‘မင်္ဂလာဦးည’မှသည် ‘ထာဝရအလင်းတန်းများ’ဆီ အနုပညာမှတ်တိုင် စိုက်ခဲ့သူ မော့စ်
by လုလင်ပျို
ခတ်ပြောင်းစနစ်ပြောင်းကာလတစ်ခုမှာ မြန်မာ့ရုပ်ရှင်ကိုအသက်ဆက်
ပေးနိုင်ခဲ့သည့် မြန်မာ့ဗီဒီယိုလောကသမိုင်းကို ခြေရာပြန်ကောက်မည်ဆို
ပါလျှင် ဟာသပညာရှင် မော့စ် ၏ စင်တင်ဟာသပြဇာတ်’မင်္ဂလာဦးည’ ဗီဒီယိုတိပ်ခွေကို ချန်လှပ်၍ ရမည်မထင်။
လူရွှင်တော်မော့စ်ကို သရုပ်ဆောင်ဘက်ကူးနိုင်ဖို့ အခွင့်အလမ်းပေးခဲ့သလို
ပြည်သူလူထု ပရိသတ်အတွက်လည်း စိတ်ထွက်ပေါက်တစ်ခုအနေဖြင့် ကြည်နူးပျော်ရွှင် စေခဲ့သည့် အဆိုပါ ‘မင်္ဂလာဦးည’ဗီဒီယိုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ စုကျော်ကာလ မဟာရန်ကုန်စံပြသဘင်(ဦး)မိုးဝင်း
ဇာတ်သဘင် စင်မြင့်ပေါ်မှာရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်၏။
‘မင်္ဂလာဦးည’ကို အောက်ပိုင်းပြက်လုံးတွေကြောင့် နှာခေါင်းရှုံ့ ခဲ့ကြသေး
သော်လည်း မော့စ်ခေါင်းဆောင်သော ဇာတ်သဘင်ပညာရှင် လူရွှင်တော်
များ၏ မျက်ကွယ်ပြုမရနိုင်သော ဟာသအနုပညာကြောင့် အဆိုပါတစ်ခန်းရပ်
ဖျော်ဖြေမှုကဏ္ဍလေးသည် မမျှော်လင့်ဘဲ ပြည်သူလူထု ပရိသတ်ဘဝင်
တွေ့စေခဲ့သည်။
ယခုတော့ အနုပညာအရည်အသွေး ပြည့်ဝသူ အကယ်ဒမီမော့စ်ကို ချစ်သူတို့ ဝမ်းနည်း မျက်ရည် ကျခဲ့ကြရပြီ…..
Popular Journal

3/11/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment