Monday, March 18, 2013

ကားနောက်ခန်းထဲ ပုန်းကာ စင်ကာပူမှ တရားမဝင် ထွက်ခွာသော မြန်မာနိုင်ငံသား တစ်ဦးအား ဖမ်းဆီးမိ


စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက် ၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်း လိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံ သားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ 
ကားနောက်ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံ သားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှား လူမျိုးတစ်ဦးကိုလည်း အတူဖမ်း ဆီး ထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များ အာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။ 
၎င်းတို့ စီးနင်းလာသော ကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသော ကားဖြစ်ပြီး စစ်ဆေးရေး ဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီး ရမိခြင်းဖြစ်သည်။ ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင် ထွက်ခွာမှုဖြင့် ရဲက စုံစမ်း စစ်ဆေးနေသည်။ 
ICA ကလည်းအဖွဲ့သည် စင်ကာပူတွင် နေခိုင်ခွင့် သက် တမ်း ကျော်လွန်ကာ နေထိုင်သော နိုင်ငံခြားသား များ၏ နိုင်ငံတွင်း သို့ အဝင် အထွက်များကို သေချာစစ်ဆေးနေ ကြောင်း ပြောကြား သည်။ 

1 comments:

Jerome Namsu said...

ဓါတ်ပုံက မှားနေပါတယ် ဓါတ်ပုံရဲ့ မူရင်းသတင်းက ဒီမှာပါ http://forums.sgclub.com/singapore/illegal_malaysian_immigrant_217481.html

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management