Wednesday, March 27, 2013

ဆူပူမှုတွေ တားဆီးနိုင်အောင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ပါတီတွေနဲ့ ဆွေးနွေး



ရန်ကုန်မြို့မှာ ဆူပူအကြမ်းဖက်မှုဖြစ်စေမယ့် ကောလဟာလတွေကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေကြတာ ပပျောက်အောင် အစိုးရအဖွဲ့နဲ့အတူ နိုင်ငံရေးပါတီတွေကပါ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက နိုင်ငံရေးပါတီတွေကို  ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ ခုနဲ့ ဒီကနေ့မှာတွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့တွင်း ဆူပူအကြမ်းဖက်မှုတွေ မပေါ်ပေါက်အောင် အစိုးရအနေနဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ ကိစ္စတွေအကြောင်း နိုင်ငံရေးပါတီတွေကို တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ၀န်ကြီးချုပ်က ကမ်းလှမ်းခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။
“ဝန်ကြီးချုပ်က ရှင်းပြတာက ရန်ကုန်မှာဖြစ်နေတဲ့ စိုးရိမ်ထိတ်လန့်မှုတွေပျောက်အောင် သူတို့ကြိုးစားဆောင်ရွက်နေတယ်၊ ရန်ကုန်မှာ လောင်ကျွမ်းလို့ မဖြစ်ဘူးပေါ့၊ ပါတီတွေအနေနဲ့ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တယ်ပေါ့၊ နောက်တချို့နေရာတွေမှာ အောက်ခြေပါတီဝင်တွေ ဘယ်ပါတီလည်း မပြောပါဘူး၊ နည်းနည်းပါးပါး ပါဝင်တာရှိတယ်၊ ဒါတွေလည်းမဖြစ်အောင် ပါတီတွေက တားပေးပါ၊ သူတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်ပါ၊ ကျနော်ကတော့ အဲဒါကိုပြောခဲ့ပါတယ်၊ အောက်မှာပါတာ မပါတာ ကျနော်တို့မသိဘူး၊ သို့သော်မပါအောင် ကျနော်တို့ ဒီ့ထက်ပိုပြီးတော့ ဆောင်ရွက်မယ်ဆိုတာကို ပြောခဲ့ပါတယ်”
အဲ့ဒီနောက် နိုင်ငံရေးပါတီတွေကလည်း ပြန်လည်ဆွေးနွေး အကြံပြုခဲ့တယ်လို့ ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ ခုက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management