Sunday, March 10, 2013

၂၀၁၂ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်း ထုတ်ပြန်

၂၀၁၂ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်း ထုတ်ပြန်


 တိုကျိုတက္ကသိုလ်ပုံ
ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ Times Higher Education အဖွဲ့ကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို မကြာခင်က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ပညာရှင် ၁၇၅၅၄ ဦးနဲ့အတူ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ စစ်တမ်းနဲ့ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
ထုံးစံအတိုင်း ထိပ်ဆုံး တက္ကသိုလ် ၁၀၀ မှာ အမေရိကန် တက္ကသိုလ်တွေ အများဆုံးပါဝင်ပြီး၊ ဒုတိယ အများဆုံးက အင်္ဂလန်တက္ကသိုလ်တွေပါပဲ။ ထူးခြားမှုက ဒီနှစ်မှာ အာရှတက္ကသိုလ် တော်တော်များများ ရှေ့တန်းတက်လာခြင်း ဖြစ်ပါတယ်။
အမေရိကန်တက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ်က (၁)၊ MIT က (၂)၊ စတန်းဖို့ဒ်က (၄)၊ ဘာကလေ (၅)၊ ပရင်စတန် (၇)၊ ယေးလ် က (၁၀) ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ကိန်းဘရစ်က နံပါတ် (၃) မှာရှိပြီး၊ အော့စ်ဖိုဒ့် (၄) မှာရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်တက္ကသိုလ်တော်တော်များများ မနှစ်က အဆင့်ထက် အနည်းငယ်စီ ပြုတ်ကျသွားပါတယ်။
တက္ကသိုလ် ၁၀၀ စာရင်းမှာ ဂျပန်တက္ကသိုလ် ၅ ခု ပါဝင်ပြီး၊ တိုကျို တက္ကသိုလ်က မနှစ်က နံပါတ် (၈) နေရာကို ဆက်ထိန်းထားပါတယ်။ နယ်သာလန် တက္ကသိုလ် ၅ ခုလည်း ၁၀၀ စာရင်းမှာ ပါဝင်ပါတယ်။
တရုတ်က စင်ဝှာ တက္ကသိုလ်က မနှစ်က အဆင့် (၃၅) ကနေ ဒီနှစ် အဆင့် (၃၀) ကို တက်လာပါတယ်။ ပီကင်း တက္ကသိုလ်က အဆင့် (၄၃) ကနေ (၃၈) ကို တက်လာပါတယ်။ ဟောင်ကောင်တက္ကသိုလ်က အဆင့် (၄၂) ကနေ ဒီနှစ် (၃၉) ကို ရောက်လာပါတယ်။
စင်္ကာပူအမျိုးသား တက္ကသိုလ်က မနှစ်က အဆင့် (၂၇) ကနေ၊ ဒီနှစ် (၂၃) နေရာကို ရောက်လာပါတယ်။
ချုပ်ပြောရရင် ကမ္ဘာ့ပညာရေးဟာ အပြိုင်အဆိုင်ဖြစ်နေသလို၊ တက္ကသိုလ်ကြီးတွေဟာလည်း ထိပ်ဆုံးနေရာကို တစ်နှစ်ထက် တစ်နှစ် အပြိုင်လုနေကြပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ် ၁၅၉ ခုကတော့ တစ်ခုချင်းစီမှာ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တောင် မရှိသေးတဲ့အတွက်၊ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၄၀၀) အဆင့်ဝင်ဖို့တောင် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။


ဝင့်ထန်း

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management