Sunday, March 17, 2013

ငြိမ်းချမ်းရေးဝန်ကြီး မယ်တော်ဆေးခန်းကို ဘတ် တသိန်းခွဲ လှူဒါန်း

ငြိမ်းချမ်းရေးဝန်ကြီး မယ်တော်ဆေးခန်းကို ဘတ် တသိန်းခွဲ လှူဒါန်း

http://www.irrawaddy.org/wp-content/uploads/2012/06/8.-Aung-Min.jpg
(Photo: Wai Moe/ The Irrawaddy)

ဒေါက်တာ စင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းမှာ ဒီကနေ့ ပြုံးပြုံးရွှင်ရွှင် တွေ့ရတဲ့ ဦးအောင်မင်းနဲ့ အဖွဲ့ဝင်များပါ။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် မီးရထားဝန်ကြီး ဦးအောင်မင်းက မယ်တော်ဆေးခန်း အတွက် ဘတ် တသိန်းခွဲ လှူဒါန်းနေပုံ ဖြစ်ပါတယ်။

(ဒီပမာဏဟာ ကျပ်ငွေနဲ့ ဆို သိန်း ၄ဝ၊ အမေရိကန်ငွေကြေးနဲ့ ဆိုရင် ဒေါ်လာ ၅,ဝဝဝ နီးပါး ရှိပါတယ်)

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီတို့က ထိုင်းမြန်မာနယ်စပ်ခရီးမှာ မြန်မာ့နိုင်ငံရေးအဖွဲ့ များစွာနဲ့ တွေ့ဆုံညှိနှိုင်း စကားပြောဆိုခဲ့ကြတယ်၊ နာမည်ကျော်ဆေးခန်းအတွက် ငွေကြေးလှူဒါန်းပြီး ဒီတခေါက် နယ်စပ်ခရီးကို အဆုံးသတ်လိုက်ပါပြီ လို့ အဲဒီဒေသမှာ ရောက်နေတဲ့ ဧရာဝတီသတင်းထောက်က သတင်းပို့ပါတယ်။

မဲဆောက်ကနေ ဘန်ကောက်ကို ချီတက်မယ့် ငြိမ်းချမ်းရေးဝန်ကြီးဦးအောင်မင်းနဲ့ ကိုယ်စားလှယ်များဟာ ဘန်ကောက်မှာလည်း ဆွေးနွေးပွဲတွေ ဆက်ရန် ရှိပါသေးတယ် တဲ့။

ဦးအောင်မင်းတို့ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တခုကတော့ ပြည်ပရောက်အတိုက်အခံတွေ ပြည်တော်ပြန်ဖို့ ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ရေး တနည်းအားဖြင့် အတိုက်အခံတွေ အိမ်ပြန်ကြဖို့ နားချရေး ဖြစ်ပါတယ်။

မြန်မာပြည်မှာ အခြေအနေတွေလည်း ပြောင်းလဲနေပြီ၊ စနစ်တွေ ပြောင်းနေပြီ၊ ပြည်ပမှာ ဘာကြောင့် ဒုက္ခခံပြီး နေကြဦးမှာလဲ၊ သူတို့ကို ပြန်ခေါ်ဖို့ ကျနော် ဒီရောက်လာတာပါပဲ လို့ ငြိမ်းချမ်းရေးအတွက် ခရီးသွားနေတဲ့ ၀န်ကြီးဦးအောင်မင်းက ဆိုပါတယ်။

သူပြန်လာခေါ်တဲ့ထဲ မြန်မာ့နိုင်တင်ဂေးလ်လို့ တင်စားကြတဲ့ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ပါတယ်။

ပြန်ကြမယ် ဆိုရင်တော့ ဒေါက်တာစင်သီယာမောင်က နောက်ဆုံးက ဖြစ်ဖွယ်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ မြန်မာပြည်သားတွေက မဲဆောက်ဒေသမှာ ရှိနေကြအုံးမယ် မဟုတ်လား။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management