ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )
တွေကို ဖော်ထုတ်ဖို့ မေ့လျှော့သလို ဖြစ်သွားတဲ့အတွက် ( အမှန်တော့ စိတ်ထဲမှာ အမြဲတမ်းရှိပါတယ် ) တောင်း
ပန်ပါတယ်ခင်ဗျာ ။ အခုရေးပြီးအပိုင်းဆက် အနေနဲ့ တင်ပေးသွားပါ့မယ် ။ အရင်အပိုင်းဆက် လေးက များသွားတဲ့အတွက် နောက်ကျသွားတာပါခင်ဗျ ။ ခွင့်လွှတ်ကြပါကုန် သယ်ရင်းတို့ ။ )
ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )
မြန်မာတဲ့... ကမ္ဘာပေါ်မှာ အလှအပတရားတွေ စုဝေးတဲ့နေရာ ။ မေတ္တာတရားတွေ ထုံမွှမ်းတဲ့နေရာ.. ။ ဒီရွှေနိုင်ငံ
ထဲမှာ ကမ္ဘာကအသိအမှတ်ပြုတဲ့ နေရာတွေ အများကြီးရှိပါတယ် ။ လူတွေပြုပြင် ဖန်တီးထားတာမဟုတ်ပဲ သဘာဝ အလှအပတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ကဲသင်တို့ရဲ့စိတ် အာရုံတွေကို ခဏတာလွှတ်ထားလိုက်ပါ ။ ရင်ခုန်ယစ်မှုးဖွယ် အလှအပတွေကို ခံစားကြည့်ကြပါစို့ ။
ရန်ကုန်မြို့ညမြင်ကွင်း

ရန်ကုန်မြို့ရဲ့ည
မြင်ကွင်းဖြစ်ပါတယ် ။ ကန်တော်ကြီး ပန်းခြံကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ် ။
အရမ်းကိုလှပပြီးတော့အချိန်ကလည်း အလှဆုံးအချိန်ဖြစ်ပါတယ် ။ ပတ်ဝန်းကျင်ကတော့
လုံးဝကြီး အမှောင်မကျ သေးပါဘူး ။
အင်းလေးနဲ့ရန်ကုန်မြို့ နေ၀င်ချိန်အလှ
အင်းလေးနဲ့ရန်ကုန်မြို့ နေ၀င်ချိန်အလှ

ရွှေမြန်မာနိုင်ငံရဲ့
အရမ်းကိုလှပတဲ့ သဘာဝတရားပြယုဉ် တစ်ခုဖြစ်ပါတယ် ။ ပထမပုံကတော့ အင်းလေးဒေသ
ပတ်ဝန်းကျင်ရဲ့ နေ၀င်ချိန် ဖြစ်ပါတယ် ။ ဒုတိယပုံကတော့ ရန်ကုန်မြစ်ကြီးရဲ့
ဆည်းဆာနေ၀င်ချိန် အလှတရား တစ်ခုပါ ။ ဒီလိုအချိန်မျိုးနဲ့ ဒီလိုအလှ အပတရား
တွေကို တပြိုင်တည်းကြုံ တွေ့ရဖို့ဆိုတာ အရမ်းကိုခက်ခဲလှပါတယ် ။
သင်ရောဘယ်လိုထင်ပါသလဲ ။ ဆက်လက်ပြီးအံ့မခမ်းဖွယ် အလှအပတွေကို
ခံစားကြည့်ကြပါအုန်းစို့။
ဦးပိန်တံတား

ရှမ်းပြည်နယ်မှ အင်းလေးကန်

ဦးပိန်တံတား

ကဲဒီနေရာကို
မလှပါဘူးဟု မည်သို့သော နှလုံးသားဖြင့် ငြင်းဆန်နိုင်ပါမည်လဲ ။
မြန်မာနိုင်ငံဟု ဆိုလျှင် ဦးပိန်တံတားလည်းတွဲလျှက်ပါဝင်ပေသည် ။ ညနေခင်းမှာ
ဦးပိန်တံတားရဲ့ နေ၀င်ချိန်ဆည်းဆာ အလှကို ခံစားရင်း ဘီယာလေးနှင့်
နွဲလိုက်ရလေလျှင်....။
ရှမ်းပြည်နယ်မှ အင်းလေးကန်

သဘာဝအလှဆိုတာ တိမ်မြုပ်ကွယ် ပျောက်လုနီးပါး ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ ဒီနေရာလေးကတော့ ရိုးရာဓလေ့တွေ မတိမ်ကောသေးတဲ့ အလှဆုံးနေရာ တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ် ။ သဘာဝအလှဆိုတာ လူတွေပြုပြင်ဖန်တီးထားတဲ့ အလှထက်နှလုံးသားကို ပိုပြီးဆွဲဆောင်နိုင်တယ်ဆိုတာ သင်ငြင်း နိုင်မှာမဟုတ်ပါဘူး ။ အင်းလေးဒေသမှာ အထင်ရှား ဆုံးအရာ တစ်ခုကတော့ခြေထောက်နဲ့ လှေလှော်ခြင်းပဲ ဖြစ်ပါတယ် ။ ခြေထောက်နဲ့ လှေလှော်တဲ့ ဓလေ့ကို ကမ္ဘာပေါ်မှာ ရှာတွေ့ဖို့ ခက်ခဲလှပါတယ် ။ နိုင်ငံခြားသား တွေသာမက ပြည်တွင်း မြန်မာလူမျိုးတွေလည်း အမြတ်တနိုးတန်ဖိုးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ် ။ အကယ်၍သင် မြန်မာနိုင်ငံသို့လာရောက်ခဲ့မယ် ဆိုရင်တော့ အင်းလေးကန်ကို သွားရောက်ဖို့ မမေ့ပါနဲ့ ။ မြန်မာနိုင်ငံရဲ့ အံ့သြဖွယ် အလှတရား ကို သင်နှလုံးသားတစ်လှပ်လှပ်ခုန်လာတဲ့အထိ ခံစားကြည့်လိုက်ပါ ။
0 comments:
Post a Comment