Monday, March 11, 2013

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက် မီးလောင်မှု

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက် မီးလောင်မှု


မရမ်းကုန်းမြို့နယ် ၊ ၉ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ ဂမုန်းပွင့် စင်တာရှိဖိနပ်ဆိုင်တစ်ခု၌ ယနေ့နေ့လည်ပိုင်းက ၀ါယာရှော့စ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမီးသတ်ဦးစီးဌာနမှသိရသည်။
ဖြစ်စဉ်မှာ ၄င်းနေ့ နေ့လည် ၁နာရီ ၃၂ မိနစ်အချိန်၌ ဂမုန်းပွင့် စင်တာ မြေညီထပ်ရှိ Lily ဖိနပ်ဆိုင်တွင် LED မီးသွယ်တန်း ထားသောမီးကြိုးများ အပူလွန်ကဲရာမှ ရှော့စ်ဖြစ်ကာ မီးလောင်မှု စတင်ဖြစ်ပွားခြင်း ဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၁၄စီးဖြင့်ငြိမ်းသတ်နိုင်မှုကြောင့် မီးလောင်မှု ဖြစ်ပွားအပြီး ၁၅မိနစ်အကြာ၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။

ထိုမီးလောင်မှုကြောင့် အထပ်သားတစ်ချပ်နှင့် ၀ါယာကြိုးခြောက်ပေခန့် မီးလောင်ပျက်စီးခဲ့ပြီး ငွေကျပ် ၁၅၀၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် Lily ဖိနပ်ဆိုင်မှ ဒုမန်နေဂျာ ဖြစ်သူအား ( ပ ) ၄၃၇ / ၂၀၁၂ ပုဒ်မ ( ၂၈၅ ) ဖြင့် မရမ်းကုန်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management