ကျေးဇူးရှင်လယ်တီဆရာတော်၏ အဆုံးအမဆောင်ပုဒ်များ
တနေကွယ် သေနယ်သို့တခါကူး
မေ့လျော့ကာသေဘူးထင်နဲ့
နေကွယ်တာအကြိမ်များလျှင်
သေနယ်ရွာတစ်ကြိမ်သွားရမယ်
တားမရဘူး။ ။
မေ့လျော့ကာသေဘူးထင်နဲ့
နေကွယ်တာအကြိမ်များလျှင်
သေနယ်ရွာတစ်ကြိမ်သွားရမယ်
တားမရဘူး။ ။
လယ်တီဆရာတော်ဘုရားကြီး
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
လယ်တီဆရာတော်ဘုရားကြီး
တပိုင်းကြောင် ကျက်စာရရုံနဲ့..
ခက်ပါလှ သဘောဥာဏ်
တက်မာန အပြောသန်တယ်
ဒေါသမာန် ထူပွား။
စောဒက တုဖက်လာလျှင်
သူ့ထက်ငါ ငြင်းတဲ့ လူစား။
ဘုရားဟော မြတ်ဓမ္မခဏ်ကို
တတ်လေဟန် ယောင်ဝါး။
ပရမတ်ပြန် အကြောင်သမားတွေတို့
ထောင်လွှားကြ လူ့ဘောင်။
စောဒနာ ဥာဏ်အကောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင်
ငြင်းကြ လူ့ဘောင်။
ပိဋကတ် အစွယ်ထောင်လျှင်
အပါယ်ဘောင် ဆင်းရလိမ့် လေး...။
ခက်ပါလှ သဘောဥာဏ်
တက်မာန အပြောသန်တယ်
ဒေါသမာန် ထူပွား။
စောဒက တုဖက်လာလျှင်
သူ့ထက်ငါ ငြင်းတဲ့ လူစား။
ဘုရားဟော မြတ်ဓမ္မခဏ်ကို
တတ်လေဟန် ယောင်ဝါး။
ပရမတ်ပြန် အကြောင်သမားတွေတို့
ထောင်လွှားကြ လူ့ဘောင်။
စောဒနာ ဥာဏ်အကောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင်
ငြင်းကြ လူ့ဘောင်။
ပိဋကတ် အစွယ်ထောင်လျှင်
အပါယ်ဘောင် ဆင်းရလိမ့် လေး...။
လယ်တီဆရာတော်ဘုရားကြီး
သာသနာ နောက်ဖျား..
ပေါက်ဖွားကြ ဆူဆူ
ယောက်ျားပ ငါလိုလူ..
ဇမ္ဗူမှာ ရှာစမ်း.။
အားလုံ့လ အလံထူ
စံမတူ ထိုးတော့ဥဒါန်း။
လောကီမှု ပဒေသာ
ထွေတလာ ဥာဏ်ဆန်း။
ကေသရာ ဥာဏ်အစွမ်းဟာမို့
ဈာန်လမ်းကို အပြီးတိုင်။
ဝသီဘော်အစုံငါး..
အကုန်သား.. စိုးရပိုင်နိုင်။
ဗြဟ္မာ့အောက်ထက် မိုးခရိုင်မှာ
တန်ခိုးမြိုင်မြိုင် အောင်လံစိုက်လို့
စံလိုက်မယ့်ပ အကျော်
ငြီးဘူး ပျော်ပျော်.။
မိတေးသခင့် အောင်ပွဲတော်မှာ
ပေါက်ဖွားကြ ဆူဆူ
ယောက်ျားပ ငါလိုလူ..
ဇမ္ဗူမှာ ရှာစမ်း.။
အားလုံ့လ အလံထူ
စံမတူ ထိုးတော့ဥဒါန်း။
လောကီမှု ပဒေသာ
ထွေတလာ ဥာဏ်ဆန်း။
ကေသရာ ဥာဏ်အစွမ်းဟာမို့
ဈာန်လမ်းကို အပြီးတိုင်။
ဝသီဘော်အစုံငါး..
အကုန်သား.. စိုးရပိုင်နိုင်။
ဗြဟ္မာ့အောက်ထက် မိုးခရိုင်မှာ
တန်ခိုးမြိုင်မြိုင် အောင်လံစိုက်လို့
စံလိုက်မယ့်ပ အကျော်
ငြီးဘူး ပျော်ပျော်.။
မိတေးသခင့် အောင်ပွဲတော်မှာ
နောင်ရဲအမော် လုပ်စမ်းမယ်ပ.. လေး။
လယ်တီဆရာတော်ဘုရားကြီး
“ဗိုလ်ကုန်းဆရာတော်ရေ .. တပည့်တော်နဲ့ တကွ သတ္တဝါတွေဟာ ကိုယ့်အသိလေးကို
တယ်ပြီး ထင်တတ်ကြတယ်။ ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့
စတဲ့နေ့ပဲ”
“စာချဘုန်းကြီး ဘဝတုန်းက အနက်အဓိပ္ပာယ် သိနေတဲ့ နမောတဿ ဟာ သစ်ပင်အောက် ရောက်တဲ့အခါမှာ ရယ်စရာဖြစ်နေတယ်။ ဟိုးတုန်းက အနက်ထင်ကြတာက အလုပ်ဖြစ်အောင် ထင်တာမဟုတ်ဘူး၊ ဟောပြောပို့ချလို့ ရရုံလေးပဲ၊ ဆားဟာငန်တဲ့အရာလို့ ပြောလို့ ရရုံပဲ။ ပူငန်၊ အေးငန်၊ ချိုငန်၊ ခါးငန်၊ ပေါ့ငန်၊ လေးငန် ဆိုတာတွေ ဘာမှ မသိဘူး”
“စာချဘုန်းကြီး ဘဝတုန်းက အနက်အဓိပ္ပာယ် သိနေတဲ့ နမောတဿ ဟာ သစ်ပင်အောက် ရောက်တဲ့အခါမှာ ရယ်စရာဖြစ်နေတယ်။ ဟိုးတုန်းက အနက်ထင်ကြတာက အလုပ်ဖြစ်အောင် ထင်တာမဟုတ်ဘူး၊ ဟောပြောပို့ချလို့ ရရုံလေးပဲ၊ ဆားဟာငန်တဲ့အရာလို့ ပြောလို့ ရရုံပဲ။ ပူငန်၊ အေးငန်၊ ချိုငန်၊ ခါးငန်၊ ပေါ့ငန်၊ လေးငန် ဆိုတာတွေ ဘာမှ မသိဘူး”
လယ်တီဆရာတော်ဘုရားကြီး
မိုက်မလင်းနိုင်လို့၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မှီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေကုန်မျှော ပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့၊ ရဟတ်ဗွေ။
ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံမှီခုခေတ်၊ မြန်ခင်းဇမ္ဗူ၊ မှန်ကင်းငယ်ထူ၊ လူ့ထက်လူဖြစ်ပါလျက်၊ အနှစ်ကယ်မနွယ်၊ အကာတောမှာ ဗျာမောကျယ်လို့၊ အကယ်ယောင်ယောင်၊ အမြင်မဖြောင့်၊ အဥာဉ်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းခေါင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊ အလိုက်ကယ်ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွေ့ငယ်ချီ၊ တိထီဆန်းဆုတ်၊ ရတုအစဉ်၊ လုလု ငယ်နှင်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ကယ်ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာကြွေတော့တယ်၊ အသေသတ်လက်မရွံ့ကို၊ အသက်ခွန်ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီဖြေကာ စောင့်ရှာကြ၊ စိုးနှောင့်သင်္ချေ။
သို့ပါမူလဲ၊ ပူနွယ် ဆွေးနွယ်၊ အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်၊ အစမမြင် ဘ၀လျဉ်၊ အစဉ်ငတ်ဟာမို့၊ မသတ်ကယ် အာသာ၊ အာရုံဓမ္မ ပြာပုံမွမှာ၊ ရသရှာလျက်၊ ငါတလူလူ ပမာမူ၊ ရွာသူတို့ဝက်၊ အစာများထူ၊ အသားလူ၊ ဆူလေလေ ခက်ပါလျက်၊ ရမ္မက်ကယ်မာန်၊ သူ့အသင်းမှာ သူမင်းဘဲထင်လိုက်လို့၊ ရွှင်နိုင်မျှ ၀က်သဏ္ဍာန်လို၊ အချက်မှန်ပေါ် မလင်းစေဘို့၊ ဖော်သင်းရွေ၊ မိတ်သင်ယှက်သည့်ပြင်၊ ခင်မက်ဘွယ်၊ အရံ အစုံ။
ငါတစ်လုံးနယ်၊ အနှုန်းငယ်ကျယ်၊ သုံးသွယ်မြုံသိုက်၊ ဘုံတလှိုက်မှာ၊ တုန်ရိုက်ကယ် ဆူညံ၊ မြူမချန်-ပူလျှံတောက်ညီး၊ အမြဲစတေ မစဲချွေ၊ အသေမီးတဲ့၊ အပြီးငယ်ကုန်စင်၊ ဘုံတခွင်ကို၊ အတွင်လောင်မြိုက်၊ အပြောင် တိုက်လို့၊ အမိုက်ကယ် ၀ဋ်နွယ်၊ အဖြစ်မစဲ၊ သစ်သစ်လဲ၊ သဲသဲကြွယ်လည်း၊ အကယ်မလောက်၊ သူကသာ မောက်တော့၊ နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တစ်ခုသာဝင်ကြရ၊ သင်္ခတရုပ်နာမ်ငယ်၊ အဟုတ်ဥာဏ် မတင်စီး နိုင်ရ၊ သည်မီးတာ ဘယ်တစ်ကိန်းမှာမှ၊ ငြိမ်းပါ့မယ်လို့။
လယ်တီဆရာတော်ဘုရားကြီး
0 comments:
Post a Comment