ရှေ
့အပိုင်း မှာတင်ပြထားတဲ့ ကလေးသူငယ်တွေ ကို ပြုစု ပျိုးထောင် သင့်တဲ့နည်း
လေးတွေကို လက်ခံနိုင်မယ် ထင်ပါတယ် ၊တကယ့်တော့ ကလေးငယ် တွေသာမကပဲ
လူငယ်ပိုင်း နှင့် လူလတ်ပိုင်း အရွယ်တွေ ကလည်း လေ့လာသင့်တာတွေ ကို
ဆက်လက်လေ့လာ သင့်ပါတယ် ၊၊
ဘာဖြစ်လို
့လဲဆိုတော့ ဗုဒ္ဓဘာသာ က ထူးခြားတာတွေ ရှိတယ် ။ ဘာတွေ လဲဆိုတော့ ဗုဒ္ဓ
နည်းစဉ် က နောက်ဘ၀ တွေ မှ အကျိုှး ခံစား ရရုံမဟုတ်ပါဘူး ၊လက်ရှိ ဘ၀မှာတင်
သိသင့် သိထိုက်တာတွေ ၊ လေ့လာသင့် လေ့လာ အပ်တာတွေ နှင့် တကွ ဒီဘ၀ မှာတင်
၇ရှိ ခံစား နိုင်တဲ့ အကျိုးကျေးဇူး တွေကများလွန်းနေ တဲ့အတွက်ပါပဲ။
ဒီ အပိုင်း-၂ မှာ တော်တော် များများ တင်ပြ သွားမှာပါ ။
ဗုဒ္ဓ
ဘာသာ က ယုံကြည် မူ့ သက်သက် ကိုအခြေခံ တာမဟုတ် လို့  ပါဘဲ - တင် ပြ
နိုင်တာက သဒါ ၊ ပညာ အခြေခံ ပြီး အသိနှင့် အကျင့် ကို တစ်ဖြေးဖြေး
မြင့်တင်ပေးသင့်တာပါ ။
ဒါမှ ဗုဒ္ဓဘာသာ တွေ ၇ဲ့  ပန်းတိုင် ကဘာလဲ ၊ ဘာကြောင့် ဒီပန်းတိုင် ထားသင့် တာလဲ- စတဲ့ စတဲ့အခြေခံအချက် တွေလေ့လာ သင့်ပါတယ် ။
အခု - သတိ ပဠာန် ပွား တဲ့ အတွက် ၇ရှိတဲ့ အကျိုးကျေးဇူး တွေကို ဆွေးနွေးတင် ပြချင်ပါတယ် ။
-၁ - ခန္ဓာ ကိုယ်မှာ ဖြစ်တဲ့ ကာယိကဒုက္ခတွေ ငြိမ်းချင်တယ် ၊
၂ -စိတ်မှာ ဖြစ်တဲ့ စေတသိ ကဒုက္ခ တွေ အေးငြိမ်းချင်တယ် ၊
၃ -စိတ်သန့် ရှင်းစင်ကြယ်ချင်တယ်၊
၎ - မင်္ဂ ဥာဏ် ၊ဖိုလ်ဥာဏ် ၇လိုတယ် ၊
၅ - နိဗာန်ကို မျက်မောက် ပြုချင် တယ်
- ဆို တဲ့ အကြိုးတ၇ား တွေ မျှော်လင့် ပြီး သတိပဠာန် တ၇ား တွေ အားထုတ်ကြပါ တယ် ။
(အခု
အချိုန်မှာ ဒီအကြောင်း အ၇ာတွေ ဆွေးနွေး နေပေမဲ အခုတင်ပြ တဲ့ အကျိုးတ၇ား
၅ပါး နှင့် ပတ်သက် တဲ့ အခွေ / စာအုပ်ရှာလို့ မတွေ့ ပါဘူး - လွန်ခဲ့တဲ ၃
နှစ်လောက် က သီတဂူ ဆ၇ာတော် ဘု၇ားကြီးဟောတဲ့ မဟာသတိပဠာနသုတ် (အလုပ်ပေးတရား
)ကို ပြန် ပြီး သတိ၇ပြီးတင်ပြတာပါ ၊၊
ကျွှန်တော်
တင်ပြတာ လိုအပ် ခဲ့လျှင်(စာလုံးပေါင်း မှာယွင်း နေခဲ့လျင် ၄င်း ၊စာကျန်
ခဲ့လျင် ၄င်း ကျွှန်တော် အမှတ် အားနည်းလို့  ပြည့်ပြည့် စုံစုံ
မတင်ပြနိုင်ခြင်း သာဖြစ် မှာပါ ။ပြန်လည် နာယူ လိုသူများအတွက်
ရှာနိုင်အောင်-မူ၇င်းတ၇ားအခွေက - အလုပ်ပေးတ၇ား- ပါ ။ )
တရားထိုင် ၇ခြင်း ၇ည်ရွှယ်ချက်
ကျွှန်တော်လည်း အပါအ၀င် ပါဘဲ ။တ၇ားထိုင်ဖို့ ၇ာ ၇ည်ရွှယ်ချက်ပေါင်းစုံ နှင့် တ၇ားထိုင်ဖြစ်ပါတယ။်
ခေါင်းစဉ်
မျိုးစုံတပ်ပြီး အဓိဌာန် တွေ ၀င်ဖြစ်ခဲ့ နေကြမှာပါ ။ ဘာ၇ည်၇ွှယ်
ချက်တွေကြောင့် နှင့်ပဲဖြစ်ဖြစ်တ၇ားထိုင် တော့မယ် ဆိုတာနှင့် ကျန်တာ တွေ
မေ့ ထားပြီး - စိတ်ထား ပြတ်ပြတ် သားသားနှင့် ထိုင်၇မှာပါ။
လေဖြတ်နေလို
့ ၊ ခေါင်းတစ်ခြမ်း အမြဲ ကိုက် နေလို့ ၊ နှလုံး သွေး ကြော ကျင်းလို
့၊ခါးနာ လို့ စသည် ဖြင့် ခန္ဒာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ဒုက္ခ တွေကို ကျော်လွား
ချင် နေတာတွေက နံပါတ် (၁) အကျိုးကျေးဇူးဖြစ်တဲ ကာယိက ဒုက္ခတွေ အေးငြိမ်း
ချင်တာပါဘဲ ။(ဒါ လည်း မမှားပါဘူး ၇နိုင်တဲ့ အကျိုး ကျေးဇူး ပါဘဲ ။)
အကြောင်းအမျိုးတွေ
ကြောင့် စိတ်ဆင်းရဲ မူ့ တွေကြုံတွေနေလျင်၎င်း၊အမျိုးမျိုးသော စိတ်အလို မကျ
မူ့ တွေ ၊့ လောကစည်းစိမ်တွေ၇ဖို့ ၊၇ာထူး တွေ တတ်ဖို့ ၊၇ည်၇ွှယ်ချက် တွေ
အောင် မြင်ဖို့  စသည်- စသည်ခံစားမူ့အကြောင်းအ၇ာ
များ စွာက -(၂)စေတသိက ဒုက တနည်းအား ဖြင့် စိတ်ဒုက တွေကျော် လွားဖို့  အားလုံးအကျုံးဝင် ပါတယ်။
စိတ်မှာ
ခံစားဖြစ် ပေါ်နေတဲ့ ကိစ္စ က လောကကောင်းကြိုး အတွက် တကယ့်လိုအပ်ချက်တွေ
ဖြစ်နေ၇င် ကြိုးစား ဖို့ အားတွေ၇ လာအောင် တ၇ားထိုင်ခြင်းဖြစ်
ပြည့်စုံနိုင်စေသလို -
ကိုယ်
ခံစားနေ ၇တာတွေ က တစ်ခါတစ်လေ သူများတွေ အပေါ်မှာ ဖြစ်နေတဲ့ မနာလိုစိတ် ၊
သ၀န်တိုစိတ်တွေ ဖြစ်နေ ၇င်တောင် - မိမိ ကိုယ်ကို ချက်ချင်းပြန်လည် ဆင်ခြင်
နိုင်မှာပါ ။မိမိ သဏ္ဍန်မှာ လောဘစိတ်လေးဖြစ်နေ၇င်တောင် အဲ့ဒီလောဘ စိတ်လေးကို
ချက်ခြင်း သတိထားမိလို့  လောဘလေး သတ်နိုင်လို့ အေးချမ်းမူ့ လေး ၇မှာပါ ။
(လောဘသတ်နိုင်တယ် ဆိုတာက ကျွှန်တော် တို့ ကသာမာန် ကြိုးစားနေ တဲ့ ပုတုဇဉ် ပဲ ဆိုတော့ အပြီးတိုင် ပယ်သတ်တယ်
လို့ -ပြောတာမဟုတ် ပါဘူး ၊ လောဘစိတ် ဖြစ်တဲ့ အခိုက်မှာ ချက်ချင်းသိတဲ့ အတွက် အဲဒီ လောဘစိတ်လေး
ဆက်မဖြစ် တော့ ပါဘူး -ယာယီ သဘောအားဖြစ် သာ ၇ရှိတဲ့ အေးချမ်းမူ့ လေးပါ ။)
ဆက်မဖြစ် တော့ ပါဘူး -ယာယီ သဘောအားဖြစ် သာ ၇ရှိတဲ့ အေးချမ်းမူ့ လေးပါ ။)
အဲ့ဒီလောက် လေးသိနေ ၇တာတောင် တော်တော် အေးချမ်းတယ် ဆို၇င်- တကယ့် တ၇ား အသိတွေ ကို၇ရှိနေတဲ့ ပုဂ္ဂိုလ် တွေ ဆို ပြောဖွယ်၇ာ မ၇ှိပါဘူး ။
သို့ ပေမဲ - ပထမဦးဆုံး ၇ရှိတဲ့ အကျိုးကျေးဇူး လေး ၂ခု နှင့်ပင် မကျေနပ် နေကြပါနှင့် ။
ေ၇ာဂါ
တွေချက်ခြင်းမသက်သာ သွားလို့  လဲ စိတ်ဆင်း၇ဲ မနေကြ ပါနှင့် ဘာလို
့လဲဆိုတော့ ဒီေ၇ာဂါ ဒီအချိုန် မှာဖြစ်လာတာ ကိုက ၀ိပါက ၀ဍ် ကြောင့် ဆို၇င်
အချိန်တစ်ခုအထိ ကိုယ်တိုင် ပြုခဲ ဘူးတဲ့ အကုသိုလ်ကံက-
အကြိုးပေးစ၇ာ ကျန်နေသေး၇င် တော့ ပေးဆပ်၇မှာပါဘဲ ။ချက်ချင်းကြီး သက်သာ သွားဖို့ ၇ာ မမျှော်လင့်
သင့်ပါဘူး ။ ဒါ့ အတွက်ကြောင့်လည်း ထိုင်နေတဲ့ တ၇ားကို သံသယ မ၀င် သင့်ပါဘူး ။
အကြိုးပေးစ၇ာ ကျန်နေသေး၇င် တော့ ပေးဆပ်၇မှာပါဘဲ ။ချက်ချင်းကြီး သက်သာ သွားဖို့ ၇ာ မမျှော်လင့်
သင့်ပါဘူး ။ ဒါ့ အတွက်ကြောင့်လည်း ထိုင်နေတဲ့ တ၇ားကို သံသယ မ၀င် သင့်ပါဘူး ။
တ၇ားတော် က ဥာဏ် ထက်၇င် - ၇ ရက် ၊ဥာဏ် သင့်၇င်- ၇ လ ၊ ဥာဏ် နှုံ့ ၇င်-၇ နှစ် လို့ မိန့် တော်မူ ခဲ့ပေမဲ့ -
အနှစ်
၃၀ တ၇ား ထိုင် သွားဘူးတဲ့ ၇ဟန်းတော် လည်းရှိခဲ ဖူးပါတယ် ။ဒါတင်လား ဆိုတော့
မကသေးပါဘူး-ဒီလို အားထုတ်နေစဉ် မှာ တ၇ားမ၇ တောင်မှ သေခါနည်းမှာ ကပ်ပြီး
တ၇ား၇တတ်ပါတယ် ။
မ၇
ခဲ့၇င်တောင်မှ နောက် ဘ၀ နတ်ပြည်ေ၇ာက်လျင် ဓမ္မ ကဓိကနတ်သား နှင့်တွေ့ ပြီး
တ၇ား ၇နိုင် ပါတယ် ။မ၇ ခဲ့၇င်တောင်မှ သာသနာပ ကာလမှာ ပစ္စေက ဗုဒ္ဓ ဖြစ်စေနိုင်
တယ် ၊ မဖြစ်ခဲ့ ၇င်တောင် မှာ နောက်ပွင့် တဲ့ဘု၇ားနှင့် တွေခဲလျှင် တစ်လုံး
တစ်ပါဒ မျှ နာကြား၇ရုံ နှင့် ချက်ချင်း သိမြင်တဲ့ ၇ဟန္ဒာ ကြီး ဖြစ်သွား
ပါမယ်လို့ ရဲရဲ ကြီး အာမခံ ပေးထားပါတယ် ။
ဒါကြောင့် တ၇ားအားထုတ် ဖို့ ကို အခွင့်အေ၇း ၇လျင်၇သလောက် ကြိုးစားအားထုတ် သင့်ပါတယ် ။
ကျွှန်တော် တို့  မြန်မာလူ မျိုးတော်တော် များများ လက်သုံး ပြော နေကြ စကား -အမှား တစ်ခုကို တင်ပြချင်
ပါတယ်
။ကျွှတ်ချိုန် တန်ကျွှတ် သွားမယ် ဆိုတာ ပါဘဲ ။ ကျွှတ်ချိုန် က
ကိုယ်တိုင်လုပ်၇မှာပါ ။ တစ်ခုတင်ပြပါ၇စေ ၊မြတ်စွာ ဘု၇ားခေတ် က
ဘု၇ားကျောင်းတော်မှာ ကို၇င်လေးတွေစွန့်တဲ့ ဆွမ်းကျန်ဟင်း ကျန်ကို
တောင်းစားတဲ့ သူတောင်းစား လင်မယား နှစ် ဦးကို အကြောင်းပြုပြီး
တ၇ားတစ်ပုဒ်(မြတ်စွာဘု၇ားက ) ဟောပါတယ် ။
အဲ့ဒီလင်မယား
စုံတွဲက - တစ်ဘက် ( ကုဋေ ၈၀ ) ကြွှယ်ဝ ချမ်းသာတဲ့ သူဌေးသား နှင့် သူဌေး
သမီးပါ ၊၊ ငယ်စဉ် က တည်းက အလိုလိုက်ခံထား၇တဲ့ သူဌေးလေးတွေ ဆိုတော့ ၊ ပညာ
မသင် ဘာမသင်နှင့် မိဘတွေက ငယ်စဉ် ကတည်းက ရွှေပေါ်မြတင် ထားခဲ့ကြတာပေါ့
၊၊အရွယ်ေ၇ာက် လာကြတော့ နှစ်ဘက် စပ်ပြီးပေးစားထားကြတာ ။
တစ်ဖက်
ကုဋေ ၈၀ နှစ်စု ပေါင်း ကုဋေ ၁၆၀ တစ်သက်လုံး သုံးလို့  မကုန်တော့ဘူး ပေါ့ ၊
ဒီလို နှင့် သုံးဖြုန်းလာ - လိုက်တာ ရှိသမျှ အမွှေတွေ ကုန်သွားပါတယ်
။တစ်ကယ် ကုန်သွားတာ ငွေ ဆိုပေမဲ့ -ငွေမရှိလို့  မွဲသွားတယ် -လို့ တော့ မဆို
နိုင်ဘူးပေါ့ - ဘာလို့ လဲဆိုတော့ သူဌေးသားနှင့်သူတို့ နှစ်ဦ စလုံးက
ရှေးဘ၀ကံ ကြောင့် - ဒီင်္ဘ၀ မှာချမ်းသာ တဲ့ မိဘတွေ ထံမှာ လာဝင်စားပေမဲ့- ဒီဘဝ
မှာ သိသင့်သိအပ်ပြုသင့် ပြုအပ်တာတွေ မပြုခဲ့တဲ့ အတွက် -ေ၇ရှည် ဘ၀လမ်းကို
အောင်မြင်အောင် မလျှောက်လှမ်း နိုင်ခဲ့ပါဘူး ။
ဘ၀ နှင့် ပတ်သက်တဲ့ အသိတွေ ၊ အကျင့်တွေ မရှိခဲ့ တာပါ ။
မြတ်စွာ
ဘု၇ား ကသူတို့  နှစ်ဦး အကြောင်း နှင့် ပတ်သက်ပြီး ဟော ကြားထားတာ ကိုကြည့်
၇င် ပို စဉ်းစားနိုင်ကြမှာပါ ။ တကယ်တော့ သူတို့ နှစ်ဦး စလုံး ပထမ
အရွှယ်မှာ စီးပွားရှာခဲ့၇င်- ပထမတန်းစား သူဌေးကြီးတွေဖြစ်ပြီး-
တ၇ားရှာခဲ့၇င်လည်း -၇ဟနာ ဖြစ်ကြ မှာပါ ။ပထမအရွှယ်မှာဘာမှ မစခဲ့၇လို့  -
ဒုတိယ အရွှယ်မှာစီပွား ရှာခဲ့ မယ်ဆို၇င်လည်း - ဒုတိယတန်းစား သူဌေးကြီး ဖြစ်
နိုင်ပြီး -တ၇ားရှာခဲ့ ၇င်လည်း အနာဂမ် တော့တည် အုံးမှာပါ ။
ဒုတိယ
အရွယ်မှာ လည်းမစ ခဲ့ ၇လို့  - တတိယ အရွှယ်ေ၇ာက် မှ တရားရှာခဲ့
မယ်ဆို၇င်တောင် သောတာပန်တည်ပြီး စီးပွားရှာ ခဲ့မယ် ဆို၇င် လည်း - တတိယ
တန်းစား သူဌေးကြီးတော့ ဖြစ် အုံး မှာပါ ။အခုတော့ ပထမ အရွှယ် ၊ ဒုတိယ အရွှယ်
နှင့် တတိယ အရွှယ် -အရွယ် သုံးပါး လုံး ဘာမှ မလုပ်ခဲ့ တော့အရွှယ်လွန် ချိုန်
မှာ သူတောင်းစား ဖြစ်သွား ပါတယ် ။
-
သူတို့ မှာ သောတာပန်ကအစပြု ပြီး -အရဟန္ဒ မဂ် ဖိုလ်တိုင် ၇စေ နိုင်တဲ့ပါရမီက
ပါလာပြီးသားပါ ။ ဒီလောက် မြင့်မြတ်တဲ့ တိဟိတ် ပရိသန္ဓေ ကိုရရှိ ခဲ့ပေ- မဲ့
ဒီဘ၀ မှာ မိမိကိုယ်တိုင် ကြိုးစားသင့်တာကို မကြိုးစား ခဲ့လို့ -
အတိတ်ဘ၀က ပေးခဲ့ တဲ့ ကံစွမ်းတွေက မဆက်စပ် နိုင်တော့်ဘဲ -အဟောသိကံဖြစ်ကုန်တာပါ။
အတိတ်ဘ၀က ပေးခဲ့ တဲ့ ကံစွမ်းတွေက မဆက်စပ် နိုင်တော့်ဘဲ -အဟောသိကံဖြစ်ကုန်တာပါ။
အဓိက
ပြောခြင် တာက - တရား၇ဖို့  ပါရမီ တွေ ပြည့်ဝနေ ပါတယ် ဆိုတဲ့ -ကုဋေ ၈၀
သူဌေး သားတောင် မြတ်စွာ ဘု၇ားခေတ်မှာ ဘာမှ မလုပ် လို့  သူတောင်းစား
ဖြစ်သွားသေးတယ် နော် ။ သတိပြု စ၇ာပါ ။
အဲ့တာကြောင့်
ပေါ့ပေါ့ လေးတွေးပြီး ဘာမျှ မလုပ် ဘဲ - ကျွှတ်ချိုန် တန် ကျွှတ် သွာမယ်လို
့ရပ်ကွက် ထဲ ပြောဟော နေကြတာတွေ တွေ့ နေ၇လို့  စိတ်မကောင်းဖြစ်မိပါတယ် ။
သူတို
့ ပြောတဲ့သူ ကို ကြည့်တော့ လည်း တစ်သက် လုံး အရက်သောက် ၊ ဖဲရိုက် ၊
မကောင်းတာ အကုန် လုပ်ခဲ့ တဲ့လူ- သူကအသက်တော်တော် ရလာတော့ ကိုယ်ခနာ ကေ၇ာဂါ
ဒဏ်ခံ နိုင်ရည် ကျလာတယ် ။
တစ်သက်လုံး
မိုက်ခဲ့ တဲ့လူက သူ့ အကြောင်းသူ သိတော့ ဆက်မလုပ်တော့ ပဲ -လိမာ လာသယောင်
ဘုရားကု ကုတော့ တာပဲ -တကယ်တော့ သူက အ၇က်မသောက် ချင်လို့ မသောက်တော့တာ
မဟုတ်ဘူး -ဆက်သောက်၇င် သက်ဆိုး မရှည်မှာ ဆိုးလို
့မဖြတ်ချင်ဖြတ်ချင်နှင့် ဖြတ်တာပါ ။
့မဖြတ်ချင်ဖြတ်ချင်နှင့် ဖြတ်တာပါ ။
ဒါတောင်
အပေါင်းအသင်းဟောင်းတွေ နှင့်မဆုံ ပါမှပါ။ တစ်သက်လုံး လုပ်ချင်တာ
တွေလုပ်ခဲ့ ပြီး သေဖို့ ကြုံခါနီးပါ မှ ဘုန်းကြီးကျောင်းနား သွားနေတာ -
စဉ်းစားကြည့် ကြပါ ။ မဖြစ်နိုင်ဘူး လို့ တစ် တစ်ချ ကြီး မပြော ၀ံ့ပါဘူး ။
ဒါပေမဲ့တစ်သက်လုံး
သူ့ စိတ်က ဘာတွေ အဖြစ်များနေ တာလဲ - ဘ၀ အချိုန် ကုန်ခါနီး ပါမှ သီလ
လေးလောက်ယူ ပြီးသေသွာ၇င် - ဘယ် စိတ် -ဘယ်ကံ တွေ က သူ့ ကိုအကျိုးပေး
နိုင်သလဲ ၊ တစ်သက်လုံး အဖြစ်များခဲ့တဲ့ ကာယဒုစရှိက် -၃ ပါး ၊ ၀စီ ဒုစရိုက်
-၄ ပါး ၊မနှော ဒုစရိုက်- ၃ ပါး ကအကျိုးပေး ဖို့ စောင့်နေ ပါလိမ်မယ် ။
တစ်သက်
လုံး၇ပ်ကွက် ကိုအော်ဆဲ နေတဲ့ သူ က အရက်မသောက် တော့ တာလောက် ကို
ကျွှတ်ချိန်တန် တယ်ဆို ပြီး ဂုဏ်ယူနေကြတာ သေသေခြာခြာတွေး မိ၇င်တော့
ရှက်စရာပါ ။ သူများတွေပြောနေကြတာ က (နိဗ္ဗာန်သိမြင်လို့ ) သံတ၇ာ ၀ဋ်
ကကျွှတ်လွတ်တာကို သုံးနေ တဲ့ စကား ကို - ၇ပ်ကွက်ထဲ တစ်သက် လုံးမိုက်ခဲ့ တဲ့
အ၇က် သမား အ၇က်မသောက်တော့ တာ နှင့် နှိင်းယှဉ် ကြသေးတယ် ။
မနှိင်းယှဉ်ကောင်း တာတွေ ပါ ။
ဆက်လက်တင်ပြပါမည်
(ရွှင်လန်းချမ်းမြေ့  ပါစေ )
ကျော်မင်းဦး
0 comments:
Post a Comment