sweetpeony:အမေးနှင့် စုန်း အောက်လမ်း ပြဿနာ အဖြေ။
မေး။ ။ sweetpeony: အရှင်ဘုရား ဗုဒ္ဓဘာသာမှာ စုန်းတွေ အောက်လမ်းတွေ ကို ယုံကြည့်မှု ထားသင့်ပါလားဘုရား။ အဲဒီအပေါ်မှာ ဗုဒ္ဓဘာသာအနေနဲ့ ဘယ်လိုပြန်ပြီး ချေပ ကာကွယ် ရမလဲဘုရား။ဖြေ။ ။ ယုံကြည့်မှုဆိုရာ၌၊ အမျိုးမျိုးရှိပါသည်၊ ရှိသည်ဟူ၍ ယုံကြည်ခြင်း၊ ကိုးကွယ်အားထားရာ ဟူ၍ ယုံကြည်ခြင်း စသည်စသည်များ ဖြစ်ကြပါသည်။
ဥပမာအားဖြင့်= တစ်နေရာရာ၌ အိုစမာဘင်လာဒင် ရှိနေသည် ဆိုသည်ကို ရွာဦင်္းကျောင်းဆရာတော် ယုံကြည်ပါသည်၊ သို့သော်လည်း ၄င်းဘင်လာဒင်အား သက်ရှိထင်ရှားရှိသည် ဒါမှမဟုတ် ရှိခဲ့သည်ဟု ယုံကြည်ရုံသက်သက် သာဖြစ်ပါသည်၊ ယုံကြည့်ခြင်းသည် ကိုးကွယ်ခြင်းမဟုတ်ပါ။
ဗုဒ္ဓဘာသာ၌ စုန်းတွေ အောက်လမ်းပညာဆရာတွေကို မယုံကြည်ဘူးဟူ၍ မပါရှိပေ၊ သို့သော် ၄င်းတို့ကို ကိုးကွယ်ဆည်းကပ်စရာ မဟုတ်ဟု၍ကား ပါရှိပါသည်။
ထို့ကြောင့် ၄င်း စုန်းတွေ အောက်လမ်းပညာရှင်တွေသည် လောက၌ ရှိသည်မှာ မှန်ပေ၏၊ ရှိသည်ဟူ၍လည်း ယုံပါလေ.။
သို့သော်လည်း အိမ်ပေါ်တင်၍ ငှက်ပျော်ပွဲ အုန်းပွဲများဖြင့် ကိုးကွယ်ဆည်းစရာ မလိုဟူ၍လည်း ဆက်လက်မှတ်သားထားပါလေ။ (ပေတဝတ္တု နိမာနဝတ္တုများကို ဖတ်ပါ)
ကိုးကွယ်ရာနှင့် ယုံကြည်ရာကို ခွဲခြားနိုင်ကြပါစေ။


3/30/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment