အပြင်၃၇မင်း
အောက်ပါ အပြင် ၃၇ မင်းနတ်များမှာ မြ၀တီ မင်းကြီး၏ မှတ်စု စာရင်း ဖြစ်ပါသည်။ မူကွဲများလည်း ရှိကြပါသည်။- သိကြားမင်း (သက္ကမင်း)
- မဟာဂီရိနတ် (မောင်တင့်တယ်)
- နှမတော် မမြတ်လှ (မောင်တင့်တယ်၏ နှမတော်)(မိဖုရား စောမယ်ယာ)
- ရွှေနဘေနတ် (မင်းတုန်းမြို့သူ ၊ မောင်တင့်တယ်၏ဇနီး)(နဂါးမယ်တော်)
- သုံးပန်လှနတ် (မောင်တင့်တယ်၏ နှမ၊(ဥက္ကလာပ မိဖုရား) မနှဲလေး၏ မိခင်)
- ရွှေနှဲမိ (ခေါ်) မနှဲလေး (သုံးပန်လှနတ်၏ သမီး)
- တောင်မကြီး ရှင်ညို (ရွှေနဘေ၏ သား)
- မြောက်မင်း ရှင်ဖြူ (ရွှေနဘေ၏ သား)
- ထီးဖြူဆောင်းနတ် (အနော်ရထာ၏ ခမည်းတော် ကွမ်းဆော်မင်း )ကွမ်းဆော်ကြောင်ဖြူ
- ထီးဖြူဆောင်း မယ်တော်နတ် (ကွမ်းဆော်မင်း၏ မယ်တော်)
- ပရိမ္မရှင်မင်းခေါင် (ကွမ်းဆော်မင်း၏ သား)
- ရွှေဖျင်းကြီး (တောင်ပြုံးမင်းကြီး)(ပတိတ်ခရား၏သား) ဗျတ္တ၏သား
- ရွှေဖျင်းငယ် (တောင်ပြုံးမင်းလေး)(ပတိတ်ခရား၏သား) ဗျတ္တ၏သား
- မန္တလေး ဘိုးတော် (ရွှေဖျင်းညီနောင်ကို ပြုစု မွေးမြူခဲ့သူ)
- ရှင်ကွ (မန္တလေး ဘိုးတော်၏ နှမ)
- ညောင်ချင်းအို ( သထုံမနူဟာမင်း၏ အနွယ် )(ခြေတိုလက်တို ညောင်ချင်းအိုနတ်)
- မင်းစည်သူ အလောင်းစည်သူ (၄၇၃-၅၂၉)
- မင်းသား-ဒန်းမောင်ရှင် (အလောင်းစည်သူမင်း၏ သားတော်၊ ဒန်းစီးယင်း ပြုတ်ကျ၍ သေသည်။)
- ကျော်စွာနတ် (တောင်ခြေရင်းဝါခင်းစောင့်သည့် အောင်ကျော်(ခေါ်) မိုးခေါ်ကျော်စွာနတ်)
- အောင်စွာမကြီး ( ပုဂံ နရပတိမင်း၏ အမတ် ငအောင်စွာ )
- ရွှေစစ်သင်နတ် ( ပုဂံ စောမွန်နစ်မင်း၏ သား)
- မယ်တော် ရွှေစကား (ပုဂံ စောမွန်နစ်မင်း၏ မိဘုရား)
- ငါးစီးရှင် (ပင်းယသီဟသူ၏ သား ) ငါးစီးရှင်ကျော်စွာ
- မင်းတရားနတ် ( အင်းဝမင်းခေါင်၏ နောင်တော် တရဖျားမင်း)
- မောင်ပိုးတူ (ကုန်ကူးသန်းရောင်းဝယ်ရေးအတွက်နတ်)
- အနောက်မိဖုရား ( အင်းဝ မင်းခေါင်၏ အနောက်ဆောင်မိဘုရား)
- အောင်ပင်လယ် ဆင်ဖြူရှင်နတ် ( သီဟသူမင်း)
- ရှင်ကုန်း (အောင်ပင်လယ် ဆင်ဖြူရှင်နတ် ၏ ကိုယ်လုပ်တော်)
- ရွှေနော်ရထာ ( အင်းဝ ဒုတိယမင်းခေါင်၏ မြေး)
- မင်းရဲအောင်တင် (သာလွန်မင်း)
- မောင်မင်းဖြူ ( အင်းဝခေတ်မှ ဘုရင့်သားတော် )
- ရှင်တော်နတ်
- တပင်ရွှေထီးနတ်
- မြောက်ဘက်ရှင်မ ( တပင်ရွှေထီး၏ အထိန်းတော်)
- တောင်ငူရှင်မင်းခေါင် ( မြောက်ဘက်ရှင်မ နှင့် မင်းရဲသိင်္ခသူ တို့၏သား)
- သံတော်ခံ
- ယွန်းဘုရင် ( ဇင်းမယ်ဘုရင် ဗြသံ)
- ၀န်ကြီး ပဒေသရာဇာ ပြုစုထားသည့် စာရင်းနှင့် မတူပေ။ (၁၈)ယောက်ပဲ တူသည်။ (၁၉)ယောက်မတူ။
0 comments:
Post a Comment