မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း
(ပါးစပ်သမိုင်း၊ ပါးစပ်ရာဇဝင်နဲ့
နိုင်ငံရေးမှာအရေးကြီးတဲ့ကောက်ချက်တွေကို ဆွဲရင် အန္တရာယ်များတတ်တယ်။
ယမန်နေ့က သမိုင်းသုတေသနနဲ့ Political Behavior ကို ဆန်းစစ်ခြင်းကို
အနည်းငယ်ရေးပြခဲ့တယ်။ Research methodology in History ကိုရေးဖို့ရာမှာ
ကျယ်ပြန့်လွန်းလို့အချိန်အခက်အခဲရှိလာတယ်။
ကိုယ်အကျွမ်းတစ်ဝင်သိပ်ရှိနေတဲ့နယ်မှမဟုတ်တာကိုး။ ဒီတင်
ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စာကိုဖတ်မိတော့
မြန်မာနိုင်ငံကလိုအပ်တာနဲ့ကွက်တိပဲလို့ ခံစားမိတယ်။ ဒါကြောင့်
စာပြန်စီပေးလိုက်ပါတယ်။)
သမိုင်းသုနေသနအကြောင်းဟာ လူတွေအများကြီးသိရင်အကောင်းဆုံးပဲ။ သိတဲ့သူတွေကလဲ သုတေသနလုပ်သူတွေကို ကူညီရင်အကောင်းဆုံးပဲ။ ကျောင်းသားတွေဆိုရင် သမိုင်းသုတေ သန လုပ်နည်းလုပ်ထုံးသိထားရင် ကိုယ့်နယ်ကိုယ်ပြန်တဲ့အခါ ဘယ်ဟာက သမိုင်းအထောက်အထား ပစ္စည်းဆိုတာကို နားလည်ပြီး သုတေသနလုပ်သူကို ကူညီတတ်လာမှာပါ။
အခုပြောနေတာက အခုနားထောင်သူတွေထံက အကူအညီလိုလို့လဲပါပါတယ်။
မြန်မာနိုင်ငံသမိုင်းသုတေသနနဲ့ပတ်သက်လို့ အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့
(၁)ဘာကြောင့်သုတေသနလုပ်ရသလဲ
(၂) သုတေသနနဲ့ပတ်သက်တဲ့ပြဿနာ
(၃) သုတေသနနဲ့ပြည်သူ့အကူညအညီ ဆိုတာတွေပါပဲ
ပထမအနေနဲ့ပြောလိုတာက အခု လူတော်တော်မျာျးမားက သုတေသနအကြောင်းပြောနေကြတယ်။ တစ်ချို့က အသင့်အတင့် ဟိုမေးဒီမေးဟိုဖတ် ဒီဖတ် ဖတ်ပြီးရေးသားကြတယ်။ ဒါဟာမပြည့်စုံပါဘူး။
သမိုင်းသုတေသနဆိုတာ အသစ်ရှာတာမဟုတ်ဘူး။ ရှိပြီးသားတိမ်ကောပျောက်ကွယ်နေတာ။ အဓိပ္ပါယ်မပြည့်စုံတာကိုပြည့်စုံအောင်လ်ုပရတာ။ မသိသေးတာကိုသိအောင်လုပ်တာ။ ရှာဖွေ ဆန်းစစ် တာပါပဲ။ ဒီအလုပ်ကစိတ်ရှည်ရတယ်။ တစ်ခုတည်း၊ တစ်ကြောင်းတည်း၊ တစ်နေရာတည်းမှာ ရှာလို့မရပါဘူး။ ပြည့်စုံအောင်၊ လက်လှမ်းမှီအောင်ရှာရမယ်။
ခုခေတ် သမိုင်းသုတေသနလုပ်တယ်ဆိုတာလဲ လူမှုရေးတိုးတက်ခြင်းကို လေ့လာခြင်းပါပဲ (Developments of Civilizations)။ အဲ့ဒျွှီာ ရည်ရွယ်ချက်ရှိပါတယ်။ လူတွေဟာ သမိုင်း ဦးဘုံမြေခေတ် ကနေစတင်ပြီးခုထက်ထိဘယ်လိုဘဝတွေနဲ့ဖြဆတ်သန်းလာသလဲ။ ဖြစ်ပြီးသားအဖြစ်တွေမှာ ဘာသင်ခန်းစာတွေရှိခဲ့သလဲ။ အဲ့ဒါတွေနဲ့ပြန်လည်ဆန်းစစ် သင်ခန်း စာယူနိုင် ဖို့ပါပဲ၊ မြန်မာနိုင်ငံမှာ အရင်က ရေးပြီးသားသမိုင်းစာအုပ်တွေရှိပါတယ်။ အဲ့ဒီစာအုပ်တွေက သင်ခန်းစာမပေးနိုင်လို့လားမေးစရာရှိပါတယ်။ မပေးနိုင်လို့ပါပဲ။ ပြီးခဲ့ပြီးသားစာ အုပ်တွေ အကြောင်းလဲပြောချင်ပါတယ်။
ရှေ့ကနေရးတဲ့ ရာဇဝင်ကျော်၊ ဦးကုလား မဟာရာဇဝင်ကြီး၊ ရာဇဝင်သစ်၊ မုရွေးရာဇဝင်၊ မှန်နန်းရာဇဝင်၊ ဒုတိယမှန်နန်းရာဇဝင်စသဖြင့်ရှိပါတယ်။ ညမန်မာနိုင်ငံဟာ တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ရှေးကရေးတဲ့ ရာဇဝင်ကျမ်းတွေများပါတယ်။ အဲ့ဒီအချက်မှာ မြန်မာနိုင်ငံဟာ တစ်ခြားနိုင်ငံအပေါ်မှာ ဂုဏ်ယူစရာဖြစ်ပါတယ်။ အိန်နီးချင်းတို့ နိုင်ငံတွေထဲက အချို့နိုင်ငံတွေ မှာဆိုရင်ရှေးကရေးတဲ့ ရာဇဝင်ကျမ်းတွေမကျန်ခဲ့ပါဘူး။ မြန်မာနိုင်ငံကို ယဉ်ကျေးမှုလွှမ်းမိုးခဲ့တဲ့အိန္ဒိယမှာတောင် ရာဇဝင်ကျမ်း မြန်မာလောက်များများမရှိပါဘူး။
မြန်မာနိုင်ငံက ရာဇဝင်ကျမ်းတွေဟာ ရေးနည်းနည်းကတော့မဟာဝင်ရေးနည်းပါပဲ။ ရှေးကမင်းတွေ ရဲ့မင်းစဉ်မင်းဆက်အရေးထားရေးပါတယ်။ တိုင်းသူပြည်သား အကြောင်းအရေး ထားမရေးပါဘူး။ မင်းရဲ့မျိုးရိုး၊ မင်းရဲ့မိဘ၊ မင်းရဲ့ တန်ခိုး၊ မင်းရဲ့စစ်ပွဲ အဲ့ဒါတွေပဲရေးတယ်။ ဒါဟာမဟာရာဇဝင်ကျမ်းမှာရေးတဲ့နည်းပဲ။ ဒီနည်းနဲ့ထင်ရှားလာတဲ့ကျမ်းဟာ ရာဇဝင်ကျော်ပဲ။ ရှင်မဟာသီလဝံသရေးတယ်၊ ဘယ်နေ့ဘယ်ရေရေးတယ်လို့မသိရဘူး။ခရစ်နှစ် ၁၅၂ဝ ခန့်ကလို့ခန့်မှန်းရပါတယ်။ အဲ့အထဲမှာပါတာက ကမ္ဘာတည်တယ်။ ပြီးတော့မှ မဟာသမ္မတ ဘယ်လိုပေါ်လာတယ်ဆိုတာကိုရေးပါတယ်။ အဲ့အချက်မှာတော့ မြန်မာ့ယဉ်ကျေးမှုအခြေခံအချက်ဖြစ်ပါတယ်။ မှတ်သားစရာကောင်းပါတယ်။ လူတွေဟာ သစ္စာရှိသူ၊ အကျင့်ကောင်း သူနဲ့အများအကျိုးဆောင်နိုင်သူတွေကိုရှာတယ်။ တွေ့တော့အများအကျိုးကိုဆောင်ပေးပါလို့ဆိုတယ်။ အုပ်ချုပ်ပေးတဲ့အတွက်တန်ရာတန်ကြေးပေးပါမယ်လို့ ကတိခံတယ်။ မဟာသမ္မတက ပြည်သူတွေရဲ့ လုံခြုံမှုကိုတာဝန်ယူရတယ်။ အခွန် ၁ဝဘို့တစ်ဘို့ကိုပေးရတယ်။ အပြန်အလှန်စောင့်ရှောက်ရတယ်။ သမ္မတကချွတ်ယွင်းရင်သမ္မတကဖယ်ရှားခံရတယ်။ ပြည်သားကချွတ် ယွင်းရင်ပြည်သားကခံရတယ်။ ဟုတ်တာမဟုတ်တာထားလိုက်..ရာဇဝင်ကျော်ဟာ ဒီအချက်နဲ့ရေးလာလိုက်တာ မင်းဆက်တွေကျော် ပြီး ဂေါတမဘုရား လက်ထက်ကိုရောက် လာတယ။် ဂေါတမဟာ မင်းမလုပ်ဘဲ အများအကျိုးအတွက်သံသရာကလွတ်အောင်လုပ်ပုံကိုရေးတယ်။ နောက်တော့ မြန်မာနိုင်ငံအကြောင်းရေးတယ်။ မင်းဘူးခရိုမှာ ၇ ရက်နေတယ်။ အိန္ဒိယနဲ့ယဉ်ကျေးမှုဆက်ဆံပုံ၊ မြန်မာတွေယဉ်ကျေးပုံကိုရေးတယ်။ တကောင်း၊ ပုဂံနဲ့အင်းဝအကြောင်းရေးတယ် ခရစ်နှစ် 1250လောက်အထိရေးတယ်။ ဒါဟာ မဟာဝင်ပုံစံနဲ့ရေးနည်း။
ဒီပုံစံနဲ့နောက်လူတွေရေးကြပါသေးတယ်။ ဒီအကြောင်းတွေအားလုံးကိုပေါင်းပြီးစဉ့်ကိုင်က သူဌေးသားမောင်ကုလားက မဟာရာဇဝင်ကြီးကိုရေးတယ်။ ဘယ်နေ့ဘယ်ရက်မှာရေးတယ် မသိဘူး။ သူကနိဒါန်းရေးရာမှာ အတွေးအခေါ်သစ်ထည့်ရေးတယ်။
မင်းဆက်အကြောင်း၊ စစ်ပွဲတွေအကြောင်း ပါတဲ့ဘုရင်စကား၊ မှုးမတ်စကား၊ စစ်ပွဲစကာတွေသာရေးပါတယ်။ ဒါဟာ ဘုရားဟောကျမ်းတွေနဲ့မညီ့ပါဘူး။ ဒီလို မင်းစကား၊ အမတ်စကား၊ စစ်စကား စတာတွေဟာ တိရစ္ဆာနကထာတွေဖြစ်တယ်။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေမဟုတ်ဘူး။ သမိုင်းဟာ တိရစ္ဆာနကထာပဲ။ သမိုင်းဟာ နိဗ္ဗာန်ရောက်ကြောင်းတရားစာမဟုတ်ဘူး။ သို့သော်လဲ စကြာမင်းတောင်မှ သေခြင်းတရားနဲ့မကင်းဘူး။ သီရိဓမ္မာသောကမင်းတောင် ဇဗ္မူဒိပ်ကျွန်းတစ်ခုလုံးကို ပိုင်တယ်လို့ယူဆပေမယ့် သေခါနီးမှာသူ့ပိုင်နက်တွေကိုသာ သူ့သားကပိုင်တယ်။ သေခါနီးသူပိုင်တာ ဓါတ်စာစားဖို့ရှိတဲ့သစ်သီးသာဖြစ်တော့တယ်။ ဒီအကြောင်းအရာတွေကိုနမူနာယူပါ။ သမိုင်းစာအုပ်ကိုဖတဆ်ရင် ဖြစ်ခြင်းပျက်ခြင်း နဲ့ဆင်ခြင်ပြီးနိဗ္ဗာန်ရကြောင်းဆင်ခြင်ပါလို့ ထည့်ရေးတယ်။ ကမ္မဌာန်းသဘောနဲ့ဖတ်ပါလို့ထည့်ရေးတယ်။ ရေးတဲ့အခါမှာလဲ ဘုရင်တွေ ကြီးကျယ်တာ၊ ခမ်းနားတာတွေကိုမရေး ဘူးမကောင်းတာ၊အားနည်းတာတွေကိုလဲရေးတယ်။ေ၇းတဲ့အခါမှာလဲ ဒီဘုရင်ဟာ ရုပ်ချောတယ်၊ ကြာခိုတတ်တယ်။ ဒီဘုရင်ဟာ အသားစားကျုးတယ်၊ ဒေါသကြီးတယ်၊ ဒီဘုရင်ဟာ အကျင့်ပျက်လို့ ပြည်သူ့ဒဏ်ခံရတယ်။ စလေငခွေးဆိုရင် ပြည်သူက ရွှံ့နဲ့ဝိုင်းပေါက်လို့သေရတယ် စသဖြင့်ရေးပြတယ်။ ဒီကျမ်းတွေ ရှေးကရေးလို့ မကောင်းဘူးလို့မပြောထိုက်ပါဘူး။ သူ့ခေတ်နဲ့သူ့အတွေးမှာ ထည့်ရေးထားတာတွေပါ။ ဘုရင်တွေစာ သက်ဦးဆံပိုင်အာဏာ အပြည့်ရထားတယ်။ အဲ့ဒီလိုလွူေကို သမိုင်းဆရာတွေက ဆုံးမတာပါပဲ။ နောက် တစ်ယောက် ရှိသေးတယ်၊။ တွင်းသင်းဝန်တိုက် ဦးထွန်းညိုပါပဲ။ သူက ရာဇဝင်သစ်ကိုရေးတယ်။ ဘယ်တုန်းက ရေးတယ်မသိပါဘူး။ ၁၇၈ဝ ပြည့်နှစ်လို့မန်းရပါတယ်။ သူအရေး တကြီးပြောတာက…
အရင်တုန်းက ပါးစပ်ရာဇဝင်တွေကို မစစ်ဆေးခဲ့ဘူး။ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ညှိပြီးမှန်မမှန် စစ်ဆေးရမယ်။ ခေတ်ပြိုင်မှတ်တမ်းဆိုတာ ကျောက်စာတို့ မော်ကွန်းတို့ပါပဲ။ သူ့ရာဇဝင်သစ် မှာ ရှေးက ပါးစပ်ရာဇဝင်ကိုခေတ်ပြိုင်မှတ်တမ်းဖြစ်တဲ့ ကျောက်စာတို့ မော်ကွန်းတို့နဲ့ ဆန်းစစ်တဲ့နည်းကိုပြသွားတယ်။ ခုခေတ်လုပ်နေတဲ့ သမိုင်းသုတေသနဲ့တူပါတယ်။
ရာဇဝင်သစ်ကိုပြန်ရေးတဲ့တွင်းသင်းဝန်တို်က်ဦးထွန်းညိုရဲ့ သမိုင်းဆန်းစစ်ပုံကို ဥပမာပြရရင် နေနတ်သားနဲ့ နဂါးမရကြတယ်။ ဒီကနေ ပျူစောထီးကိုမွေးလာတယ်။ ဒါဟာ နတ်နဲ့နဂါးညား ရင် မွေးလာတာ နတ်နဂါးကပြားပဲဖြစ်မယ်။ လူမဖြစ်နိုင်ဘူး ဆိုတာမျိုးပေါ့။ အလောင်းစည်သူ ဖောင်စကြာနဲ့ ခရီးသွားပုံလည်း ဒီအတိုင်းပဲ ဆန်းစစ်ပြတယ်။ ဦးထွန်းညိုရဲ့ တင်ပြချက်က တိုးတက်တဲ့
ခေတ်ဆန်တဲ့ အမြင်ဖြစ်ပါတယ်။ သူ့စာအုပ်ဟာ ခေတ်သစ်သမိုင်း သုတေသနရဲ့ အယူအဆကို ပထမဆုံးပြောရတဲ့ စာအုပ်လို့လည်း ပြောလို့ရပါတယ်။
ကုန်းဘောင်ခေတ်ကျတော့ ရာဇဝင်ကို ဘုရင်ကရေးခိုင်းတယ်။ ရေးတဲ့လူတွေကလည်း ပဒေသရာဇ်ကိုချီးကျူးရေးတယ်။ ဘုရင်တွေဟာ သာမန်မဟုတ်ဘူး ဘုရားရဲ့ ဗျာဒိတ်ရ သူတွေ ဖြစ်တယ်။ ဘုရားက နောင်ကျရင် ဒီဒေသမှာဘယ်သူဘုရင်ဖြစ်မယ်ဆိုဖူးတယ် ဆိုတာတွေပါတယ်။ မြန်မာ ဘုရင်တွေဟာ ဗျာဒိတ်ဘုရင် ဖြစ်ရတာကို သိပ်သဘောကျတယ်။ ရာဇဝင်ရေး တဲ့ ပညာရှိတွေကလည်း ဘုရင်အကြိုက်ရေးပေးတယ်။
ပဒေသရာဇ်တွေ ထွန်းတောက် နေဆဲမှာ သာသနာကို အကာအကွယ် ယူပြီး သူတို့လုပ်ချင်တာ လုပ်ဖို့ပါပဲ။
ဒီဘုရင်ဟာ ဘုရား ဗျာဒိတ်ရ၊ သူပြောရင် နားထောင် သူ့ကို ပုန်ကန်ရင် အပြစ် ကြီးတယ်။ သာသနာပြု မင်းလည်း ဖြစ်တယ်။
သာကီဝင်မျိုး ဖြစ်တယ်။ ဘုရားနဲ့ ဆွေမျိုး တော်တယ် စသဖြင့် ရာဇဝင် ဆရာတွေက ရေးပေးရတယ်။ ဒါဟာကုန်းဘောင်ခေတ် မင်းဆက်ကျမှ ပဒေသရာဇ်ကို အမွှန်းတင် လာတာ ဖြစ်မယ်။
၁၈၂၉ နှစ်မှာ ပညာရှိပေါင်း ၁၃ ဦးနဲ့ မှန်နန်းရာဇဝင်ကို ဘုရင်ခိုင်းလို့ ရေးကြတယ်။ ကမႝာဟောင်း ပျက်တာကနေပြီး စတယ်။ မိုးကြီးရွာ၊၊ အနယ်ထိုင်၊ ကမ္ဘာ အသစ်ဖြစ်၊ ဗြဟ္မာ လေးယောက်ပေါ်၊ လူတွေဖြစ်၊ မဟာသမ္မတပေါ်၊ အဲဒီကတဖန် ဂေါတမ အထိ ရေးတယ်၊ မြန်မာနိုင်ငံဘက် ဆက်ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ စသဖြင့်အလောင်း မင်းတရားထိ မျိုးနွယ် ဆက်လာပုံ ရေးတယ်။
ပဒေသရာဇ်ကို အမွှန်းတင်ချင်လို့ ဘုရားနဲ့ အမျိုးဆက်ပေးတဲ့ ရာဇဝင်ကျမ်းပါပဲ။ ၁၈၂ဝ ပြည့်နှစ် အထိ ဖြစ်ပျက်ပုံကိုရေးပါတယ်။ ၁၈၆၇ ခုနှစ်ကျတော့ မင်းတုန်းဘုရင်က မှန်နန်းကို ဆက်ရေးခိုင်းတယ်။ ပညာရှိ သုံးဦးက ရေးတယ်။
အဖြစ်အပျက်က ၁၈၆ဝ ပြည့်နှစ်အထိ ဖြစ်ပျက်တာကိုရေးတယ်။ ဒုတိယမှန်နန်း ရာဇဝင်လို့ ခေါ်တယ်။
သီပေါပါပြီးတဲ့နောက် မြို့အုပ်မောင်တင်က ဒုတိယမှန်နန်းအဆက်ကို ၁၈၆ဝ ပြည့်နှဏ်ကစပြီး ၁၈၈၅ နှစ်ထိ
ရေးတယ်။ ၂၅ နှစ်သမိုင်းကို ထပ်ဖြည့်တာပါပဲ။ နန်းတွင်းမှတ်တမ်းတွေကို စုပြီးရေးတယ်။ တကယ်တော့ သူဖြည့်ရေးတာမဟုတ်ပါဘူး။ လွှတ်တော်စာရေးတဦးကို ခေါ်ပြီး ရေးခိုင်းတာပါ။ စာအုပ်ထုတ်တော့လည်း သူရေးတာကမစဘဲ မှန်နန်းနဲ့ ဒုတိယမှန်နန်းထဲကရေးတဲ့ စောစောပိုင်း ၁၇၅၂ နှစ်က အဖြစ်တွေ ပါ ဖြုတ်ထည့်တယ်။ စာအုပ်အမည်ကို ကုန်းဘောင် ဆက်ရာဇဝင်ကြီးလို့ ပေးပြီး ၁၉ဝ၅ ခုနှစ်မှာ မန္တလေးတိုင်း သတင်းစာပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေတယ်။
နောက် အင်္ဂလိပ်ဝင်လာတော့ မြန်မာရာဇဝင်ကို အင်္ဂလိပ်လိုရေးကြတယ်။ မှန်နန်းကို အကြမ်းဘာသာ ပြန်တာပါပဲ။
ဆာအာသာဖယ်ရာက ၁၈၉ဝ ပြည့်နှစ်မှာ History Of Burma (Myanmar) ရေးထုတ်တယ်။ ၁၉၂၅ ခုနှစ်မှာ ဂျီအီးဟာဗေးက History of Burma (Myanmar) ရေးထုတ်တယ်။
အင်္ဂလိပ်ရေးတဲ့ ရာဇဝင်တွေဟာ ဝါဒဖြန့်ရာဇဝင်တွေဖြစ်တယ်။ အဂၤလိပ္ရဲ့ နယ္ခဲ့်ဝါဒဟာ တျခားနယ္ခဲ့်ေတြနဲ့မတူဘူး။ တဆင့်သာတယ်။ သူတပါးကို ကျွန်ပြုပြီး သူတို့ သခင်ဖြစ်လာပေမယ့် ညှာတာတယ်။ ကိုလိုနီလက်အောက်ခံနိုင်ငံကို တိုးတက်မှုတွေဖြစ်အောင် လုပ်ပေးတယ်။ ဘာ၊ ညာ စသဖြင့် ဝါဒဖြန့်တယ်။ တိုက်ရိုက်တမျိုး သွယ်ဝိုက်တမျိုး
ဝါဒဖြန့်တာချည်းပဲ။ တိုက်ရိုက်နည်းကို လူတွေလက်ခံစရာမရှိလို့ သွယ်ဝိုက်တဲ့နည်းကို သုံးတယ်။
အဲဒီနည်းကတော့ မြန်မာဘုရင်တွေဟာ ရက်စက်တယ်။ အုပ်ချုပ်ပုံစည်းကမ်းမရှိဘူး။ မြန်မာမင်း လက်အောက်မှာ စီးပွားရေး၊ လူမှုရေး တိုးတက်မှု မရှိဘူးဆိုတာတွေ ရေးပြီး ကျောင်းတွေမှာ သင်ခိုင်းတယ်။ Cox တို့ Harvey တို့ ရေးတာဟာ အင်္ဂလိပ်နယ်ချဲ့ပုံကို ထောက်ခံစေချင် လို့ ရေးတယ်။ မြန်မာမင်းတွေ ရက်စက်တယ်။ အုပ်ချုပ်ပုံ စည်းကမ်းမဲ့တယ်။ စီးပွားရေး၊
လူမှုရေး သူတို့လက်ထက်မှာ သိပ်ညံ့တယ်ဆိုတာတွေ ထည့်ရေးတယ်။ အခြေအနေအမှန်ကို မရေးဘူး။
အလောင်းစည်သူ ဖောင်စကြာနဲ့ ခရီးသွားပုံလည်း ဒီအတိုင်းပဲ ဆန်းစစ်ပြတယ်။ ဦးထွန်းညိုရဲ့ တင်ပြချက်က တိုးတက်တဲ့ခေတ်ဆန်တဲ့ အမြင်ဖြစ်ပါတယ်။ သူ့စာအုပ်ဟာ ခေတ်သစ်သမိုင်း သုတေသနရဲ့ အယူအဆကို ပထမဆုံးပြောရတဲ့စာအုပ်လို့လည်း ပြောလို့ရပါတယ်။
ကုန်းဘောင်ခေတ်ကျတော့ ရာဇဝင်ကို ဘုရင်ကရေးခိုင်းတယ်။ ရေးတဲ့လူတွေကလည်း ပဒေသရာဇ်ကိုချီးကျူးရေးတယ်။ ဘုရင်တွေဟာ သာမန်မဟုတ်ဘူး ဘုရားရဲ့ ဗျာဒိတ်ရသူတွေ ဖြစ်တယ်။ ဘုရားက နောင်ကျရင် ဒီဒေသမှာ ဘယ်သူဘုရင်ဖြစ်မယ်ဆိုဖူးတယ် ဆိုတာတွေပါတယ်။ မြန်မာ ဘုရင်တွေဟာ ဗျာဒိတ်ဘုရင် ဖြစ်ရတာကို သိပ်သဘောကျတယ်။ ရာဇဝင်ရေး တဲ့ ပညာရှိတွေကလည်း ဘုရင်အကြိုက်ရေးပေးတယ်။

၁၈၂၉ နှစ်မှာ ပညာရှိပေါင်း ၁၃ ဦးနဲ့ မှန်နန်းရာဇဝင်ကို ဘုရင်ခိုင်းလို့ ရေးကြတယ်။ ကမႝာဟောင်း ပျက်တာကနေပြီး စတယ်။ မိုးကြီးရွာ၊၊ အနယ်ထိုင်၊ ကမ္ဘာအသစ်ဖြစ်၊ ဗြဟ္မာ လေးယောက်ပေါ်၊ လူတွေဖြစ်၊ မဟာသမ္မတပေါ်၊ အဲဒီကတဖန် ဂေါတမ အထိ ရေးတယ်၊ မြန်မာနိုင်ငံဘက် ဆက်ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ စသဖြင့် အလောင်းမင်း တရားထိ မျိုးနွယ် ဆက်လာပုံ ရေးတယ်။

သီပေါပါပြီးတဲ့နောက် မြို့အုပ်မောင်တင်က ဒုတိယမှန်နန်းအဆက်ကို ၁၈၆ဝ ပြည့်နှဏ်ကစပြီး ၁၈၈၅ နှစ်ထိရေးတယ်။ ၂၅ နှစ်သမိုင်းကို ထပ်ဖြည့်တာပါပဲ။ နန်းတွင်းမှတ်တမ်းတွေကို စုပြီးရေး တယ်။ တကယ်တော့ သူဖြည့်ရေးတာ မဟုတ်ပါဘူး။ လွှတ်တော်စာရေးတဦးကို ခေါ်ပြီး ရေးခိုင်းတာပါ။ စာအုပ်ထုတ်တော့လည်း သူရေးတာကမစဘဲ မှန်နန်းနဲ့ ဒုတိယမှန်နန်းထဲ ကရေးတဲ့ စောစောပိုင်း ၁၇၅၂ နှစ်က အဖြစ်တွေ ပါ ဖြုတ်ထည့်တယ်။ စာအုပ်အမည်ကို ကုန်းဘောင်ဆက်ရာဇဝင်ကြီးလို့ ပေးပြီး ၁၉ဝ၅ ခုနှစ်မှာ မန္တလေးတိုင်း သတင်းစာပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေတယ်။

နောက်တော့ မြန်မာတွေ အမျိုးသားစိတ် နိုးကြားတယ်။ ၁၉၂ဝ ပြည့်နှစ်လောက်မှာ အမျိုးသားကျောင်းတွေပေါ်လာတယ်။ အမျိုးသား ပညာရေး ပေါ်လာတယ်။ ဗြိတိသျှတွေ က မြန်မာတွေ အကြောင်း နှိမ်ရေး လို့ဆိုပြီးမြန်မာတော်ကြောင်း၊ ကောင်းကြောင်း ပြောချင်လာကြ တယ်။ ဗြိတိသျှတွေရေးတာကို ပြန်လည်ချေပတဲ့အနေနဲ့စာအုပ်ရေးကြတယ်။

ဦးဖိုးကျားရေးတဲ့ မြန်မာ့ဂုဏ်ရည်ဆိုရင် ပြန်ချေပတဲ့စာအုပ်ပဲ။ မြန်မာတွေကောင်းတယ်၊ တော်တယ်၊ သတ္တိရှိတယ်။
စစ်တိုက်တာတွေအောင်တယ် စသည်ဖြင့် ရေးလိုက်တာ တဖက်စွန်းရောက်လွန်းသွားတယ်။ ဟုတ်တာ မဟုတ်တာ မစဉ်းစားတော့ဘူး။ တအားမြှောက်ရေး တယ်။ ပြည်ထောင်စုသားအချင်း အချင်း ချစ်ကြည်တယ်ဆိုတာပြောချင်တဲ့အခါကျတော့လည်း ဇာတ်လမ်း မှန်မမှန် မတွေးကြတော့ဘူး။ အတင်းလုပ်ယူကြတယ်။
ဒါကြောင့် ပြီးပြီးသား သမိုင်းစာအုပ်တွေဟာ စိတ်မချရဘူး။ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ ညှိပြီး မှန်မမှန် စစ်ဆေးသုတေသနလုပ်ရမယ်။ သူတို့ထဲကလည်း ကောင်းတာယူ မကောင်း တာပယ်ရမယ်။
မင်းအကြောင်းသက်သက်ရေးတာ၊ မင်းကို အမွှန်းတင်တာ၊ မြန်မာမင်းတွေ ရက်စက်ညံ့ဖျင်း တာ၊ မြန်မာတွေ ညံ့တာ၊ မြန်မာတွေ သိပ်တော်တာ စသဖြင့် တဖက်သတ် အစွန်းထွက်ရေး ပုံမျိုးမပါဘဲ မှန်ကန်တဲ့ သမိုင်းအချက်အလက်ကို ရှာဖို့လိုပါတယ်။ ပြီးပြီးသား အမှားတွေကို ဆင်ခြင်၊ ရှေ့မှာ ဘယ်လို တိုင်းသစ်ပြည်သစ် ထူထောင်မယ်ဆိုတာ ရည်ရွယ်ပြီး ရေးရမယ်။
လူလူချင်း ခေါင်းပုံဖြတ်မှုကင်းတဲ့ သင်ခန်းစာယူဖို့၊ ခေတ်သစ်အတွေးအခေါ် ပါတဲ့ဟာမျိုး လိုတယ်။
ခေတ်ပြိုင်မှတ်တမ်းတွေရှာပြီး စီစစ်ဖို့ လိုပါတယ်။ အဒါကြောင့် မြန်မာနိုင်ငံ သမိုင်းသုတေသနကို လုပ်ရပါတယ်။
နောက်တချက်ကတော့ သုတေသန ဘယ်လိုလုပ်တယ်။ ဘယ်လိုပြဿနာ ရှိတယ်ဆိုတာပဲ။
ရှေးရာဇဝင်တွေမှာရေးတဲ့ ကမ္ဘာဖြစ်လာပုံ၊ လူတွေဖြစ်လာပုံတွေဟာ မမှန်ပါဘူး။ သူတို့ရေးတဲ့ထဲမှာ မင်းနဲ့ပြည်သူ ဘယ်လိုဆက်ဆံသင့်ပုံကို ရေးပြတာသာ ကောင်းပါတယ်။ သမိုင်းဦးဘုံမြေခေတ်မှာ မြန်မာနိုင်ငံမှာ ဘယ်သူတွေနေသွားတယ်ဆိုတဲ့အကြောင်း ရှေးရာဇဝင် စာအုပ်တွေမှာ မပါပါဘူး။ ခု သုတေသနလုပ်ပြီး ရေးတဲ့အခါမှာ ပါလာပါလိမ့်မယ်။
ကမ္ဘာဖြစ်တာ ကြာလှပါပြီ။ လူဖြစ်တာ နှစ်တသန်းရှိပြီ။ လူစစ်စစ်တောင်ဖြစ်တာ မဟုတ်သေးဘူး။ ခုလူတွေနဲ့ ကိုယ်တူညဏ်တူ မဖြစ်သေးဘူး။ လက်နက်က ကျောက်ကို သုံးတယ်။ ကျောက်ခေတ် လို့ ခေါ်တယ်။ ကျောက်ခေတ်ရဲ့ လူမှုဆက်ဆံရေး၊ စီးပွားရေးစနစ်က ဘုံစနစ်ဖြစ်တယ်။ ဒါကြောင့် သမိုင်းဦးဘုံမြေခေတ် ခေါ်တယ်။
အရင်တုန်းက ကမႝာကြီးမှာ ရာသီသတု အကြီးအကျယ် ပြောင်းမှုရှိတယ်။
တခါက ရေခဲတွေဟာ ကသာမြို့ ဥတ္တရယဉ်စွန်းတန်းထိ ဖုံးနေတယ်။ ပြန်ဆုန်သွားတယ်။ အဲဒါ ရေခဲခေတ်၊ ရေခဲခေတ် ၆ ခါ ရှိတယ်။ ရာသီဥတု သိပ်ကြမ်းတယ်။ ရေခဲခေတ်မှာ မြစ်တွေ ပိုကျယ်တယ်။ မိုးပိုကြီးတယ်။ ဧရာဝတီမြစ် သိပ်ကျယ်တယ်။
ခုခေတ် အရှေ့ကမ်းဟာ ညောင်ဦးမြို့။ အဲဒီခေတ် အရှေ့ကမ်းဟာ ပုပ္ပါးတောင်ပဲ။ အဲဒီခေတ်က လူတွေရဲ့ လက်နက်တွေကို ရှာပြီး လေ့လာချင်ရင် ခုကမ်းမှာ ရှာလို့မရဘူး။ ကမ်းဟောင်းမှာ ရှာရတယ်။ ကမ်းတွေ အဆင့်ဆင့် ၅ ခုရှိတယ်။ ခုကမ်းဟာ ပဉ္စမ၊ စတုတ္တ၊ တတိယကမ်းတွေမှာ ရှာလို့ မရပါဘူး။ ဒုတိယကမ်းမှာ ရပါတယ်။ ဒုတိယရေခဲခေတ် အလွန်လောက်မှာ သုံးတာတွေပါပဲ။
သူတို့လက်နက်တွေကြည့်ပြီး သူတို့ဘာလုပ်စားတယ်။ ဘယ်လိုနေတယ် ဆိုတာတွေ သိတယ်။ သုတေသန လုပ်ရေးတဲ့ မြန်မာနိုင်ငံသမိုင်းမှာ အဲဒါတွေပါမှာပဲ။
မြန်မာနိုင်ငံရဲ့ သမိုင်းဦးဘုံမြေခေတ် အထောက်အထားတွေကို ဧရာဝတီမြစ်ရဲ့ ဒုတိယကမ်းမှာ ရှာလို့ ရပါတယ်။
အဲဒီ လူတွေနေတဲ့ ဒေသက ယခုခေတ်လူတွေကို အောက်ပြည်ကလူတွေက အညာသားလို့ခေါ်တယ်။ အဲဒါနဲ့မြန်မာနိုင်ငံကျောက်ခေတ်ကို စပြီး သုတေသနလုပ်တဲ့ ‘မောဗီးယပ်’ ဆိုသူ က မြစ်ညာ ပိုင်းမှာတွေ့တဲ့ကျောက်ခေတ်ယဉ်ကျေးမှုကို အညာသားယဉ်ကျေးမှုလို့ နာမည်ပေးမယ်။
နောက်ပိုင်းကျ တဲ့ ကျောက်ခေတ်သစ်ယဉ်ကျေးမှုကို ရှာချင်ရင်တော့ ဧရာဝတီတတိယကမ်းမှာ ရှာရပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောက်ခေတ်သစ်အချိန်ကို မှန်းရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝဝဝ ကစပြီး ၄ဝဝဝ မှာဆုံးတယ်၊
ခန့်မှန်းပါတယ်။ ကမႝာ့နိုင်ငံတွေနဲ့စာရင် နောက်ကျပါတယ်။ ခရစ်တော်မပေါ်မီဆိုတဲ့ စကားနဲ့ ပြောရရင်တော့ ၆ဝဝဝ ဘီစီကနေပြီး ၂ဝဝဝ ဘီစီထိပါပဲ။
မြန်မာ့ကျောက်ခေတ်သစ် လက်နက်တွေတွေ့တာ မြောက်ပိုင်းက စပြောမယ်။ ခေတ်သစ်မှာ လူနေများလာပြီ။
မြစ်ကြီးနားဝန်းကျင်မှာ တွေ့တယ်။ ဧရာဝတီနဲ့ ချင်းတွေင်းဆုံရာမှာ တွေ့တယ်။ သိပ်တော့ မများဘူး။ ဒါပေမယ့်ချင်းတွင်းနောက်ကမ်းမှာ များတယ်။ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆထုံးရွာအနားမှာ ကျောက်ခေတ်သစ်တွင်မကဘဲကျောက်ခေတ်ဟောင်းတုန်းက လူတွေ နေသွားနိုင်တာမျိုးတောင် တွေ့တယ်။ မန္ဈလေးဝန်းကျင်၊ အမရပူက
တောင်မင်းကြီးဘုရား၊ တောင်လေးလုံးကျောင်းအနီးမှာ အများကြီးတွေ့တယ်။ ပုသိမ်ကြီးဘက်လည်း အများကြီးတွေ့တယ်။
ရှမ်းပြည်နယ်ဆိုရင် မိုးကုတ်၊ လွိုင်ကော်ဝန်းကျင်။ အလယ်ပိုင်းဆိုရင် ရေနံချောင်း၊ ချောက်၊
ကျောက်ပန်းတောင်းဝန်းကျင်။ တောင်ဘက်ဆိုရင် မြိတ်၊ ထားဝယ်၊ တနင်္သာရီမှာ တွေ့တယ်။ ဒါတွေဟာ ခုဖြစ်တာ မဟုတ်ဘူး။ အရင်က ရှိပြီးသားတွေ။
သမိုင်းသုတေသနဆိုတာ အရင်ကရှိပြီးသား ထပ်ရှာတာပါပဲ။ ခု သုတေသနလုပ်လို့ မြန်မာနိုင်ငံ သမိုင်းဦးဘုံမြေခေတ်အကြောင်း ရပြီ။ မကြာခင်က တောင်ပြဒါးလင်းဂူကို ထပ်တွေ့ကြသေးတယ်။
သမိုင်းဦးဘုံမြေခေတ်လွန်တဲ့ မြန်မာနိုင်ငံရဲ့ ကျွန်ခေတ်ကိုလည်း သုတေသန လုပ်ဖို့လိုသေးတယ်။ ကျွန်ခေတ်မှာဘယ်လိုနေထိုင် လုပ်စားတာ ခုထိ မသိသေးဘူး။ သိတာလည်း နည်းတယ်။ ဆရာတို့ လက်ထက်မှာ သိမလား
မပြောတတ်ဘူး။ ဆရာတော့ အခု ခေါင်းဖြူနေပြီ။ နောက်လူတွေလက်ထက် ဆက်လုပ်ကြရမှာပဲ။
ပြီးတော့ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံမှာ ဗိဿနိုးကစမယ်။ ဒါတောင် ဗိဿနိုးဟာ ကျွန်ခေတ်လားပဒေသရာဇ်ခေတ်လား မသိသေးဘူး။ ပဒေသရာဇ်ခေတ်ရဲ့ အစလား မရှင်းသေးဘူး။
၎ ရာစုနှစ် မှာပေါ်တဲ့ ဟလင်း၊ သရေခေတ္တရာ၊ ပျူယဉ်ကျေးမှုဟာ ပဒေသရာဇ် ခေတ်အစပဲ။ ခုထိ ပျူစာ ၇၅ လုံးပဲဖတ်လို့ ရသေးတယ်။ ထပ်ဖတ်တတ်ဖို့လိုတယ်။ ဒါတွေ သုတေသနမှာ ဟာကွက်တွေပဲ။ ဟာကွက်မှာ ဖြည့်ဖို့ လိုပါတယ်။
လုပ်တဲ့လူတွေဟာ စိတ်ရှည်ရမယ်။ ဇွဲရှိရမယ်။ အများပြည်သူရဲ့ အကူအညီကို ယူမှဖြစ်ပါတယ်။
ပျူတွေအကြောင်းမှာတောင် ယဉ်ကျေးမှု အနုပညာအကြောင်းသာ ပြောနိုင်ပေမယ့် စီးပွားရေး၊ လူမှုရေး အကြောင်းမသိသေးဘူး။ ဒါတွေ သုတေသနလုပ်ဖို့ ကျန်သေးတယ်။ အဲဒီလိုနဲ့ ပဒေသရာဇ်ခေတ်ဟာ ၄ ရာစုနှစ်ကနေ ၁၉ ရာစုနှစ်ထိပါပဲ။ ဒီခေတ်သမိုင်းအတွက် အားကိုးရဆုံး ခေတ်ပြိုင်မှတ်တမ်း က ကျောက်စာ၊ ပေ၊ ပုရပိုက်တွေပဲ။
ကျောက်စာထဲမှာ သမိုင်းအချက် အကုန်တော့ မပါပါဘူး။ ရေးပုံက ဘယ်သူလှူတယ်။ ဘာလှူတယ်၊ ဘယ်နေ့လှူတယ်၊
ဘာဆုတောင်းတယ်တွေပဲ။ အလှူရှင်ဟာ များသောအားဖြင့် ချမ်းသာသူ၊ မင်းစိုးရာဇာ၊ ဘုရင်ပဒေသရာဇ် အသိုင်းအဝိုင်းတွေများပါတယ်။
ကျောက်စာတွေထဲကနေပြီး လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ သာသနာရေး၊ ယဉ်ကျေးမှုသမိုင်းပြအထောက်အထားတွေ ရပါတယ်။
အကုန်တော့ မရဘူး၊ ကျောက်စာထဲမပါလို့ မရှိဘူး၊ မဖြစ်ဘူးလည်း ပြောလို့မရပါဘူး။ ကျောက်စာဟာ သူ့ခေတ်ကို ရက်စွဲအတိအကျနဲ့ အထောက်အထား ပေးပါတယ်။ ပုဂံခေတ်မှာ ကျောက်စာ ၇ဝဝ ကျော်လောက် တွေ့ထားပါတယ်။
ပေကတော့ သက်တမ်း အနှစ် ၁ဝဝဝ လောက် ခံပါတယ်။ မြန်မာနိုင်ငံမှာ မီး၊ မိုး၊ စစ် စသည်တွေကြောင့် ပေတွေပျက်ရတယ်။ ခြကိုက်တာလည်း ရှိတယ်။ ဘုရားထဲ ဌာပနာလို့လည်း ဆုံးရှုံးတယ်။
ခရစ်နှစ် ၉ဝဝ လောက်က ပေတွေဟာ အထက်ပါနည်းအတိုင်း မပျက်ရင် ရှိနိုင်ပါသေးတယ်။ လွန်ခဲ့တဲ့ နှစ် ၁ဝဝဝလောက်က ပေတွေပေါ့။ ခုအစောဆုံးရထားတဲ့ ပေတွေဟာ ခရစ်နှစ် ၁၆၇ဝ ကပေပဲ။ ဗြိတိသျှပြ တိုက်မှာ ရှိတယ်။ ပေကြည့်ပြီးလက်ရေးသမိုင်း ရေးနိုင်ပါတယ်။
ပုရပိုက်မှာလည်း သမိုင်းအထောက်အထားတွေ ရှိတယ်။ ပုရပိုက်သက်တမ်းက နှစ် ၁၅ဝ လောက်ခံတယ်။ လူမှုရေး၊စီးပွားရေး မှတ်တမ်းတွေ ပါနိုင်ပါတယ်။ လူသူ အရောက်နည်း တဲ့၊ ခြောက်သွေ့ တဲ့ နေရာတွေမှာ ပိုပြီး ကျန်တယ်။ ဥပမာရွှေဘိုခရိုင်၊ ဝက်လက်၊ တန့်ဆည်တို့လိုပေါ့။
သမိုင်းသုတေသနမှာ မပြီးသေး၊ မတွေ့သေးတာတွေ ပြီးအောင်လုပ်ဖို့ ရှာဖို့တွေ အများကြီးရှိပါတယ်။ လိုနေတဲ့အပိုင်းကို ဖြည့်ဖို့သာပါပဲ။ ဗြိတိသျှက မြန်မာတွေမကောင်းဘူး ရေးခဲ့တာတွေကို ရန်တွေ့ တာမျိုး မဟုတ်ပါဘူး။ အမှန်ကိုရေးဖို့ပါ။
လူငယ်တွေကအစ မျိုးချစ်စိတ်ရှိဖို့၊ နယ်ချဲ့ကို မုန်းဖို့ လုပ်ချင်ရင် ချစ်ကွာ၊ မုန်းကွာ ပြောရုံမရပါဘူး။
သက်သေသာဓကနဲ့ ပြောပြမှ မျိုးချစ်စိတ်ရှိနိုင်၊ နယ်ချဲ့ကို မုန်းနိုင်ပါတယ်။
အရင်းရှင် ကိုလိုနီခေတ် သမိုင်းသုတေသနမှာလည်း အထောက်အထား စုံစုံရဖို့ လိုပါတယ်။ အိမ်တွေမှာစာအုပ်ဟောင်းတွေ ချောင်ကြိုချောင်ကြားမှာ ဖြစ်ဖြစ်၊ ဘုရားစင်တွေမှာဖြစ်ဖြစ် တင် ထား တတ် တယ်။ တို့ဘိုးဘွားလက်ထက်တို့အဖေငယ်ငယ်က စာအုပ်ဆိုပြီး ဖတ်လည်းမဖတ်ကြတာလည်း ရှိတယ်။ အဲဒီစာအုပ်တွေထဲမှာ ဂျီစီဘီအေအကြောင်း၊ ဝိုင်အမ်ဘီအေအကြောင်း၊ တွဲရေးခွဲရေး အကြောင်း ပါတတ်တယ်။ ဒါတွေကနေပြီး ကိုလိုနီခေတ် မြန်မာ့သမိုင်းကိုဖြည့်ရေးစရာ အချက်တွေပါတယ်။
ဒါတွေ အစုံစုဖို့၊ ရဖို့ လိုပါတယ်။ တတိယအချက်အနေနဲ့ ပြောချင်တာကတော့ သမိုင်းသုတေသနအတွက်အားလုံးသော ပြည်သူအများက ကူကြပါ။ မကူညီရင် ပြည့်စုံတဲ့ သမိုင်းတခု ဆရာတို့ ချည်း ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။
ရှုမဝ

0 comments:
Post a Comment