မတ်လ(၁၆)ရက်နေ့က
စစ်တွေဟိုတယ်တွင်ပြုလုပ်သည့် ရခိုင်ပြည်သူများမှ ဒေါက်တာအေးချမ်းအား
ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာမှာ အတုဖြစ်သွားကြောင်း သတင်းရရှိသည်။
Prize 02 copy
ဒေါက်တာအေးချမ်းအားပေးမည့်
မှတ်တမ်းလွှာအစစ်တွင် ရခိုင်ပြည်နယ်ရှိ သမိုင်းပညာရှင်များမှ စုစည်းကာ
ရွှောရောင်စာလုံးဖြင့် စာသားရေးထိုးထားပြီး ဆရာတော် ဦးစက္ကိန္ဒမှ
လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
ဆရာတော် ဦးစက္ကိန္ဒအပါအဝင်
ရခိုင်သမိုင်းပညာရှင်များနှင့် ဝံလက်အဖွဲ့သူအဖွဲ့သားများတို့က
ဒေါက်တာအေးချမ်းအား အမှန်တကယ်ပေးမည့် ရွှေရောင်စာလုံးဖြင့် ရေးထားသော
မှတ်တမ်းလွှကို အခမ်းအနားပြုလုပ်မည့် စစ်တွေဟိုတယ်သို့ မတ်လ(၁၆)ရက်နေ့က
ယူဆောင်သွားခဲ့ကြောင် သိရသည်။
ရွှေရောင်စာလုံးဖြင့် ရေးထားသော
ဂုဏ်ပြုမှတ်တမ်းလွှာကို အခမ်းအနားစီစဉ်သူများလက်ထဲသို့ လွှဲအပ်ခဲ့ပြီးနောက်
ဂုဏ်ပြုမှတ်တမ်းလွှာ အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း သိရသည်။
မှတ်တမ်းလွှာအစစ်တွင် ပါရှိသော စာသားမှာ "
သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာအေးချမ်း(ကန္တတက္ကသိုလ် - ဂျပန်)ရေ
ရခိုင်သမိုင်းနန့် ရခိုင်အမျိုးသားရေးကိစ္စကို ရှီတန်းက မားမားမတ်မတ်
ရွတ်ရွတ် ချွံချွံ ဆောင်ရွက်လို့ ရခိုင်အမျိုးသားတိကို ကာကွယ်
စောင့်ရှောက်မှုပီးခရေအတွက် ရခိုင်ပြည်သူတရပ်လုံးက "ရက္ခ၀ံသ ရက္ခိတ" ဆုကို
ချီးမြှင့်ဂုဏ်ပြုအပ်ပါရေ။ ဟု ရေးသားကာ ရခိုင်ပြည်သူတရပ်လုံးကိုယ်စား
ဆရာတော် ဦးစက္ကိန္ဒမှ လက်မှတ်ရေးထားပြီး ၂၀၁၃ -ခုနှစ်၊ မတ်လ(၁၆)ရက်နေ့။ " ဟု ရေးသားဖော်ပြထားသည်။
မတ်လ(၁၆)ရက်နေ့က စစ်တွေဟိုတယ်တွင် ဒေါက်တာအေးချမ်းအားပေးအပ်လိုက်သော ဂုဏ်ပြုမှတ်တမ်းလွှာအတုတွင် "
ခိုးဝင်နန့် နိုင်ငံမဲ့ ဘင်္ဂလီများသည် သမိုင်းလိမ်များကို လီဆယ်တင်ပြပြီး
မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ ဌာနတိုင်းရင်းသားများပမာ နယ်မြေကို
မတရားရယူရန်ကြိုးစားလာကြခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်၍
အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပေသည်။ ထိုကဲ့သို့
လီဆယ်တင်ပြမှုများသည် သမိုင်းလိမ်များသာဖြစ်ကြောင်းကို နိုင်ငံတကာက
လက်ခံနိုင်အောင် ဆရာကြီးဒေါက်တာအေးချမ်း က ပညာရှင်ပီသစွာ
ရှင်းလင်းပြောကြားနိုင်ခဲ့သောကြောင့် ရခိုင်လူမျိုးတို့မှာ
စစ်မျက်နှာတစ်ခုတွင် ကောင်းစွာကာကွယ်နိုင်ခဲ့ပေသည်။ ယခုကဲ့သို့ ဆရာကြီးက
ရခိုင်လူမျိုးတို့အတွက် အရေးကြီးသော တိုက်ပွဲတစ်ရပ်ကို အောင်နိုင်အောင်
ဦးစီးဦးဆောင်ကာ တိုက်ပွဲဝင်ပေးခဲ့ခြင်းအတွက် ရခိုင်သု
ရခိုင်သားများအားလုံးက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ဂုဏ်ပြုသည့်အတွက် ရက္ခ၀ံသ
ရက္ခိတ တံဆိပ်ကို ချီးမြှင့်ပေးအပ်ပါသည်။ ဟု ရေးသားထားကာ စာသားအောက်တွင်
ရခိုင်လူမျိုးများ။ " ဟု ရေးသားဖော်ပြထားသည်။
prize 04

3/19/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment