Sunday, January 13, 2013

စကြိုသူမြတ် ဆရာတော်


စကြိုသူမြတ်သည် အင်းဝခေတ်ဘုရင် မင်းခေါင်လက်ထက် သက္ကရာဇ် ၇၆၆ တွင် မွန်ဘုရင် ရာဇာဓိရာဇ် အင်းဝသို့ ပထမအကြိမ် လာရောက် တိုက်ခိုက်ရာ နှစ်ဦးနှစ်ဘက် ဓါးမကျိုး ၊ လှံမကျိုးစေဘဲ ပြေငြိမ်းမှုရအောင် ဆောင်ရွက်ပေးခဲ့သော ရဟန်းတစ်ပါး ဖြစ်သည်။ သမိုင်း စာအုပ်များ၌ ပင်းယ စကြိုသူမြတ်ဟု၎င်း ၊ ပန်းယစကြိုသူမြတ်ဟု၎င်း ၊ ပန်းယသူကြိုဟု၎င်း အမျိုးမျိုး ရေးသားကြသည်ကို တွေ့ရသည်။ စကြိုသူမြတ်၏ ဘွဲ့တော်မှာ ရှင်ဇောတယန္တ ဖြစ်သည်။ စလေမြို့ အရှင်မဟာယသ ၏ တပည့်ဖြစ်၍ ရှင်ပင်စွယ်ကြို ကျောင်းတိုက်တွင် သီတင်းသုံးသည်။ မင်းကြီးစွာစော်ကဲ လက်ထက်တွင် မြို့လှမြို့စား ပင့်ခဲ့သဖြင့် အင်းဝသို့ ရောက်လာခဲ့သည်။

ရာဇဓိရာဇ်နှင့် စကြိုသူမြတ်

သက္ကရာဇ် ၇၆၆ တွင် မွန်ဘုရင် ရာဇာဓိရာဇ် သည် လှေကြီးလှေငယ် လေးထောင် ၊ ဗိုလ်တစ်သိန်းခြောက်သောင်းဖြင့် ရေကြောင်းဖြင့် ချီတက်လာပြီး စစ်ကိုင်း ၊ ရေ၀န်းတွင် တပ်ချ၍ နေလေသည်။ ဘုရင်မင်းခေါင်လည်း ဆရာတော် ရဟန်းသံဃာနှင့် မင်းမှူးမတ်တို့ကို ပင့်ခေါ်၍ မည်သို့ ပြုရမည်ကို တိုင်ပင်လေသည်။ မည်သည့် ဆရာတော် ၊ သံဃာတော် ၊ မှူးကြီးမတ်ရာမျှ မည်သို့မျှ မလျှောက်တင်ပဲ ဆိတ်ဆိတ်သာ နေကြလေသည်။ ထိုအခါ သက်တော် (၃၁) နှစ် ၊ ၀ါတော် (၂၁) ၀ါမျှသာ ရှိသေးသော စကြိုသူမြတ်က “ မွန်မင်း ရာဇာဓိရာဇ်ကို မဆိုထားနှင့်ဦး ၊ ဇမ္ဗူဒိပ်မြေပြင်ဝယ်ရှိသော မင်းအပေါင်းတို့ လာရောက်သော်လည်း နှုတ်ရေးဖြင့် ပြန်လေအောင် ငါစွမ်းဆောင်နိုင်၏ ” ဆိုလေရာ ဘုရင်မင်းခေါင်လည်း အားရတော်မူ၍ ဆောင်ရွက်ရန် တောင်းပန်လေသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management