Sunday, March 17, 2013

ထိုင်းရောက် မြန်မာ အလုပ်သများအတွက်




ထိုင်းနိုင်ငံရောက် ရွှေပြောင်းအလုပ်သမားများအားလုံး ယာယီပတ်စပို့ လုပ်ကြဖို့  ၂၀၁၂ ခုဒီဇဘာင်္လ ၁၄ ရက်နောက်ဆုံးအဖြစ်ကြေညာခဲ့ပါတယ်။ မြန်မာ သမ္မတနှင့်ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေးအပြီး နောက်ထပ် ၃လ ထပ်တိုးရန် သဘော တူခဲ့သော် လည်း ထိုင်း လ၀ကနဲ့  အလုပ်သမား ၀န်ကြီးဋ္ဌာနကတော့ လျောလျောရှူရှူ ခွင့်မပြုသေးပါဘူး။ 
ယာယီ ပတ်စပို့ မလုပ်ရသေးသူတွေ လာအကြောင်းကြားဖို့ နေရပ်ပြန်ကြဖို့ MOU နဲ့ ထိုင်းကို ပြန်လာ ကြဖို ကိုပဲပြောပြီး ဖမ်းဆီးပြန်ပို့ဖို့ ဖိအားပေးနေမှုတွေရှိနေပါတယ်။ ဒီဇင်ဘာလဆန်း ကတည်းကစပြီး ယနေ့ အထိ ယာယီ ပတ်စပို့ အရေးပေါ် လုပ်ပေးမှုတွေ ရှုပ်ထွေးလာခွဲ မှုတွေလည်းရှိနေပါတယ်။ 
အာဏာပိုင်၊ အလုပ်ရှင်နဲ့ ပွဲစားတွေဆီကို အဓိက မြန်မာအလုပ်သမားတွေကသွားကြတာ တာတွေ့ နေ ရပါတယ်။ နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား မရှိသူများ (ဘတ်မရှိသူများ)ကို ဘတ်ငွေ ၂ သောင်း ခန့်ယူ ပြီး ရောနှော လုပ်ပေးတာတွေ ရှိလာခဲ့တာတွေ လည်းရှိနေပါတယ်။ ရွှေတွံတေး ဆရာတော်နဲ့ အကျိုးဆောင်များက ဒီ ကိစ္စတွေ မှားယွင်းနေကြောင်း နီးစပ်ရာ ပညာပေး အသိ ပေးပြောနေခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ 
တချို့ က လက်မခံပဲ ပွဲစား စကားအတိုင်း ဆက်လုပ်ကြပြီး နား လည် လက်ခံသူများကလဲ အလုပ်ရှင်တို့ ၏ ဖိအားပေး ခံရမှုကြောင့် လုပ်လိုက်ကြရပါတယ်။ ယာယီ ပတ်စပို့ ရလာတော့လည်း တချို့ က ကိုယ့် ဓါတ်ပုံနဲ့ တချို့ ကသူများပုံသူများနာမည်နဲ့ ဖြစ်နေပြီး ပွဲစားကလည်း အခုစစ်ဆေးရေးတွေ ပုလိပ်တွေကို ရှောင်နေဦး နောက်မှ သေသေ ချာချာ ထပ်လုပ်ပေး မယ်လို့ မှာလိုက်ကြောင်း သိရှိရပါတယ်။ 
 ဒီ ယာယီ ပတ်စပို့ ကိစ္စနဲ့ ပတ်သက်ပြီး ရွှေတွံတေး ဆရာတော်က အခုလိုမေတ္တာ ရပ်ခံလိုက်သည်။ ရွှေတွံတေး ဆရာတော်က...ထိုင်း - မြန်မာ အာဏာပိုင်တွေ သေသေချာချာ စိစစ်ပေးပါ နောက်ဆက် တွဲဒုက္ခတွေက အလုပ်သမား တွေ ခါးစည်းခံရဖို့ ဖြစ်နေတယ်။ အလုပ်ရှင်များလည်း အလုပ်သမားတွေကို ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံပေးပါ။ 
အမှားတွေကို ဖိအားမပေး ပါနဲ့ ပွဲစားတွေလည်း ကိုယ်လုပ်စားရရင်ပြီးရော သဘောမထားပါနဲ့ ကိုယ့်နိုင်ငံသား တိုင်းရင်းသားတွေ ရေရှည် ဒုက္ခတွင်းနက်မှာကို ၀ိုင်းဝန်း ကူညီတားဆီးပေးပါ....စသဖြင့် မေတ္တာရပ်ခံမိန့် ကြားခဲ့ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management