ရီးယဲလ် အတွက်တော့ ဘာစီလိုနာနဲ့ စူပါဖလားလုပွဲ မကစားမီမှာ ဗလင်စီယာလို အသင်းမျိုးနဲ့ ကစားရမှာဟာ စိန်ခေါ်မှုတစ်ခုကို စောစောစီးစီး ရင်ဆိုင်လိုက်ရသလိုပါပဲ။ ဗလင်စီယာကလည်း ဒီရာသီမှာ အပြောင်းအလဲတွေလုပ်ထားတယ်။ နည်းပြအမ်မရီရဲ့ နေရာ မှာ အရင်က ဗလင်စီယာနောက်ခံလူဟောင်း ပယ်လီ ဂရီနိုက တာဝန်ယူထားတယ်။ အသင်းမှာ ကစားသမားအချို့လည်း အပြောင်း အလဲရှိတယ်။
အသင်းမှကစားသမား ရှစ်ဦးလောက်ထွက်သွားခဲ့ပြီး ကစားသမားသစ်ငါးဦး ပြန်ခေါ်ထားတာ တွေ့ရတယ်။ ထွက်သွားတဲ့ကစားသမား တွေထဲမှာ အယ်လ်ဘာလိုအားကိုးရတဲ့ ကစားသမားမျိုး ပါနေပေမယ့် အဲဒီ နေရာအတွက် ခြေစွမ်းချင်းမကွာလှတဲ့ ကစားသမားမျိုး တွေကို ပြန်ဖြည့်ထား ခဲ့လို့ ဗလင်စီယာရဲ့အနေအထားဟာ သိပ်ပြီးအင်အားနည်းသွားတယ်လို့ တော့ ပြောလို့ရမှာမဟုတ်ပါဘူး။
အထူး သဖြင့် ရီးယဲလ်မှ ဂါဂိုကိုရလိုက်တာက လည်း ကွင်းလယ်လူမာဒူရိုရဲ့နေရာကို အစားထိုးနိုင်ဖို့ အဆင်သင့်ပဲလို့ပြောနိုင် တယ်။ ဒါ့ပြင် ရီးယဲလ်မှာ ကာနာလက်စ် ကို အပိုင်ခေါ်ယူနိုင်ခဲ့လို့ ဗလင်စီယာရဲ့ ကွင်းလယ်အားဟာ သိသိသာသာ အားနည်းသွားတာမျိုး တော့ရှိမှာ မဟုတ် ပါဘူး။
ရီးယဲလ်မက်ဒရစ်ကတော့ အခုချိန် အထိ ကစားသမားအ၀င်လုံးဝ မရှိသေး ဘူး။ အသင်းမှကစားသမားတွေဖြစ်တဲ့ ပက်ဒရိုလီယွန်၊ အယ်တင်တော့၊ ဂါဂိုနဲ့ ကာနာလက်စ်တို့ကို ရောင်းထုတ်လိုက် တယ်ဆိုပေမယ့်လည်း ဒီကစားသမား တွေဟာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ သွားကစားတဲ့သူက ကစား၊ အသင်းမှာ ရှိတော့လည်း နေရာမရတဲ့ကစားသမား မျိုးတွေဖြစ်လို့ အသင်းအနေနဲ့ ဒီကစား သမားတွေမရှိတာတောင် ထိခိုက်သွား ဖို့မရှိပါဘူး။
လက်ရှိအချိန်မှာလည်း ရီးယဲလ် တစ်သင်းလုံးဟာ ရာသီကြိုပြင်ဆင်မှု တွေကို အမေရိကအထိခရီးထွက်ပြီး ပြင်ဆင်နေသလို ဒီပြင်ဆင်မှုတွေက လည်း အားရစရာကောင်းလှတယ်လို့ ကစားသမားအကုန်လုံးက ပြောနေကြ တယ်။ နည်းပြမော်ရင်ညိုကလည်း လက်ရှိရီးယဲလ်အသင်းရဲ့အနေအထား ဟာ အရင်ကထက် စုစည်းညီညွတ်မှု ရှိနေပြီဖြစ်လို့ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီ လို့တောင် ဆိုနေ ပါတယ်။
ဒါပေမယ့်ရီးယဲလ်ဟာ ဗလင်စီယာနဲ့ မကစားမီ အမေရိကခရီးကြောင့် ခရီးပန်း၊ ပွဲပန်းနေနိုင်တာမျိုး ရှိနေနိုင်တဲ့အပြင် ဒီပွဲအပြီး ဘာစီလိုနာနဲ့ကစားရမယ့် စပိန်စူပါဖလားပွဲကြောင့်လည်း မော်ရင် ညိုဟာ အခုပွဲမှာ သူ့အသင်းကို သတိထား ပြင်ဆင်ထားဖို့ လိုလိမ့်မယ်ထင်ပါ တယ်။
ဗလင်စီယာကတော့ ရီးယဲလ်လောက် ပွဲပန်းနေမှုမျိုး၊ အာရုံများနေနိုင်မှုမျိုး မရှိနိုင်ဘူး။ နောက်ပြီး ဗလင်စီယာ နည်းပြ ပယ်လီဂရီနို ကလည်း သူ့အသင်း ကို ခံစစ်သမားပီပီ ခံစစ်ပိုင်းကိုအားပြုပြီး တည်ဆောက်ထားဖို့များနေတယ်။ ဘင်နီတက်ဇ်ရဲ့ တပည့်တစ် ယောက် ဖြစ်တဲ့ ပယ်လီဂရီနိုဟာ ဘင်နီတက်ဇ် ဆီက နည်းပြအတွေ့အကြုံကောင်းတွေ လည်း ရထားတဲ့သူဖြစ်လို့ အတွေ့အကြုံ ပိုင်းမှာ မော်ရင်ညိုလိုနည်းပြမျိုးကို မယှဉ်နိုင်ပေမယ့်လည်း အဖွင့်ပွဲမှာ ရလဒ်ကောင်းအောင်လို့တော့ သူ့ အသင်းကို အတတ်နိုင်ဆုံး ဦးဆောင် ကစားစေခိုင်းမယ့်အနေအထားမျိုးမှာ ရှိနေတယ်။
ရီးယဲလ်ဟာ အိမ်ကွင်းမှာတိုက်စစ် အားကောင်းတဲ့အသင်းပီပီ ဒီပွဲကို တိုက်စစ်ဖွင့်ကစားမှာတော့ သေချာနေတယ်။ ဒါကြောင့်လည်း ဗလင်စီယာ ခံစစ်ကြောင်းဟာ ရီးယဲလ်ရဲ့ တိုက်စစ်ကို ဘယ်လောက်အထိတောင့် ခံကစားထား နိုင်မလဲဆိုတာဟာ ဒီပွဲအတွက် အရေးကြီးတဲ့အဖြေတစ်ခုလို ဖြစ်နေ နိုင်ပါတယ်။
ရီးယဲလ်ရဲ့ကြံ့ခိုင်မှုအပိုင်းနဲ့ စိတ်ဓာတ်ရေးရာအရလည်း အရင်က ထက် ခိုင်မာမှုရှိနေတာကြောင့် ဗလင် စီယာအနေနဲ့ ရီးယဲလ်ရဲ့ အိမ်ကွင်း ကစားအားကို ပွဲချိန်ပြည့်တောင့်ခံ ကစားနိုင်ဖို့ဆိုတာကတော့ သိပ်မလွယ် လှပါဘူး။ ဒါပေမယ့်လည်း ဗလင်စီယာဟာ ရီးယဲလ်နဲ့တွေ့တိုင်း ခြေကုန်ထုတ် ကစား လေ့ရှိသလို အခုလည်း ရီးယဲလ်ဟာ မဟာပြိုင်ဘက် ဘာစီလိုနာနဲ့ စူပါဖလား ပွဲကစားရဖို့ က ပိုအရေးကြီးနေတဲ့အချိန် ဖြစ်လို့ ရီးယဲလ်ကို ခပ်မာမာတုံ့ပြန် ကစားသွားခဲ့မယ်ဆိုရင် ရီးယဲလ်ရဲ့ ကစား ပုံဟာ အထိအခိုက် မရှိအောင် ထိန်း ကစားသွားနိုင်လို့ အနည်းငယ်တော့ အရှိန်တန့်သွားမယ့်ပုံရှိနေတယ်။
ဒါကြောင့် အခုပွဲဟာ ရီးယဲလ်အနေနဲ့ အိမ်ရှင်အဖြစ်ကစားရမှာဖြစ်လို့ အနိုင်ရဖို့အခွင့်အလမ်း ဗလင်စီယာထက် ပိုများတယ်လို့ပြော နိုင်ပေမယ့် ပွဲဦးထွက်မှာ အင်အားအပြည့်နဲ့ရင်ဆိုင်မယ့် ဗလင်စီယာကို ဂိုးတွေအပြတ်သွင်းပြီး အနိုင်ရဖို့ဆိုတာ သိပ်လွယ်လှမယ် မထင်ပါဘူး။ ဒီတော့ အခုပွဲအတွက် ဧည့်သည် ဗလင်စီယာအသင်းနဲ့ ဂိုး အနည်းကို ရွေးထားတာက ပိုပြီးကောင်း လိမ့်မယ်လို့ထင် နေမိတယ်။
အခြားပွဲစဉ်များ
* ဘာစီလိုနာ - ဆိုစီဒက်
* မာယော့ကာ - အက်စ်ပန်ညို
ဆီဗီလာ - ဂီတာဖေး *
* ဆယ်လ်တာဗီဂို - မာလာဂါ
ဒီပို့တီဗို - အိုဆာဆူနာ *
* လီဗန်တေး - အလက်တီကို
* ရာယို - ဂရန်နာဒါ
ဇာရာဂိုဇာ - ဗယ်လာဒိုးလစ် *
ဘီလ်ဘာအို - ဘက်တစ် *
0 comments:
Post a Comment