နှုတ်ခွန်းဆက်သခြင်း
အားလုံးပဲ မင်္ဂလာပါဗျာ။ ၂၀၁၃-ခုမှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဒီဘလော့မှာ ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ လောကီပညာတွေကို သိသလောက် လေ့လာဆည်းပူးပြီး တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုကြိုတင်တောင်းပန်ချင်တာကတော့ ကျွန်တော်ဟာ လောကီပညာရှင် တစ်ဦး မဟုတ်ဘူး ဆိုတာပါပဲ။
ဒါပေမယ့် လောကီပညာရပ်တွေကို အင်မတန် ရူးသွတ်စွာ
ဝါသနာပါသူ ဖြစ်သည့်အလျှောက် လောကီပညာများ အင်မတန် ခေတ်စားတဲ့
ထိုင်းနိုင်ငံမှာ လေ့လာစရာတွေ တပုံတပင်ကြီး ရှိနေတာဟာ ကျွန်တော့်အတွက်တော့
အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဒီထက် ပိုပြီး ၀မ်းသာစရာ
ကောင်းတဲ့ အချက်ကတော့ ကျွန်တော်၏ ချစ်လှစွာသော ဇနီးဖြစ်သူဟာ
ထိုင်းဘာသာဗေဒကို ထိုင်းနိုင်ငံသားများနည်းတူ ကျွမ်းကျင်ပိုင်နိုင်စွာ
ပြောဆို ရေးသားနိုင်သူ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော် ၀ါသနာပါတဲ့
လောကီပညာရပ်တွေကို ကောင်းမွန်စွာ လေ့လာနိုင်ခဲ့တယ်။ ရှာဖွေနိုင်ခဲ့တယ်။
ဆည်းပူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့ ချစ်ဇနီးကို ကျေးဇူးတင်တယ်လို့
ပြောချင်ပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် လောကီအတတ်ပညာရှင် တစ်ဦးမဟုတ်တဲ့
ကျွန်တော့်က ဒီဘလော့လေးကနေပြီး ကျွန်တော် လေ့လာဆည်းပူးမိသမျှ
ထိုင်းနိုင်ငံမှ လောကီပညာရပ်များကို အားလုံးသောသူများအတွက် တင်ပြပေးမှာ
ဖြစ်ပါတယ်၊ အမှာ အယွင်း တစ်စုံတစ်ရာ ပါပါက ကျွန်တော်၏ အမှားဖြစ်ကြောင်း
တာဝန်ယူပါသည်။
0 comments:
Post a Comment