဲ့ပါသည်။
ဆရာတော်သည် အစိုးရ စာချတန်း၌ မြန်မာစာ ဂုဏ်ထူးနှင့် တကွ အောင်မြင်ခဲ့၍ 'သာသနဓမ္မ သိရီပဝရဓမ္မာစရိယ' ဘွဲ့တံဆိပ်တော် တိပိဋိကဓရ ရွေးချယ်ပွဲ၌ သုတ်ထုံးကျမ်းကို အထောက်အမ လွန်ကင်း သန့်ရှင်း စာပြန်ဆိုနိုင်ခဲ့သည်။ ထို့ကြောင့် 'ဗုဒ္ဓသာသန ဝိသီဋ္ဌဒီဃ ဘာလောက' ဘွဲ့တံဆိပ်တော် ရရှိခဲ့သည်။ ထို့အပြင် စေတီယင်္ဂဏ စာမေးပွဲ၌ သုတ်ထုံးကျမ်းကို ဖြေဆိုနိုင်ခဲ့၍ 'အဘိသိရီပဝရ သာသနာ လင်္ကာရဒီဃနိကာယဓရ' ဘွဲ့ ရရှိခဲ့သည်။ ဆရာတော်သည် တရားဟောခြင်း၊ တရားပြခြင်း၊ ကျမ်းစာ ရေးသားခြင်းနှင့် စာသင်တိုက် ရိပ်သာတို့ကို များစွာ ထူထောင်တော် မူခဲ့သည်။ ကျမ်းစာပေါင်း ၅၈ ဆူ ပြုစုတော်မူ ခဲ့ပြီး ၁၃၅၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၈ ရက်၊ နံနက် ၁း၃၃ နာရီတွင် ဘဝခန္ဓာ ချုပ်ငြိမ်းတော်မူ ရှာသည်။
ရေးသား ပြုစုတော်မူ ခဲ့ပြီးသော ကျမ်းစာများ
၁။ ဒါနဝတ္ထု ၁၉၇၀၂။ သီလဝတ္ထု -
၃။ ဗုဒ္ဓဓမ္မ ပြဿနာများ (၁) ၁၉၇၄
၎။ ဘာဝနာဝတ္ထု ၁၉၇၅
၅။ ဒေါသဖြေဖျောက်နည်း ၁၉၉၄
၆။ ဗုဒ္ဓဓမ္မ ပြဿနာများ (၂) -
၇။ ဗုဒ္ဓ၏ သက်သက်လွတ် -
၈။ ဗုဒ္ဓဓမ္မ ပြဿနာများ (၃) -
၉။ ရှင်လောင်းသင် ရှင်ကျင့်ဝတ် -
၁၀။ ဗုဒ္ဓဓမ္မ ပြဿနာများ (၄) -
၁၁။ အယူဝါဒ ရှင်းတမ်း -
၁၂။ ဗုဒ္ဓဓမ္မ ပြဿနာများ (၅) ၁၉၇၉
၁၃။ ဗုဒ္ဓဓမ္မ ပြဿနာများ (၆) -
၁၄။ ငြင်းခုန်ပွဲမှအမြတ် -
၁၅။ မွေးမေ့မေတ္တာ ၁၉၈၁
၁၆။ ဗုဒ္ဓဓမ္မ ပြဿနာများ (၇) -
၁၇။ အလှူခံ တကျိပ်လေး -
၁၈။ ဗုဒ္ဓဓမ္မ ပြဿနာများ (၈) -
၁၉။ ဓမ္မ နုပဿနာသတီဟန်ရှုပွားနည်း အချုပ် -
၂၀။ ဝေဒနာရှုပွားနည်း -
၂၁။ မီးကျီးထွင်းမှပွင့်သော ကြာ -
၂၂။ ဓမ္မန္တရာယ် ကာကွယ်ရေး -
၂၃။ ဗုဒ္ဓဓမ္မ ပြဿနာများ (၉) -
၂၄။ သာသနာ့ လမ်းစဉ် -
၂၅။ မဂ္ဂရှစ်ဖော် ယာဉ်ပျံတော် -
၂၆။ အလှူသင်တန်း -
၂၇။ အမှောင်နှင့် အလင်း -
၂၈။ မျှတမှတရားရ ၁၉၈၈
၂၉။ အနေကဇာတင်နည်း (၇) နည်း -
၃၀။ ဓာရဏပရိတ်နှင့် ဘုရားရှိခိုးများ ၁၉၉၀
၃၁။ သက်ရှင်ဆွမ်းကျွေး တရားတော် -
၃၂။ ဗုဒ္ဓဓမ္မ ပြဿနာများ (၁၀) -
၃၃။ ဓာရဏပရိတ်နှင့် ပါဋ္ဌိဖတ်နည်း ပုံသေနည်း -
၃၄။ ဝိဇ္ဇာနှင့် စရဏ ၁၉၉၂
၃၅။ မဲ့သေပြုံးသေ -
၃၆။ သောကငြိမ်းသတ် တရားမြတ် ၁၉၉၃
၃၇။ သတ်သတ်လွတ် ဆောင်းပါးများ -
၃၈။ ဒဏ်ဆယ်ပါး -
၃၉။ ဗုဒ္ဓဓမ္မ ပြဿနာများ ၁၁) -
၄၀။ အာဋ္ဌာဝက ချွတ်ခန်း ၁၉၉၆
၄၁။ မဟာဒုဂ် ရဟန္တာ ဖြစ်ခန်း ၁၉၉၅
၄၂။ ကိုယ်သာနာစေ စိတ်မနာစေနဲ့ -
၄၃။ မျောလေးမျောဝင် ကျုံပျော်မြတ်ချမ်းသာ ဘုရားသမိုင်း -
၄၄။ သင်္ခါရနှင့် လက္ခဏ -
၄၅။ ကိုယ်စောင့်တရား လေးပါး -
၄၆။ နှလုံးသွင်းမှန်မှ နိဗ္ဗာန်ရ -
၄၇။ ရှိတိုင်းသိတာ ဝိပဿနာ -
၄၈။ ဝိပဿနာ ဆိုတာ ဘာလဲ -
၄၉။ ဝိပဿနာ အလုပ်သင် ၁၉၉၄
၅၀။ ရုပ်နာမ်သံကြားရကျိုးဖလ -
၅၁။ ဗုဒ္ဓဓမ္မ ပြဿနာများ (၁၂) -
၅၂။ ဗုဒ္ဓနည်းကျ ရှင်ပြုနည်း ၁၉၉၆
၅၃။ ဆောင်းပါး ပေါင်းချုပ် (၁) -
၅၄။ ဆောင်းပါး ပေါင်းချုပ် (၂) -
၅၅။ ဆောင်းပါး ပေါင်းချုပ် (၃) -
၅၆။ ဆောင်းပါး ပေါင်းချုပ် (၄) -
၅၇။ ဓမ္မဒူတ ဆရာတော်ကြီး၏ အဆုံးအမများ -
၅၈။ အမြတ်ဆုံး လေးပါးနှင့် ပေါ်ဉာဏ်ဆုံးမှ နိဗ္ဗာန်ရ
ကိုးကား
- ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'
ပြန်လည် ဒါနပြု မျှဝေစေလိုသောရည်ရွယ်ချက်ဖြင့်... အများသူငါ သိစေရန်...တင်ပြလိုက်ရပါသည်။
0 comments:
Post a Comment