Sunday, March 10, 2013

ချယ်လ်ဆီးအား သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ယူပြီး ကွန်မြူနတီဒိုင်းအား မန်စီးတီးအသင်း ရယူသွား


ချယ်လ်ဆီးအား သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ယူပြီး ကွန်မြူနတီဒိုင်းအား မန်စီးတီးအသင်း ရယူသွား



ကွန်မြူနတီဒိုင်း ရယူပြီး အောင်ပွဲခံနေသည့် မန်စီးတီးအသင်းသား များ။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဘာမင်ဂမ် - ပရီမီယာလိဂ်ရာသီသစ် အတွက် တနင်္ဂနွေနေ့က ပွဲဦး ထွက် ယှဉ်ပြိုင်ကစားကြရာတွင် မန်စီးတီးသည် ချန်ပီယံသရဖူဘွဲ့ကို ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြသသည့်အနေဖြင့် ချယ်လ်ဆီးအား ၃-၂ ဖြင့် အနိုင်ယူကာ ကွန်မြူနတီဒိုင်းကို ရယူသွားသည်။
လာမည့်သီတင်းပတ်တွင် တန်းတက် အသင်း ဆောက်သမ်တန်နှင့် ယှဉ်ပြိုင် ရန်ရှိသော မန်စီးတီးသည် ချယ်လ်ဆီးကို ကျကျနနပြင်ဆင် လာခဲ့ပြီး အကြိတ် အနယ်ကစားသွားခဲ့သည်။
ဗီလာပတ်ခ်ကွင်း၌ကစားခဲ့ကြသော ထိုနေ့ပွဲတွင် အနီကတ်တစ်ကတ် အပါအ၀င် အ၀ါ ကတ်ရှစ်ကတ်အထိပြသခံခဲ့ကြရသည်။ ချယ်လ်ဆီး၏ ဦးဆောင်ဂိုးကို ဖာနန်ဒို တောရက်စ်က မိနစ် ၄၀ တွင် သွင်းယူ ခဲ့သော် လည်း ဦးဆောင်ဂိုးရပြီး မကြာမီ မှာပင် နောက်တန်းမှ ဘရာနီဆလပ် အိုင်ဗန်နိုဗစ် အထုတ်ခံလိုက်ရသဖြင့် ချယ်လ်ဆီးအဖို့ ခက်ခက်ခဲခဲ ကစားရ သည့်အခြေဆိုက်သွားခဲ့သည်။
ဒုတိယပိုင်းပွဲစ၍ မကြာမီမှာပင် ယာယာတိုရေးနှင့် ကားလို့စ်တေဗက်ဇ် တို့၏ သွင်းဂိုးများဖြင့် မန်စီးတီးကပွဲကို ဦးဆောင် ကစားသွား နိုင်ခဲ့ရာ ၆၅ မိနစ် တွင် နာဆရီ၏ သွင်းဂိုးကြောင့် ၃-၁ ဖြင့် အထက်စီးရောက်သွားသည်။ ချယ်လ်ဆီးသည် ပွဲပြီးခါနီး ၁၀ မိနစ် အလို တွင် လူစားဝင်လာသူ ရိုင်ယန်ဘာထရန်၏သွင်းဂိုးဖြင့် ၃-၂ ဖြင့် ဆက်လက်ယှဉ်ပြိုင်နိုင်ခဲ့သေးသော်လည်း နောက်ထပ်ချေပဂိုးမသွင်း နိုင်တော့ သဖြင့် ၃-၂ ဖြင့် ရှုံးသွားခြင်းဖြစ်သည်။
ချယ်လ်ဆီးအတွက် ဒုတိယဂိုးကို သွင်းယူပေးသည့် ဘာထရန်၏ဂိုးမှာ ချယ်လ်ဆီးသို့ရောက်လာပြီးနောက် ပထမဦးဆုံးဂိုးဖြစ်သည်။ မန်စီးတီးသည် ၁၉၇၂ ခုနှစ်နောက်ပိုင်း၌ ရာသီအစတွင် ပထမဦးဆုံးပွဲဦး ထွက်ဖလားရလိုက်ခြင်းဖြစ်သည်။ (အေအက်ဖ်ပီ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management