Monday, March 4, 2013

ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ရာ လှိုက်ဂူကြီးများ ( အပိုင်း ၂)

ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ရာ လှိုက်ဂူကြီးများ ( အပိုင်း ၂)

ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ရာ လှိုက်ဂူကြီးများ ( အပိုင်း ၂)

Eisriesenwelt Cave



Eisriesenwelt ဟာ သဘာဝ ထုံးကျောက်ရေခဲတွေနဲ့ ဖွဲ့စည်းတည်ရှိနေတာ ဖြစ်ပြီး Australia နိုင်ငံ Werfen မှာ တည်ရှိပါတယ် ။ Salzburg အနီးမှ Tennengebirga တောင်တန်းများ အတွင်းမှာ တည်ရှိပြီး ဒီဂူကြီးရဲ့ အကျယ် ကတော့ ၄၂ ကီလိုမီတာ ရှိပါတယ် ။ ဒီဂူကြီးဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးဆုံး ရေခဲ ကျောက်ဂူကြီး လည်း ဖြစ်ပါတယ် ။

Lechuguilla Cave



ကမ္ဘာပေါ်မှာ ရှိတဲ့ ငါးခုမြောက် အရှည်ဆုံး ဂူကြီး ဖြစ်ပြီး Lechuguilla ဂူကြီးဟာ New Mexico မှ Carlsbad Caverns National Park မှာ တည်ရှိပါတယ် ။ ဂျစ်ပဆမ် သတ္တုဒြပ်စင်တွေနဲ့ အ၀ါရောင် ဆာလဖာ တွေ စုပုံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်စက် ပန်းဆွဲတွေ ကျောက်စက်မိုးမျှော်တွေကြောင့် ထင်ရှား ကျော်ကြား လှပါတယ် ။ ဒါပေမယ့်လည်း ဒီဂူကြီးထဲကို လေ့လာရှာဖွေသူတွေ တိုင်းတာမှု ပြုလုပ်သူတွေနဲ့ စူးစမ်း ရေးအဖွဲ့ တွေမှလွဲ၍ လူတိုင်းကို ၀င်ခွင့်မပေးထားပါဘူး ။

Crystal Cave



U.S State မှ Sequoia National Park ဟာ ဂူပေါင်း ၂၄၀ ရဲ့ ပင်မနေရာ တစ်ခု ဖြစ်ပါတယ် ။ Crystal Cave ဟာ စကျင်ကျောက်ဂူဖြစ်ပြီး ၃.၄ မိုင်ရှည်လျားတဲ့ ဒုတိယအရှည်ဆုံး ဂူကြီးလည်း ဖြစ်ပါတယ် ။ ကြီးမားတဲ့ သစ်တော အတွင်းမှာ တည်ရှိပြီး Ash တောင်ဝင်ပေါက်နဲ့ ကြီးမားတဲ့ သစ်တော ကြားမှာ တည်ရှိပါတယ် ။ ဒီဂူကြီး ဟာ အပူချိန် 9'C (48'F) ရှိပြီး လမ်းပြနဲ့သာ ၀င်ခွင့်ပေးထားပါတယ် ။

Yellow Dragon Cave



Yellow Dragon Cave ဟာ Hangzhou မြို့ အနောက်ဖက်တိုးရစ်ဇုန်မှ Xixialing တောင်တန်း အနီးမှာ တည်ရှိပါတယ် ။ ဒီဂူကြီးဟာ တကယ်တော့ သဘာဝ တစ်ဝက် လူတွေပြုပြင်ဖန်တီးထားခြင်း တစ်ဝက်ပါ ၀င်ပါတယ် ။ ဒါဟာ အလွန်ကို ရိုးရှင်းလှပါတယ် ။ ဒါပေမယ့် မတူညီတဲ့ ၀ါးလုံးတွေကဲ့သို့ အဖြူရောင်ဝါးလုံး ၊ ခရမ်း ရောင်ဝါးလုံး ၊ အစိမ်းရောင် ၀ါးလုံး နဲ့ ရွှေရောင်အစက်လေးတွေ ၊ လေးထောင့် ကျကျ ၀ါးလုံး စဖြင့် ပုံသဏ္ဍာန် မျိုးစုံပါဝင်ပါတယ် ။

Velebit caves of Craotia


Velebit တောင်ဟာ Lukina Jama , Slovacka Jama , Velebita နဲ့ Meduza လို့ အမည်ရတဲ့ များစွာသော ဂူတွေရဲ့ တည်ရှိရာနေရာ ဖြစ်ပါတယ် ။ ဒီဂူတွေမှာ ကမ္ဘာ့အထင်ရှားဆုံး ဒေါင်လိုက် ကျောက်စက်ပန်းဆွဲတွေ ပါရှိပါတယ် ။ ဒီပုံသဏ္ဍာန်တွေမြင်ရရင် ကျောရိုးတလျောက် သိမ့်သိမ့်တုန်အောင် စွဲဆောင်နိုင်လွန်းပါတယ် ။ Lukina Jama ရဲ့ အောက်ခြေမှာ ကန်တွေ ၊ ရေစီးကြောင်းတွေ ရှိပြီး အဲဒီရေတွေထဲမှာပဲ Subterranean မျှော့ တွေ နေထိုင်ကြပါတယ် ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management