Monday, March 11, 2013

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရယူ ပိုင်ဆိုင်ထားနိုင်သူ သရုပ်ဆောင် ‘သင်ဇာဝင့်ကျော်’ နဲ့အတူ တွဲဖက်ပြီး Photo Model လုပ်မယ့် Audience သက်နှင်းဆက် နှင့် တွေ့ဆုံခြင်း

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရယူ ပိုင်ဆိုင်ထားနိုင်သူ သရုပ်ဆောင် ‘သင်ဇာဝင့်ကျော်’ နဲ့အတူ တွဲဖက်ပြီး Photo Model လုပ်မယ့် Audience သက်နှင်းဆက် နှင့် တွေ့ဆုံခြင်း




မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရယူ ပိုင်ဆိုင်ထားနိုင်သူ သရုပ်ဆောင် ‘သင်ဇာဝင့်ကျော်’ နဲ့အတူ တွဲဖက်ပြီး Photo Model လုပ်မယ့် Audience ကတော့ ဗဟန်းမြို့ နယ်၊ ဦးချစ်မောင်လမ်း မှာနေထိုင်သူ ‘သက်နှင်းဆက်’ ပါ။ Celebrity နဲ့ Audience တို့ရဲ့ ပျော်ရွှင်စရာပုံရိပ်တွေ၊

တောက်ပတဲ့ အပြုံးတွေနဲ့ အတူ ဟန်ချက်ညီတဲ့ ပုံရိပ်တွေက စာဖတ်သူ ပရိသတ်တွေရဲ့ စိတ်ကို ကျေနပ်နှစ်သိမ့်နိုင်မယ် ဆိုရင်တော့ …



ပရိသတ်အမေး အနုပညာရှင်အဖြေ



တချို့ မင်းသမီးတွေဆို ဝလာလိုက်၊ ပိန်သွားလိုက် ဖြစ်တတ်ကြတယ်လေ။ အစ်မရဲ့ ခန္ဓာကိုယ် ကျတော့ ဘာမှမပြောင်းလဲဘူး။ အဲဒီလိုမျိုး ဖြစ်အောင် ဘယ်လို ထိန်းသိမ်း ထားပါသလဲ။



ဟိုအရင်တုန်းက အစ်မ Gym သွားဆော့ ဖြစ်တယ်ပေါ့နော်။ နောက်ပိုင်း

ကျတော့ မအားလို့ မဆော့ဖြစ်တော့ဘူး။ အိမ်မှာပဲ စက်တွေ မပါဘဲ

ဆော့ဖြစ်တယ်။ အိပ်ရာက ထတာနဲ့ ခြေထောက် လေ့ကျင့်ခန်းကို အိပ်ရာပေါ်မှာပဲ လှဲပြီးလုပ်လိုက် တယ်ပေါ့နော်။ ပြီးတော့ ခါးလှည့်တဲ့

လေ့ကျင့်ခန်း လုပ်တယ်။ အစ်မက နေ့တိုင်း ပေါင်ချိန် ကြည့်တယ်။ ပေါင် ၁၂ဝ ကျော်ပြီ ဆိုရင် ဝမှာစိုးလို့ ကိုယ့်ဘာသာအစားအသောက် လျော့တယ်။

အဓိက ကတော့ ဗိုက်ပူတာ မကြိုက်ဘူး။ ဗိုက်ပူရင် အဝတ်အစား ဝတ်ရတာ အဆင်မပြေဘူး။ အဲဒါကြောင့် အမြဲတမ်း ပေါင်ချိန်ပြီး ခန္ဓာကိုယ်ကို မဝအောင် ထိန်းတာပေါ့နော်။ ဗိုက် လေ့ကျင့်ခန်းတော့ အမြဲ မလုပ် ဖြစ်ဘဲနဲ့ ခါးလှည့်တာ ကိုတော့ အမြဲလုပ်ဖြစ်တယ်။ အစ်မက အစားအသောက်တော့ သိပ်မရှောင်ဘူး။ ဒါပေမဲ့ စားပြီလို့ ဝိတ် တက်လာရင်တော့ လေ့ကျင့်ခန်းကို ဖိလုပ်လိုက်တယ်။



အစ်မက အသားအရေလှတယ်နော်။ Skin Care လုပ်တာက အိမ်မှာပဲ လုပ်တာလား၊ ဆိုင်မှာ သွားလုပ်တာလား။



အင်း …အစ်မက Lotion တော့ မှန်မှန် လိမ်းတယ်။ Body Scrub ကို တစ်ပတ်တစ်ခါ လောက် အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် လုပ်ဖြစ်ပါတယ်။ ပြီးတော့ အစ်မ က ရေများများသောက်တယ်။ အသီးအရွက် များများ

စားတယ်။ အစ်မက အသီးအရွက်နဲ့ အသီးအနှံတွေကို အရမ်းကြိုက်တယ်။ အစ်မက တစ်နေ့ကို အသီးတစ်ခုလောက်စားလိုက်ရမှစိတ်ကျေနပ်တာ

ပေါ့နော်။အသီး အနှံ များများစားတာလည်း ပါမှာပေါ့ ညီမရယ်။



ဇာတ်ကားတွေ ရိုက်ရင် ဇာတ်ရဲ့ အစက မရိုက်ဘဲနဲ့ ဇာတ်ရဲ့ Tempo

မြှင့်တဲ့နေရာက စရိုက်တာတွေ ရှိတယ်လို့ ကြားဖူးပါတယ်။ ဥပမာ – ဒရမ်မာကားတွေကို စရိုက်ရိုက် ချင်း မှာပဲ ငိုရ တယ်ဆိုရင် အစ်မအနေနဲ့ ဘယ်လိုမျိုး Mood သွင်းပါသလဲ။



ဇာတ်ညွှန်း လာပေးရင် ဇာတ်ကိုနားလည်အောင် ဖတ်တယ်။ ကိုယ့်ကာရိုက်တာက ဘယ်လို အဝတ်အစားမျိုးနဲ့ဆို အဆင်ပြေမလဲ ဆိုတာကို ကြည့်ပြီး အဝတ်အစား ပိုင်းကို သေချာပြင်ဆင်တယ်။ ပြီးတော့ ဇာတ်ထဲကို စိတ်နှစ်ထားလိုက်တယ် ပေါ့နော်။ သရုပ်ဆောင် ခါနီးမှာလည်း ကိုယ်သာ သူ့နေရာမှာ ဒီလိုမျိုးဖြစ်ရင် ဘယ်လိုမျိုး ခံစားရမလဲ ဆိုတာကို စဉ်းစားပြီး သရုပ်ဆောင် ပါတယ်။ အဓိကကတော့ အနုပညာကို ဝါသနာ ပါရမှာပေါ့နော်။ ဝါသနာ ပါတော့ အခက်အခဲ တွေ့ ရင်တောင် ကျော်ဖြတ်နိုင်

တာပေါ့။ ဒရမ်မာ ပဲဖြစ်ဖြစ်၊ ဟာသ ပဲဖြစ်ဖြစ် သရုပ်ဆောင်ရတဲ့ ပုံစံမတူပေ

မယ့် အားလုံးကတော့ သူ့ဟာနဲ့သူ ခက်ခဲပါတယ်။



အနုပညာကို စလုပ်ခါစမှာ မလုပ်တတ်တာ တို့၊ ရှက်တာ တို့ဖြစ်လာရင် အစ်မအနေနဲ့ အဲဒီ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ပါသလဲ။ ဒီအနု

ပညာလောကထဲကို ဝင်မယ့်လူငယ်တွေကိုလည်း အကြံဥာဏ်ပေးစေ

ချင်ပါတယ်။



အစ်မက သိပ်မရှက်တတ်ဘူး။ သိပ်မရှက်တတ်လို့လည်း မင်းသမီး

ဖြစ်လာတာပေါ့နော်။ လူကြားထဲ မတိုးရဲတာမျိုးတွေလည်း မရှိဘူး။ သိပ်လည်း မရှက်တတ်တဲ့ အခါကျတော့ ကြိုးစားရတာ ပိုပြီးလွယ်သွား

တယ်လို့ ထင်တယ်။ အစပိုင်းမှာ ကားရိုက်တုန်းကတော့ ဒိုင်ယာလော့ခ်က နည်းနည်း အခက်အခဲ ရှိတယ်။ ပြောရတဲ့ စကား တွေ နည်းနည်းများ

လာပြီဆိုရင် အိုက်တင်မပါဘဲ ဒိုင်ယာလော့ခ်ချည်းပဲ ပြောလိုက်တာမျိုးတွေ ရှိတယ်။ Flow တန်းနေတာ မျိုးတွေလည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီအလုပ်က လုပ်ရင်းနဲ့ သင်သွား တာဆိုတော့ အတွေ့အကြုံ များလာလေလေ ပိုပြီးတော့ သိလေလေပေါ့နော်။ ပြီးတော့ အစ်မပါတဲ့ ကားတွေကို တစ်ကားပြီး တစ်ကား ပြန်ကြည့်တယ်။ ကိုယ့် လိုအပ်ချက်က ဘာလဲဆိုတာကို ကြည့်တယ်။ ဒိုင်ယာလော့ခ် ကျက်ရင်လည်း စာကျက်သလိုမျိုး မဟုတ်ဘဲနဲ့ အကြောင်းအရာကို အဓိက မှတ်လိုက် တာပေါ့နော်။ အကြောင်းအရာက ဘာပြောချင်တာလဲ ဆိုတာကို သိအောင် လုပ်လိုက်ရင် မှတ်ရတာ လွယ်တယ်။ တစ်လုံးချင်း ကျက်နေရင် အရမ်း ခက်ပါတယ်။ လူငယ်တွေကို ပြောချင်တာကတော့ အနုပညာ မလုပ်ခင်မှာ သရုပ်ဆောင် ဖြစ်ချင်တာလား၊ ဘာတွေ ကြုံလာကြုံလာ ဒီအလုပ်ကို လုပ် နိုင်လား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။ အရမ်းကြီး ဝါသနာပါပြီး လုပ်ချင်တယ် ဆိုရင်တော့ အနုပညာ အလုပ်ကို အာရုံစိုက်ပြီး လုပ်စေချင်ပါတယ်။ ဘယ်အလုပ် မဆို စေတနာပါပါနဲ့ ကိုယ့်စိတ်ထဲက ဖြူဖြူစင်စင် ရိုးရိုးသားသား လုပ်မယ်ဆိုရင် တစ်ချိန်ချိန်မှာ နာမည် ရလာနိုင်ပါတယ်။ တကယ်လို့ အောင်မြင်လာပြီ ဆိုရင် အဲဒီ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းသွားဖို့လည်း လိုပါတယ်။ ကံတွေ၊ စန်းတွေတက်လာ အောင် ဘာသာရေးလည်း များများ လုပ်ပေးရမှာ ပေါ့နော်။ မိဘကို ဒီအလုပ်နဲ့ လုပ်ကျွေးမယ် ဆိုတဲ့ စိတ်ထားပြီး လုပ်ရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါ တယ်။



အနုပညာ အလုပ်က အရမ်းပင်ပန်းတော့ အနုပညာ မလုပ်ခင်က ဘဝကို အစ်မ အနေနဲ့ ပြန်လွမ်းတာမျိုးရှိလား။ ပြီးတော့ အစ်မရဲ့ Fashion နဲ့ပတ်သက်ပြီး နည်း နည်းပြောပြပေးပါဦး။



အင်း … အဲဒီလိုမျိုးတော့ မရှိပါဘူး။ တချို့မင်းသမီးတွေ ကျတော့ အနုပညာရှင် ဖြစ်လာရင် အပြင်မထွက်တာတို့၊ လူတွေ့ခံရမှာ အရမ်း

ကြောက်တာတို့ ရှိတယ်လေ။ အစ်မကျတော့ မင်းသမီး ဖြစ်လာပေမယ့်

လည်း အရင်တုန်းက နေခဲ့တဲ့ အတိုင်းပဲ လွတ်လွတ်လပ်လပ် နေတယ်။ အစ်မက အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ် တဲ့ အတွက်ကြောင့် အိမ်ကလည်း အစ်မ သွားချင်သလို၊ နေချင်သလို နေထိုင်ခွင့် ပေးထား

တယ်ပေါ့နော်။ အစ်မက အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ထားတဲ့ အတွက် ထွက်ပေါက် က ဒီတစ်ခုပဲ ရှိတယ်လေ (ရယ်လျက်)။ အစ်မကလည်း အရမ်းကြီး အပျော်လွန်တာမျိုး မရှိတဲ့အတွက် အပြင်ကို ပုံမှန် ထွက်ဖြစ်ပါတယ်။ အရမ်းကြီး ပင်ပန်းနေရင်တော့ TV ကြည့်တယ်။ အိပ်ရေးဝဝ အိပ်တယ်၊ ဝတ္ထုဖတ်ပြီး အိမ်မှာ နားနေတာပေါ့နော်။ Fashion နဲ့ပတ်သက်ပြီး ပြောရရင် ဟိုးငယ်ငယ် ကတည်း က ကျောင်းစိမ်း ဝတ်စုံကို အမေ … ဒီလိုပုံစံလေးချုပ်ပေး ဆိုပြီး အထွန့်တက်တာပေါ့။ ငယ်ငယ်ကတည်းက Fashion နဲ့ပတ်သက်ရင် မြင်တတ်တာပေါ့နော်။ ဒီဟာနဲ့ ဒီဟာတွဲရင် လိုက်သွားမယ် ဆိုတာကို စိတ်ထဲက အလိုလို သိနေတယ်။ အဲဒါကြောင့် ဘယ်ဟာနဲ့ ဘယ်ဟာတွဲရင် ကောင်းမလဲ ဆိုပြီး အရမ်းကြီး စဉ်းစားနေစရာ မလိုဘူးပေါ့နော်။ အပြင်မှာဆို အစ်မက ဂျင်းနဲ့ တီရှပ်ဝတ်၊ မဟုတ်ရင် စွပ်ကျယ်နဲ့ ဂျင်းပေါ့။ ဓာတ်ပုံရိုက်တဲ့ အဝတ်အစားတွေ ကျတော့ အပြင် မှာ သိပ်မဝတ်ဘူး။



Celebrity သင်ဇာဝင့်ကျော်ရဲ့စကားသံဒီကဏ္ဍလေးက ထူးလည်း ထူးခြား

တယ်။ ပြီးတော့ ဘယ်မဂ္ဂဇင်း မှာမှလည်း မရှိဘူးလေ။ ဒီ ညီမလေး ကလည်း သိချင်တာတွေ မေးရတယ်။ သင်ဇာကလည်း သိချင် တာတွေ မေးလို့ ရတယ်ဆို တော့ တခြား ကဏ္ဍတွေထက် ထူးခြားတဲ့ အတွက် အချိန်ပေးပြီး ရိုက်ဖြစ်တာပါ။ သင်ဇာက မိန်းကလေးပဲ ရွေး လိုက်တဲ့ အတွက် ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် မရှိန်တော့ဘူးပေါ့နော်။ အခုလိုမျိုး ပရိသတ် နဲ့ တွဲရိုက် ရတာကို ပျော်ပါတယ်။ မရွေးဖြစ်တဲ့ ပရိသတ်တွေ အတွက် စိတ်မကောင်းပါဘူး လို့ ပြောချင်ပါတယ်။ သင်ဇာ နဲ့ တွဲရိုက်လို့ အဆင်ပြေတဲ့သူ၊ ပြီးတော့ မိန်းကလေးလည်း ဖြစ်ရမယ် ဆိုပြီး ရွေးခဲ့တာပါ။ အရွေးမခံရတဲ့ ပရိသတ်များလည်း စိတ်မကောင်း မဖြစ်ပါနဲ့ လို့ ပြောချင်ပါတယ်။ အပြင်မှာ သင်ဇာနဲ့ တွေ့ရင် သင်ဇာက ဓာတ်ပုံ ရိုက်ပေးမှာပါ။ နောက်ထပ် အနုပညာရှင်တွေ တွဲရိုက်ဖို့ ဖိတ်ခေါ်ထားတဲ့ အတွက် Form တင်ပြီး ကိုယ်ချစ်တဲ့ အနုပညာရှင် နဲ့ ဓာတ်ပုံ တွဲရိုက်ခွင့်ကို ရယူ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။



အနုပညာရှင်အမေး ပရိသတ်အဖြေ



ညီမလေးနာမည်၊ အသက်နဲ့ ဘာကျောင်း တက်နေတယ် ဆိုတာကို

ပြောပြပေးပါဦး။ မွေးချင်း မောင်နှမရော ရှိလား။



ညီမနာမည်က ‘သက်နှင်းဆက်’ ပါ။ အသက် က ၁၉ နှစ် ရှိပါပြီ။ U.F.L မှာ ထိုင်းဘာသာ နောက်ဆုံးနှစ် တက်နေပါတယ်။ ညီမက တစ်ဦးတည်းသော သမီးပါ။



ညီမက ဒီအနုပညာ အလုပ်ကို ဝါသနာပါ လား။ ညီမ အနေနဲ့ အစ်မလို နာမည်ကြီး အနုပညာရှင် ဖြစ်လာရင် ဘယ်မင်းသားနဲ့ ပိုရိုက်ချင်လဲ။



ဟုတ် … ဝါသနာ ပါပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ကြောက်တတ်တယ်။ Stage စင်နဲ့ လူတွေကို ရှိန်တတ်တာပေါ့နော်။ ဘာပဲ လုပ်လုပ် ကြောက်စိတ်က ဝင်နေ တာပေါ့နော်။ အားတင်းပြီး လုပ်ပေမယ့်လည်း ကြောက်စိတ်က ရှိတာပါပဲ။ ညီမ ဗီဒီယို စရိုက်မယ် ဆိုရင် ကိုအောင်ရဲလင်း နဲ့ တွဲပြီး စရိုက်ချင်ပါတယ် (ရယ်လျက်)။ ပြီးတော့ ညီမလည်း ပိုပိန်အောင် လုပ်ထားရမှာ ပေါ့နော်။ ညီမက ကိုအောင်ရဲလင်း ရဲ့ နှာခေါင်း အကျလေးကို သဘောကျပါတယ်။



တကယ်လို့ ကြောက်စိတ် မရှိတော့ဘူး ဆိုရင် ဒီအနုပညာ အလုပ်ကို လုပ်ဖြစ်မှာလား။ ပြီးတော့ အနုပညာနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတာတွေက …



အစ်မ ပြောသလိုပါပဲ၊ သိပ်မရှက်တတ်မှ ဖြစ်တော့မှာပေါ့နော်။ တတ်နိုင်သမျှ လုပ်ရဲအောင် ကြိုးစားနေပါတယ်။ အစ်မနဲ့ ဓာတ်ပုံ တွဲရိုက်နေတဲ့ အချိန်မှာလည်း စိတ်ကို တင်းထားပြိး လိုက်လုပ် နိုင်အောင် ကြိုးစားမယ်ပေါ့နော်။ ပြီးတော့ ညီမ က စိတ်လှုပ်ရှားလာရင် ဘယ်နားက တုန်နေမှန်း ကို မသိဘူး (အားလုံးရယ်လျက်)။ အနုပညာနဲ့ ပတ်သက်ရင် အဖေက အားပေးတယ်၊ အမေက လည်း လိုက်ပံ့ပိုးပေးတာပေါ့နော်။ နိုင်ငံခြား ဖက်ရှင်ရှိုးတွေ ကြည့်တယ်။ ဗီဒီယို ကားတွေဆိုရင် တော့ မသင်ဇာ ကားတွေ ကြည့်ဖြစ်ပါတယ်။ မစိုးမြတ်သူဇာ ကားတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ မစိုးမြတ်သူဇာ သရုပ်ဆောင်တာတွေက အရမ်းမိုက်တယ်။ သဘာဝကျ တယ်ပေါ့နော်။ မစိုးပြည့်သဇင် ကလည်း ငယ်ငယ်လေးနဲ့ အရမ်း တော်တဲ့အတွက် အရမ်း အားကျမိပါတယ်။ ညီမ လည်း အနုပညာကို အဆုံးစွန်ထိ လုပ်ချင်ပါတယ်။ အဖေနဲ့ အမေလည်း တောက်လျှောက်ဘေးမှာ ပါနေမှာ ဆိုတော့ ညီမအတွက် အခက်အခဲ သိပ် မရှိလောက်ဘူးလို့ ထင်ပါတယ်။



တစ်ဦးတည်းသော သမီးဆိုတော့ ကိုယ့်ရဲ့ မိဘတွေက ကိုယ့်ကို အရမ်းချစ်ပြီး အလိုလိုက်တယ် လို့ ထင်လား။



အလိုတော့ လိုက်ပါတယ်။ ဒါပေမဲ့ အပြင်တွေထွက်လို့ တစ်နေရာကနေ တစ်နေရာကို ဆက်သွားမယ် ဆိုရင် ဖုန်းဆက်ပြီး အကြောင်း ကြားရတာမျိုးတွေ ရှိတယ်။ အချစ် ခံရတာက တစ်ခါတလေ မှာတော့ လူငယ်ဖြစ်တဲ့ အတွက် စိတ်ညစ်ရတာတွေ ရှိတတ်ပေမယ့် မိဘရဲ့စိတ်ကို နားလည်တော့ အဆင်ပြေပါတယ်။ မိဘရဲ့မေတ္တာ က အေးမြတာကို နားလည်ပါတယ် အစ်မ။ အားလုံး ခြုံပြီးပြောရရင်တော့ ညီမ မိဘတွေက ညီမကို အရမ်းချစ်ပြီး အလိုလိုက်ပါတယ်။



အစ်မကို ဆံပင် အတို နဲ့ လိုက်တယ်လို့ ထင်လား။ အရှည်နဲ့ လိုက်တယ်လို့ ထင်လား။ အစ်မရဲ့ အနုပညာ နဲ့ ပတ်သက်ပြီး ညီမလေး သတိထားမိ တာတွေ ပြောပြပေး ပါဦး။



အစ်မက ညီမ မျက်လုံးထဲမှာတော့ ဆွဲဆောင် မှုရှိနေတာပေါ့နော်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ညီမမျက်လုံးထဲမှာ အစ်မက ဆံပင်အရှည် နဲ့ ပိုလိုက်မယ်လို့ ထင်ပါ တယ်။ တချို့ အစ်မရဲ့ ဇာတ်ကားတွေထဲမှာ ဆံပင်ကို အောက်နားလေး ပဲ ကောက်ထားတာက အရမ်းလှပြီး အစ်မနဲ့ လိုက်ပါတယ်။ စကားပြောပြီး ခေါင်းခါ လိုက်တာနဲ့ လွင့်သွားတဲ့ ဆံပင် ပုံစံလေးက မိုက်တယ်။ အစ်မ ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး သတိထားမိတာတွေ ကတော့ အများကြီးပါပဲ။ ဥပမာ – ‘တက်တူး’ လို ကားမျိုးနဲ့ ‘လမ်းပေါ်က နန်းတော်’ လို ကားမျိုး တွေကို ကြိုက်ပါတယ်။ သိမ်ငယ်ရမယ့် ဇာတ်ရုပ် ဆိုရင်လည်း အစ်မရဲ့ပုံစံက အဲဒီ ပုံစံမျိုးဖြစ်အောင် နေတတ်တယ်။ အစ်မကို ခပ်မိုက်မိုက်၊ ဂျစ်ကန်ကန် ပုံစံလေးတွေ သရုပ်ဆောင်ရင် အရမ်း သဘောကျတယ်။ ပြန်ပြီးစွာတဲ့ အခန်းတွေ၊ ပြောတာကို နားမထောင်တဲ့ ပုံစံတွေက အရမ်းမိုက်တယ်။ အစ်မက ဦးဆောင်တဲ့ ပုံစံမျိုး နဲ့ပဲ လိုက်တယ်။ သူများနောက်က လိုက်ရတဲ့ ဇာတ်ရုပ်ကျတော့ အစ်မက ထက်မြက်တဲ့ ပုံစံ ပေါ်နေတော့ သိပ် မလိုက်တော့ဘူး။ (သင်ဇာဝင့်ကျော် – သိမ်ငယ် လို့ မရဘူးပေါ့နော် (ရယ်လျက်)။ ညီမအသက် ၂၁ နှစ်မှာ အဖေက မယ်သီလရှင် ဝတ်ဖို့ ပြောထားပါတယ်။ ဒါပေမဲ့ အစ်မလို သရုပ်ဆောင် လုပ်နေရာကနေ ရုတ်တရက်ကြီး ခေါင်းတုံးတုံး ရမယ် ဆိုရင်တော့ တစ်မျိုးတော့ ဖြစ်နေမှာပေါ့နော်။ အစ်မလို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး လုပ်ဖို့က ညီမ အတွက် တော်တော် ခက်ပါတယ်။ အစ်မကို လည်း ချီးကျူးမိပါတယ်။



Audience သက်နှင်းဆက်ရဲ့ စကားသံ

မသင်ဇာက ညီမကို ရွေးချယ်လိုက်တဲ့ အတွက် အရမ်းလည်း ကျေးဇူးတင်သွားပြီး ဝမ်းလည်း ဝမ်းသာခဲ့ရပါတယ်။ ဓာတ်ပုံ ရိုက်နေတဲ့ အချိန်မှာလည်း ညီမကြောင့် စိတ် အနှောင့်အယှက် ဖြစ်မှာကြောက်တယ်၊ လုပ်နိုင်သွားတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ပြီးတော့ ညီမ Crazy ဖြစ်တဲ့ အနုပညာရှင်ကို အရှင်လတ်လတ် တွေ့လိုက် ရတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ ဇာတ်ကားတွေထဲမှာ မသင်ဇာကို ထွားမယ်လို့ ထင်ရပေမယ့် အပြင်မှာကျတော့ ညီမထက်တောင် သေးနေတော့ ”သြော် …ငါတောင် ဝတုတ်ကြီး ဖြစ်နေတယ်” လို့ တွေးမိပါတယ်။ ဒီကဏ္ဍလေးကို ညီမ တို့လို အဆက် အသွယ် မရှိတဲ့ လူတွေ၊ ကိုယ် အရမ်းကြိုက်ရတဲ့ အနုပညာ ရှင်တွေ နဲ့ တွဲရိုက်ချင် တဲ့လူတွေကို ဆက်သွယ်ပေးနိုင်တဲ့ ပေါင်းကူး တံတားလေးပေါ့နော်။ အရွေးမခံလိုက် ရတဲ့ သူငယ်ချင်းတွေ ကိုလည်း ကိုယ်က အရွေး မခံရ ပေ မယ့် နောက်ထပ် အနုပညာရှင်တွေ အလှည့်ကျရင် ထပ်ပြီးတော့ form တင်စေချင်ပါတယ်။ အရွေးခံ ရပြီး ဓာတ်ပုံ အတူတူ ရိုက်ရတဲ့အခါ မှာ တော်တော်လေးပျော် ဖို့ ကောင်းပါတယ်။ မင်းသား၊ မင်းသမီးတွေ ဆိုပြီးတော့ မာနကြီးတာ မျိုးမရှိဘဲ လက်တွဲခေါ်တယ်လို့ ပြောချင်ပါတယ်။



Yati Magazine



Photo: Audience Of Celebrities’ Choice Saturday, February 09, 2013   မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရယူ ပိုင်ဆိုင်ထားနိုင်သူ သရုပ်ဆောင် ‘သင်ဇာဝင့်ကျော်’ နဲ့အတူ တွဲဖက်ပြီး  Photo Model လုပ်မယ့် Audience ကတော့ ဗဟန်းမြို့ နယ်၊ ဦးချစ်မောင်လမ်း မှာနေထိုင်သူ ‘သက်နှင်းဆက်’ ပါ။ Celebrity နဲ့ Audience တို့ရဲ့ ပျော်ရွှင်စရာပုံရိပ်တွေ၊  တောက်ပတဲ့ အပြုံးတွေနဲ့ အတူ ဟန်ချက်ညီတဲ့ ပုံရိပ်တွေက စာဖတ်သူ ပရိသတ်တွေရဲ့ စိတ်ကို ကျေနပ်နှစ်သိမ့်နိုင်မယ် ဆိုရင်တော့ …   ပရိသတ်အမေး အနုပညာရှင်အဖြေ  တချို့ မင်းသမီးတွေဆို ဝလာလိုက်၊ ပိန်သွားလိုက် ဖြစ်တတ်ကြတယ်လေ။ အစ်မရဲ့ ခန္ဓာကိုယ် ကျတော့ ဘာမှမပြောင်းလဲဘူး။ အဲဒီလိုမျိုး ဖြစ်အောင် ဘယ်လို ထိန်းသိမ်း ထားပါသလဲ။  ဟိုအရင်တုန်းက အစ်မ Gym သွားဆော့ ဖြစ်တယ်ပေါ့နော်။ နောက်ပိုင်း ကျတော့ မအားလို့ မဆော့ဖြစ်တော့ဘူး။ အိမ်မှာပဲ စက်တွေ မပါဘဲ  ဆော့ဖြစ်တယ်။ အိပ်ရာက ထတာနဲ့ ခြေထောက် လေ့ကျင့်ခန်းကို အိပ်ရာပေါ်မှာပဲ လှဲပြီးလုပ်လိုက် တယ်ပေါ့နော်။ ပြီးတော့ ခါးလှည့်တဲ့  လေ့ကျင့်ခန်း လုပ်တယ်။ အစ်မက နေ့တိုင်း ပေါင်ချိန် ကြည့်တယ်။ ပေါင် ၁၂ဝ ကျော်ပြီ ဆိုရင် ဝမှာစိုးလို့ ကိုယ့်ဘာသာအစားအသောက် လျော့တယ်။  အဓိက ကတော့ ဗိုက်ပူတာ မကြိုက်ဘူး။ ဗိုက်ပူရင် အဝတ်အစား ဝတ်ရတာ အဆင်မပြေဘူး။ အဲဒါကြောင့် အမြဲတမ်း ပေါင်ချိန်ပြီး ခန္ဓာကိုယ်ကို မဝအောင် ထိန်းတာပေါ့နော်။ ဗိုက် လေ့ကျင့်ခန်းတော့ အမြဲ မလုပ် ဖြစ်ဘဲနဲ့ ခါးလှည့်တာ ကိုတော့ အမြဲလုပ်ဖြစ်တယ်။ အစ်မက အစားအသောက်တော့ သိပ်မရှောင်ဘူး။ ဒါပေမဲ့ စားပြီလို့ ဝိတ် တက်လာရင်တော့ လေ့ကျင့်ခန်းကို ဖိလုပ်လိုက်တယ်။  အစ်မက အသားအရေလှတယ်နော်။ Skin Care လုပ်တာက အိမ်မှာပဲ လုပ်တာလား၊ ဆိုင်မှာ သွားလုပ်တာလား။  အင်း …အစ်မက Lotion တော့ မှန်မှန် လိမ်းတယ်။ Body Scrub ကို တစ်ပတ်တစ်ခါ လောက် အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် လုပ်ဖြစ်ပါတယ်။ ပြီးတော့ အစ်မ က ရေများများသောက်တယ်။ အသီးအရွက် များများ စားတယ်။ အစ်မက အသီးအရွက်နဲ့ အသီးအနှံတွေကို အရမ်းကြိုက်တယ်။ အစ်မက တစ်နေ့ကို အသီးတစ်ခုလောက်စားလိုက်ရမှစိတ်ကျေနပ်တာ ပေါ့နော်။အသီး အနှံ များများစားတာလည်း ပါမှာပေါ့ ညီမရယ်။  ဇာတ်ကားတွေ ရိုက်ရင် ဇာတ်ရဲ့ အစက မရိုက်ဘဲနဲ့ ဇာတ်ရဲ့ Tempo  မြှင့်တဲ့နေရာက စရိုက်တာတွေ ရှိတယ်လို့ ကြားဖူးပါတယ်။ ဥပမာ – ဒရမ်မာကားတွေကို စရိုက်ရိုက် ချင်း မှာပဲ ငိုရ တယ်ဆိုရင် အစ်မအနေနဲ့ ဘယ်လိုမျိုး Mood သွင်းပါသလဲ။  ဇာတ်ညွှန်း လာပေးရင် ဇာတ်ကိုနားလည်အောင် ဖတ်တယ်။ ကိုယ့်ကာရိုက်တာက ဘယ်လို အဝတ်အစားမျိုးနဲ့ဆို အဆင်ပြေမလဲ ဆိုတာကို ကြည့်ပြီး အဝတ်အစား ပိုင်းကို သေချာပြင်ဆင်တယ်။ ပြီးတော့ ဇာတ်ထဲကို စိတ်နှစ်ထားလိုက်တယ် ပေါ့နော်။ သရုပ်ဆောင် ခါနီးမှာလည်း ကိုယ်သာ သူ့နေရာမှာ ဒီလိုမျိုးဖြစ်ရင် ဘယ်လိုမျိုး ခံစားရမလဲ ဆိုတာကို စဉ်းစားပြီး သရုပ်ဆောင် ပါတယ်။ အဓိကကတော့ အနုပညာကို ဝါသနာ ပါရမှာပေါ့နော်။ ဝါသနာ ပါတော့ အခက်အခဲ တွေ့ ရင်တောင် ကျော်ဖြတ်နိုင် တာပေါ့။ ဒရမ်မာ ပဲဖြစ်ဖြစ်၊ ဟာသ ပဲဖြစ်ဖြစ် သရုပ်ဆောင်ရတဲ့ ပုံစံမတူပေ မယ့် အားလုံးကတော့ သူ့ဟာနဲ့သူ ခက်ခဲပါတယ်။  အနုပညာကို စလုပ်ခါစမှာ မလုပ်တတ်တာ တို့၊ ရှက်တာ တို့ဖြစ်လာရင် အစ်မအနေနဲ့ အဲဒီ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ပါသလဲ။ ဒီအနု ပညာလောကထဲကို ဝင်မယ့်လူငယ်တွေကိုလည်း အကြံဥာဏ်ပေးစေ ချင်ပါတယ်။  အစ်မက သိပ်မရှက်တတ်ဘူး။ သိပ်မရှက်တတ်လို့လည်း မင်းသမီး  ဖြစ်လာတာပေါ့နော်။ လူကြားထဲ မတိုးရဲတာမျိုးတွေလည်း မရှိဘူး။ သိပ်လည်း မရှက်တတ်တဲ့ အခါကျတော့ ကြိုးစားရတာ ပိုပြီးလွယ်သွား တယ်လို့ ထင်တယ်။ အစပိုင်းမှာ ကားရိုက်တုန်းကတော့ ဒိုင်ယာလော့ခ်က နည်းနည်း အခက်အခဲ ရှိတယ်။ ပြောရတဲ့ စကား တွေ နည်းနည်းများ လာပြီဆိုရင် အိုက်တင်မပါဘဲ ဒိုင်ယာလော့ခ်ချည်းပဲ ပြောလိုက်တာမျိုးတွေ ရှိတယ်။ Flow တန်းနေတာ မျိုးတွေလည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီအလုပ်က လုပ်ရင်းနဲ့ သင်သွား တာဆိုတော့ အတွေ့အကြုံ များလာလေလေ ပိုပြီးတော့ သိလေလေပေါ့နော်။ ပြီးတော့ အစ်မပါတဲ့ ကားတွေကို တစ်ကားပြီး တစ်ကား ပြန်ကြည့်တယ်။ ကိုယ့် လိုအပ်ချက်က ဘာလဲဆိုတာကို ကြည့်တယ်။ ဒိုင်ယာလော့ခ် ကျက်ရင်လည်း စာကျက်သလိုမျိုး မဟုတ်ဘဲနဲ့ အကြောင်းအရာကို အဓိက မှတ်လိုက် တာပေါ့နော်။ အကြောင်းအရာက ဘာပြောချင်တာလဲ ဆိုတာကို သိအောင် လုပ်လိုက်ရင် မှတ်ရတာ လွယ်တယ်။ တစ်လုံးချင်း ကျက်နေရင် အရမ်း ခက်ပါတယ်။ လူငယ်တွေကို ပြောချင်တာကတော့ အနုပညာ မလုပ်ခင်မှာ သရုပ်ဆောင် ဖြစ်ချင်တာလား၊ ဘာတွေ ကြုံလာကြုံလာ ဒီအလုပ်ကို လုပ် နိုင်လား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။ အရမ်းကြီး ဝါသနာပါပြီး လုပ်ချင်တယ် ဆိုရင်တော့ အနုပညာ အလုပ်ကို အာရုံစိုက်ပြီး လုပ်စေချင်ပါတယ်။ ဘယ်အလုပ် မဆို စေတနာပါပါနဲ့ ကိုယ့်စိတ်ထဲက ဖြူဖြူစင်စင် ရိုးရိုးသားသား လုပ်မယ်ဆိုရင် တစ်ချိန်ချိန်မှာ နာမည် ရလာနိုင်ပါတယ်။ တကယ်လို့ အောင်မြင်လာပြီ ဆိုရင် အဲဒီ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းသွားဖို့လည်း လိုပါတယ်။ ကံတွေ၊ စန်းတွေတက်လာ အောင် ဘာသာရေးလည်း များများ လုပ်ပေးရမှာ ပေါ့နော်။ မိဘကို ဒီအလုပ်နဲ့ လုပ်ကျွေးမယ် ဆိုတဲ့ စိတ်ထားပြီး လုပ်ရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါ တယ်။  အနုပညာ အလုပ်က အရမ်းပင်ပန်းတော့ အနုပညာ မလုပ်ခင်က ဘဝကို အစ်မ အနေနဲ့ ပြန်လွမ်းတာမျိုးရှိလား။ ပြီးတော့ အစ်မရဲ့ Fashion နဲ့ပတ်သက်ပြီး နည်း နည်းပြောပြပေးပါဦး။  အင်း … အဲဒီလိုမျိုးတော့ မရှိပါဘူး။ တချို့မင်းသမီးတွေ ကျတော့ အနုပညာရှင် ဖြစ်လာရင် အပြင်မထွက်တာတို့၊ လူတွေ့ခံရမှာ အရမ်း  ကြောက်တာတို့ ရှိတယ်လေ။ အစ်မကျတော့ မင်းသမီး ဖြစ်လာပေမယ့် လည်း အရင်တုန်းက နေခဲ့တဲ့ အတိုင်းပဲ လွတ်လွတ်လပ်လပ် နေတယ်။ အစ်မက အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ် တဲ့ အတွက်ကြောင့် အိမ်ကလည်း အစ်မ သွားချင်သလို၊ နေချင်သလို နေထိုင်ခွင့် ပေးထား တယ်ပေါ့နော်။ အစ်မက အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ထားတဲ့ အတွက် ထွက်ပေါက် က ဒီတစ်ခုပဲ ရှိတယ်လေ (ရယ်လျက်)။ အစ်မကလည်း အရမ်းကြီး အပျော်လွန်တာမျိုး မရှိတဲ့အတွက် အပြင်ကို ပုံမှန် ထွက်ဖြစ်ပါတယ်။ အရမ်းကြီး ပင်ပန်းနေရင်တော့ TV  ကြည့်တယ်။ အိပ်ရေးဝဝ အိပ်တယ်၊ ဝတ္ထုဖတ်ပြီး အိမ်မှာ နားနေတာပေါ့နော်။ Fashion နဲ့ပတ်သက်ပြီး ပြောရရင် ဟိုးငယ်ငယ် ကတည်း က ကျောင်းစိမ်း ဝတ်စုံကို အမေ … ဒီလိုပုံစံလေးချုပ်ပေး ဆိုပြီး အထွန့်တက်တာပေါ့။ ငယ်ငယ်ကတည်းက Fashion နဲ့ပတ်သက်ရင် မြင်တတ်တာပေါ့နော်။ ဒီဟာနဲ့ ဒီဟာတွဲရင် လိုက်သွားမယ် ဆိုတာကို စိတ်ထဲက အလိုလို သိနေတယ်။ အဲဒါကြောင့် ဘယ်ဟာနဲ့ ဘယ်ဟာတွဲရင် ကောင်းမလဲ ဆိုပြီး အရမ်းကြီး စဉ်းစားနေစရာ မလိုဘူးပေါ့နော်။ အပြင်မှာဆို အစ်မက ဂျင်းနဲ့ တီရှပ်ဝတ်၊ မဟုတ်ရင် စွပ်ကျယ်နဲ့ ဂျင်းပေါ့။ ဓာတ်ပုံရိုက်တဲ့ အဝတ်အစားတွေ ကျတော့ အပြင် မှာ သိပ်မဝတ်ဘူး။  Celebrity  သင်ဇာဝင့်ကျော်ရဲ့စကားသံဒီကဏ္ဍလေးက ထူးလည်း ထူးခြား တယ်။ ပြီးတော့ ဘယ်မဂ္ဂဇင်း မှာမှလည်း မရှိဘူးလေ။ ဒီ ညီမလေး ကလည်း သိချင်တာတွေ မေးရတယ်။ သင်ဇာကလည်း သိချင် တာတွေ မေးလို့ ရတယ်ဆို တော့ တခြား ကဏ္ဍတွေထက် ထူးခြားတဲ့ အတွက် အချိန်ပေးပြီး ရိုက်ဖြစ်တာပါ။ သင်ဇာက မိန်းကလေးပဲ ရွေး လိုက်တဲ့ အတွက် ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် မရှိန်တော့ဘူးပေါ့နော်။ အခုလိုမျိုး ပရိသတ် နဲ့ တွဲရိုက် ရတာကို ပျော်ပါတယ်။ မရွေးဖြစ်တဲ့ ပရိသတ်တွေ အတွက် စိတ်မကောင်းပါဘူး လို့ ပြောချင်ပါတယ်။ သင်ဇာ နဲ့ တွဲရိုက်လို့ အဆင်ပြေတဲ့သူ၊ ပြီးတော့ မိန်းကလေးလည်း ဖြစ်ရမယ် ဆိုပြီး ရွေးခဲ့တာပါ။ အရွေးမခံရတဲ့ ပရိသတ်များလည်း စိတ်မကောင်း မဖြစ်ပါနဲ့ လို့ ပြောချင်ပါတယ်။ အပြင်မှာ သင်ဇာနဲ့ တွေ့ရင် သင်ဇာက ဓာတ်ပုံ ရိုက်ပေးမှာပါ။ နောက်ထပ် အနုပညာရှင်တွေ တွဲရိုက်ဖို့ ဖိတ်ခေါ်ထားတဲ့ အတွက် Form တင်ပြီး ကိုယ်ချစ်တဲ့ အနုပညာရှင် နဲ့ ဓာတ်ပုံ တွဲရိုက်ခွင့်ကို ရယူ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။  အနုပညာရှင်အမေး ပရိသတ်အဖြေ  ညီမလေးနာမည်၊ အသက်နဲ့ ဘာကျောင်း တက်နေတယ် ဆိုတာကို  ပြောပြပေးပါဦး။ မွေးချင်း မောင်နှမရော ရှိလား။  ညီမနာမည်က ‘သက်နှင်းဆက်’ ပါ။ အသက် က ၁၉ နှစ် ရှိပါပြီ။ U.F.L မှာ ထိုင်းဘာသာ နောက်ဆုံးနှစ် တက်နေပါတယ်။ ညီမက တစ်ဦးတည်းသော သမီးပါ။  ညီမက ဒီအနုပညာ အလုပ်ကို ဝါသနာပါ လား။ ညီမ အနေနဲ့ အစ်မလို နာမည်ကြီး အနုပညာရှင် ဖြစ်လာရင် ဘယ်မင်းသားနဲ့ ပိုရိုက်ချင်လဲ။  ဟုတ် … ဝါသနာ ပါပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ကြောက်တတ်တယ်။ Stage စင်နဲ့ လူတွေကို ရှိန်တတ်တာပေါ့နော်။ ဘာပဲ လုပ်လုပ် ကြောက်စိတ်က ဝင်နေ တာပေါ့နော်။ အားတင်းပြီး လုပ်ပေမယ့်လည်း ကြောက်စိတ်က ရှိတာပါပဲ။ ညီမ ဗီဒီယို စရိုက်မယ် ဆိုရင် ကိုအောင်ရဲလင်း နဲ့ တွဲပြီး စရိုက်ချင်ပါတယ် (ရယ်လျက်)။ ပြီးတော့ ညီမလည်း ပိုပိန်အောင် လုပ်ထားရမှာ ပေါ့နော်။ ညီမက ကိုအောင်ရဲလင်း ရဲ့ နှာခေါင်း အကျလေးကို သဘောကျပါတယ်။  တကယ်လို့ ကြောက်စိတ် မရှိတော့ဘူး ဆိုရင် ဒီအနုပညာ အလုပ်ကို လုပ်ဖြစ်မှာလား။ ပြီးတော့ အနုပညာနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတာတွေက …  အစ်မ ပြောသလိုပါပဲ၊ သိပ်မရှက်တတ်မှ ဖြစ်တော့မှာပေါ့နော်။ တတ်နိုင်သမျှ လုပ်ရဲအောင် ကြိုးစားနေပါတယ်။ အစ်မနဲ့ ဓာတ်ပုံ တွဲရိုက်နေတဲ့ အချိန်မှာလည်း စိတ်ကို တင်းထားပြိး လိုက်လုပ် နိုင်အောင် ကြိုးစားမယ်ပေါ့နော်။ ပြီးတော့ ညီမ က စိတ်လှုပ်ရှားလာရင် ဘယ်နားက တုန်နေမှန်း ကို မသိဘူး (အားလုံးရယ်လျက်)။ အနုပညာနဲ့ ပတ်သက်ရင် အဖေက အားပေးတယ်၊ အမေက လည်း လိုက်ပံ့ပိုးပေးတာပေါ့နော်။ နိုင်ငံခြား ဖက်ရှင်ရှိုးတွေ ကြည့်တယ်။ ဗီဒီယို ကားတွေဆိုရင် တော့ မသင်ဇာ ကားတွေ ကြည့်ဖြစ်ပါတယ်။ မစိုးမြတ်သူဇာ ကားတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ မစိုးမြတ်သူဇာ သရုပ်ဆောင်တာတွေက အရမ်းမိုက်တယ်။ သဘာဝကျ တယ်ပေါ့နော်။ မစိုးပြည့်သဇင် ကလည်း ငယ်ငယ်လေးနဲ့ အရမ်း တော်တဲ့အတွက် အရမ်း အားကျမိပါတယ်။ ညီမ လည်း အနုပညာကို အဆုံးစွန်ထိ လုပ်ချင်ပါတယ်။ အဖေနဲ့ အမေလည်း တောက်လျှောက်ဘေးမှာ ပါနေမှာ ဆိုတော့ ညီမအတွက် အခက်အခဲ သိပ် မရှိလောက်ဘူးလို့ ထင်ပါတယ်။  တစ်ဦးတည်းသော သမီးဆိုတော့ ကိုယ့်ရဲ့ မိဘတွေက ကိုယ့်ကို အရမ်းချစ်ပြီး အလိုလိုက်တယ် လို့ ထင်လား။  အလိုတော့ လိုက်ပါတယ်။ ဒါပေမဲ့ အပြင်တွေထွက်လို့ တစ်နေရာကနေ တစ်နေရာကို ဆက်သွားမယ် ဆိုရင် ဖုန်းဆက်ပြီး အကြောင်း ကြားရတာမျိုးတွေ ရှိတယ်။ အချစ် ခံရတာက တစ်ခါတလေ မှာတော့ လူငယ်ဖြစ်တဲ့ အတွက် စိတ်ညစ်ရတာတွေ ရှိတတ်ပေမယ့် မိဘရဲ့စိတ်ကို နားလည်တော့ အဆင်ပြေပါတယ်။ မိဘရဲ့မေတ္တာ က အေးမြတာကို နားလည်ပါတယ် အစ်မ။ အားလုံး ခြုံပြီးပြောရရင်တော့ ညီမ မိဘတွေက ညီမကို အရမ်းချစ်ပြီး အလိုလိုက်ပါတယ်။  အစ်မကို ဆံပင် အတို နဲ့ လိုက်တယ်လို့ ထင်လား။ အရှည်နဲ့ လိုက်တယ်လို့ ထင်လား။ အစ်မရဲ့ အနုပညာ နဲ့ ပတ်သက်ပြီး ညီမလေး သတိထားမိ တာတွေ ပြောပြပေး ပါဦး။  အစ်မက ညီမ မျက်လုံးထဲမှာတော့ ဆွဲဆောင် မှုရှိနေတာပေါ့နော်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ညီမမျက်လုံးထဲမှာ အစ်မက ဆံပင်အရှည် နဲ့ ပိုလိုက်မယ်လို့ ထင်ပါ တယ်။ တချို့ အစ်မရဲ့ ဇာတ်ကားတွေထဲမှာ ဆံပင်ကို အောက်နားလေး ပဲ ကောက်ထားတာက အရမ်းလှပြီး အစ်မနဲ့ လိုက်ပါတယ်။ စကားပြောပြီး ခေါင်းခါ လိုက်တာနဲ့ လွင့်သွားတဲ့ ဆံပင် ပုံစံလေးက မိုက်တယ်။ အစ်မ ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး သတိထားမိတာတွေ ကတော့ အများကြီးပါပဲ။ ဥပမာ – ‘တက်တူး’ လို ကားမျိုးနဲ့ ‘လမ်းပေါ်က နန်းတော်’ လို ကားမျိုး တွေကို ကြိုက်ပါတယ်။ သိမ်ငယ်ရမယ့် ဇာတ်ရုပ် ဆိုရင်လည်း အစ်မရဲ့ပုံစံက အဲဒီ ပုံစံမျိုးဖြစ်အောင် နေတတ်တယ်။ အစ်မကို ခပ်မိုက်မိုက်၊ ဂျစ်ကန်ကန် ပုံစံလေးတွေ သရုပ်ဆောင်ရင် အရမ်း သဘောကျတယ်။ ပြန်ပြီးစွာတဲ့ အခန်းတွေ၊ ပြောတာကို နားမထောင်တဲ့ ပုံစံတွေက အရမ်းမိုက်တယ်။ အစ်မက ဦးဆောင်တဲ့ ပုံစံမျိုး နဲ့ပဲ လိုက်တယ်။ သူများနောက်က လိုက်ရတဲ့ ဇာတ်ရုပ်ကျတော့ အစ်မက ထက်မြက်တဲ့ ပုံစံ ပေါ်နေတော့ သိပ် မလိုက်တော့ဘူး။ (သင်ဇာဝင့်ကျော် – သိမ်ငယ် လို့ မရဘူးပေါ့နော် (ရယ်လျက်)။ ညီမအသက် ၂၁ နှစ်မှာ အဖေက မယ်သီလရှင် ဝတ်ဖို့ ပြောထားပါတယ်။ ဒါပေမဲ့ အစ်မလို သရုပ်ဆောင် လုပ်နေရာကနေ ရုတ်တရက်ကြီး ခေါင်းတုံးတုံး ရမယ် ဆိုရင်တော့ တစ်မျိုးတော့ ဖြစ်နေမှာပေါ့နော်။ အစ်မလို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး လုပ်ဖို့က ညီမ အတွက် တော်တော် ခက်ပါတယ်။ အစ်မကို လည်း ချီးကျူးမိပါတယ်။  Audience သက်နှင်းဆက်ရဲ့ စကားသံ မသင်ဇာက ညီမကို ရွေးချယ်လိုက်တဲ့ အတွက် အရမ်းလည်း ကျေးဇူးတင်သွားပြီး ဝမ်းလည်း ဝမ်းသာခဲ့ရပါတယ်။ ဓာတ်ပုံ ရိုက်နေတဲ့ အချိန်မှာလည်း ညီမကြောင့် စိတ် အနှောင့်အယှက် ဖြစ်မှာကြောက်တယ်၊ လုပ်နိုင်သွားတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ပြီးတော့ ညီမ Crazy ဖြစ်တဲ့ အနုပညာရှင်ကို အရှင်လတ်လတ် တွေ့လိုက် ရတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ ဇာတ်ကားတွေထဲမှာ မသင်ဇာကို ထွားမယ်လို့ ထင်ရပေမယ့် အပြင်မှာကျတော့ ညီမထက်တောင် သေးနေတော့ ”သြော် …ငါတောင် ဝတုတ်ကြီး ဖြစ်နေတယ်” လို့ တွေးမိပါတယ်။ ဒီကဏ္ဍလေးကို ညီမ တို့လို အဆက် အသွယ် မရှိတဲ့ လူတွေ၊ ကိုယ် အရမ်းကြိုက်ရတဲ့ အနုပညာ ရှင်တွေ နဲ့ တွဲရိုက်ချင် တဲ့လူတွေကို ဆက်သွယ်ပေးနိုင်တဲ့ ပေါင်းကူး တံတားလေးပေါ့နော်။ အရွေးမခံလိုက် ရတဲ့ သူငယ်ချင်းတွေ ကိုလည်း ကိုယ်က အရွေး မခံရ ပေ မယ့် နောက်ထပ် အနုပညာရှင်တွေ အလှည့်ကျရင် ထပ်ပြီးတော့ form တင်စေချင်ပါတယ်။ အရွေးခံ ရပြီး ဓာတ်ပုံ အတူတူ ရိုက်ရတဲ့အခါ  မှာ တော်တော်လေးပျော် ဖို့ ကောင်းပါတယ်။ မင်းသား၊ မင်းသမီးတွေ ဆိုပြီးတော့ မာနကြီးတာ မျိုးမရှိဘဲ လက်တွဲခေါ်တယ်လို့ ပြောချင်ပါတယ်။  Yati Magazine

1 comments:

Unknown said...

ကျမ်းမာရေးကအ ရေး ကြီးတာ သိလို့ ဝမ်းသာတယ်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management