ဘင်လာဒင်ရဲ့သမက် အပြစ်မရှိကြောင်း လျှောက်လဲ
အရင်က အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့
အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူက အမေရိကန်တွေကို သတ်ဖြတ်မှုနဲ့
နယူးယောက်မြို့ တရားရုံးမှာ သူ့ကို စွပ်စွဲချက်ထားတဲ့အပေါ်မှာ သူ့မှာ
အပြစ်မရှိကြောင်း လျှောက်လဲလိုက်ပါတယ်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေ ဂျော်ဒန်နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ Sulaiman Abu Ghaith ဟာ သောကြာနေ့က ပြည်ထောင်စုတရားရုံး တခုမှာ အစစ်ဆေးခံခဲ့ပြီး တရားရုံးက ခန့်ထားတဲ့ ရှေ့နေကနေတဆင့် ခုလို လျှောက်လဲခဲ့တာပါ။ သူ့ကို လက်ထိပ်ခတ်ပြီး တရားရုံးကို ခေါ်လာခဲ့ပြီး အဲဒီနောက် လက်ထိပ်ကိုလည်း ဖြေပေးခဲ့ပါတယ်။ မုတ်ဆိတ်တွေနဲ့ အပြာရောင် ထောင်ဝတ်စုံဝတ်ထားတဲ့ Abu Ghaith က သူ့ရဲ့အခွင့်အရေးကို နားလည်တဲ့အကြောင်း တရားသူကြီးအမေးကို ခေါင်းညိတ် ဖြေခဲ့သလို ရှေ့နေငှားဖို့မှာတော့ သူ့မှာ ငွေမရှိဘူးလို့ ခေါင်းရမ်းပြီး ဖြေခဲ့ပါတယ်။
ဖမ်းဆီးခံရပြီးနောက် သူ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြ ရေးသားထားတဲ့ စာမျက်နှာ ၂၂ မျက်နှာပါ ကြေညာချက်ကို အဘူဂိတ်သ် က အာဏာပိုင်တွေကို ပေးခဲ့တဲ့အကြောင်း အစိုးရရှေ့နေ John Cronan က ပြောပါတယ်။ ဒီအထဲမှာ အဘူဂိတ်သ် ဘာတွေ ရေးထားလဲ ဆိုတာတော့ ရှေ့နေက မပြောခဲ့ပါဘူး။
သူ့ကို စီရင်ချက်ချမယ့် ကြားနာမှုကို ရှေ့လထဲမှာ လုပ်သွားမယ့်အကြောင်း အမှု တရားသူကြီးက ပြောပါတယ်။ တကယ်လို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ အဘူဂိတ်သ်ဟာ ထောင်ဒဏ်တသက် ကျခံရမှာဖြစ်ပါတယ်။

3/10/2013
mykyawthiha.blogspot.com

Posted in:

0 comments:
Post a Comment