အမျိုးသမီးများ အကာအကွယ်ရဖို့ ၊ အမှားတွေကို ပြင်ဆင်ဖို့ ၊ အခက်အခဲများမှ လွတ်မြောက်ဖို့ ၊ ငွေကြေးလာဘ်ရွှင်ဖို့ ၊ ကျန်းမာရေးကောင်းဖို့


ဒီစမတော်ကတော့ စွန့်စားရသောအခါများ၌ ပုဂ္ဂိုလ်ထူးအား တိုင်တယ်၍ ထွန်းရ သော စမတော် ဖြစ်ပါတယ်။ နောက်ပြီး အမှားအယွင်းများကို ကိုယ့်ဘက်က ပြင်ဆင်လိုတဲ့ အခါမျိုးတွေမှာလည်း အသုံး ပြုပါတယ်။ ဥပမာ ကိစ္စတစ်ခုကို ကိုယ်က စွန့်စားပြီး လုပ်ရတော့မယ်။ အောင်မြင်မယ်။ မအောင်မြင်ဘူး ။ မသေချာဘူး။ အဲဒီလို အခါမျိုးတွေမှာ အသုံးပြုပါတယ်။ အိမ်ထောင်ရေး ၊ စီးပွားရေး ဘာကိစ္စတွေမှာပဲ ဖြစ်ဖြစ် စွန့်စားရမယ်ဆိုရင် အသုံးပြုပေါ့နော်။ နောက်ပြီး ကိုယ်က ကိစ္စတစ်ခုကို အမှားပြုမိတယ်။ အဲဒါကို ကိုယ်က ပြန်လည် ပြင်ဆင်လိုတယ်။ အဲဒီလို အခါမျိုးတွေမှာလည်း တစ်ဖက်လူ လက်ခံအောင် အသုံးပြုလို့ ရပါတယ်။



အသုံးပြုပုံကတော့ ( အထက်ပါ အင်းစမတော်ကို ပရင့်ထုပ်ပါ။ ဖယောင်းတိုင်တွင် ပတ်ပါ။ အောက်ဖက်မှာ ကြွေပုဂံ ခံထားပြီး မီးထွန်း ဆုတောင်းပါ။)
0 comments:
Post a Comment