အဘပုဏ္ဏား
ကျွန်ုပ်သည် အားလပ်သောအချိန်များ၌ ဝါသနာတူသူများစုဝေးရာအိမ်ကလေးဖြစ်သော
ကိုစုံဖုန်း၏ နေအိမ်သို့သွားရောက်လည်ပတ်လေ၏ ရောက်ရောက်ခြင်းဆိုသလိုပင်
ကိုစုံဖုန်း၏ လက်ထဲ၌ အမျိုးအမည်မသိသော ရုပ်ထုတစ်ခုအား
ပွတ်တိုက်သန့်စင်နေသည်ကို ကျွန်ုပ်မြင်တွေ့လေ၏ ကိုစုံဖုန်း
အလုပ်တွေရှုပ်နေတာလားဗျာ့ဟု ကျွန်ုပ် နှုတ်ဆက်လိုက်လေ၏ မဟုတ်ပါဘူးကွာ
ငါမိတ်ဆွေ တစ်ယောက်က ကိုးကွယ်ဖို့ပေးလိုက်တဲ့
အဘပုဏ္ဏားကိုသန့်ရှင်းရေးလုပ်ပေးနေတာကွဟု ကျွန်ုပ်အား ပြန်လည်အသိပေးလေ၏
ထိုနောက့် ၎င်းက ခဏထိုင်အုံးကွာဟု ပြော၍ လုပ်လက်စအလုပ်များအား လက်စသပ့်၍
ကျွန်ုပ်ရှိရာသို့ရောက်ရှိလာလေ၏ မတွေ့တာတောင်တော်တော်ကြာပြီးကွ
ဘယ်ပျောက်နေတာလည်းဟု ကျွန်ုပ်အား မေးလေ၏ ကျွန်ုပ်က
ပျောက်နေတာမဟုတ်ပါဘူးဗျာ အလုပ်နည်းနည်းများနေလိုပါဟု ပြောပြရလေ၏
ထိုနောက့် ကျွန်ုပ်က ကိုစုံဖုန်း ကိုးကွယ်ဖို့ပေးလိုက်တဲ့
အဘပုဏ္ဏား ဆိုလို့ ပုဏ္ဏားကို ကိုးကွယ်လို့ရသလားဗျာ့ဟု မေးမိလေ၏
ထိုနောက့် ၎င်းက ကိုးကွယ်လို့ရသည်ဟုပြော၍ ထိုင်းနိုင်ငံက
ဘုန်းကြီးကျောင်း တော်တော်များများမှာတော့ ကိုးကွယ်ကြတာ မင်းရောငါရော
တွေ့နေကြတော့အမှန်ပဲမဟုတ်လားဟု ကျွန်ုပ်အားပြောပြလေ၏ ကျွန်ုပ်က
ဟုတ်တာတော့ ဟုတ်ပါတယ် လာဘ်ရွှင် ငွေရွှင်ချင်တဲ့သူတွေ အဘပုဏ္ဏား
လွယ်အိတ်ထဲက ပိုက်ဆံနှိုက်လိုက် ကိုယ်အိတ်ထဲထည့်လိုက် ကိုယ်အိတ်ထဲက
ပိုက်ဆံနှိုက်လိုက် အဘပုဏ္ဏား လွယ်အိတ်ထဲ ထည်ပေးလိုက်နဲ့ တွေ့ဖူးပါတယ်ဟု
ပြောလိုက်လေ၏ ထိုနောက် ၎င်းက အဘပုဏ္ဏား ဆိုတာ လာဘ်ရွှင်
ငွေရွှင်ချင်တာနဲ့ပက်သက်ရင်တော့ တော်တော်အစွမ်းထက်တယ်ကွ အချစ်ရေး ၊
အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး သွားဆုတောင်းမိရင် မင်း
ငါးပါးမှောက်ပြီးသာမှတ်ဟု ကျွန်ုပ်အား ထိုသူ သိသမျှရှင်းပြလေ၏ ဘယ်လို
အချစ်ရေး ၊ အိမ်ထောင်ရေးနဲ့ သွားဆုတောင်းမိရင် ငါးပါးမှောက်မယ်ဆိုလို့
ဖျက်လိုပျက်စီး လုပ်တယ်ဆိုတဲ့သဘောများလာဟု မေးလျှင်မေးချင်း ၎င်းက
ဒီသဘောမျိုးတော့မဟုတ်ပါဘူးကွား ငါ ပြောတာက အချစ်ရေး ၊ အိမ်ထောင်ရေး
အဆင်မပြေသောသူတွေကို သွားဆုတောင်းမိရင် ပြောတာပါ အဓိက လဘ်ရွှင်း
ငွေရွှင်သည်ဟု ရှင်းပြလေ၏ ဈေးသွားလို့တွေ့လိုရှိရင် အဘပုဏ္ဏား
တစ်ဦးလောက် အိမ်ပင့်ကိုးကွယ်ရမည်ဟု ကျွန်ုပ်က တိုင်ပင်လျှင်ပဲ ၎င်းက
ကျွန်ုပ်အား သွားမပင့်နဲကိုလူ အဘပုဏ္ဏားနဲ ပက်သက်ပြီး ပြုလုပ်စီမံတဲ့
ဘုန်တော်ကြီးကျောင်းကိုသာသွာ အကျိုးလည်းရှိတယ် ကုသိုလ် လည်းရတယ်ဟု
ပြောဆို အကြံ ပြုလေတော၏
0 comments:
Post a Comment