Monday, March 4, 2013

ကမ္ဘာ့အံ့သြဖွယ်ရာ ယဉ်လမ်းကြော


ကမ္ဘာ့အံ့သြဖွယ်ရာ ယဉ်လမ်းကြော

သဲကန္တာရထဲမှာ ဖောက်ထွင်းဆောက်လုပ်ထားတဲ့ ကားလမ်းမကို တစ်ချက်လောက်ခံစားကြည့်ပါဦး ။ Jebel Hafeet Mountain လမ်းမကြီးဟာ United Arab Emirates မှာတည်ရှိပြီး အံ့သြဖွယ်ရာ လမ်းမတစ် ခုဖြစ်ပါတယ် ။ ၇.၃ မိုင်ခန့်ရှည်လျားပြီး ပေ ၄၀၀၀ လောက်နီးပါး ကုန်းတက်လမ်းကို ဖောက်လုပ်ထား တာဖြစ်ပါတယ် ။ အကောက်အကွေ့ပေါင်း ၆၀ ခုပါရှိပြီး မာကျောတဲ့ မျက်နှာပြင်မှာပြုလုပ်ထားတဲ့ ချောမွတ်တဲ့ လမ်းမကြီးဖြစ် ပါတယ် ။ ကမ္ဘာ့ အံ့ဖွယ် ရှစ်ခုထဲမှာ တစ်ခုပါဝင်တယ်လို့ ဖော်ပြခြင်းခံရပြီး သူ့ကို ဘယ်လို ဖန်တီး တည်ဆောက်ခဲ့တယ်ဆိုတာ ကိုတော့ မဖော်ပြထားပါဘူး ။

ဒီလမ်းကြောင်းက Jebel Hafeet တောင်ကို ဖြတ်သန်းဖောက်လုပ်ထားပြီး UAE မှာ အမြင့်ဆုံးလမ်း ကြောင်းဖြစ်ပြီး ရေနံပေါများတဲ့ Persian Gulf ပြည်နယ်မှာတည်ရှိပါတယ် ။ အရှေ့တောင်ဖက်ကို ၃၀ ဒီဂရီမျှ မတ်စောက်ပြီး ဒီတောင်ကြီးဟာ Oman ရဲ့ နယ်နိမိတ်မှာ တည်ရှိပြီး ဒူဘိုင်း ပြည်နယ်နဲ့ မိနစ်ကိုးဆယ်မျှ ကားမောင်းသွားရင် ရောက်ရှိနိုင်ပါတယ် ။ ဒီကားလမ်းမကြီးပေါ်ကနေ သဲကန္တာရတွေရဲ့ မြင်ကွင်းတွေကို ခံစားနိုင်သလို အံ့သြဖွယ်ရာ သဘာဝပါတ်ဝန်းကျင်တွေကို ခံစားကြည့်ရှုနိုင်ပါတယ် ။










0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management