စင်္ကာပူနိုင်ငံတွင် အသက်(၄၂)နှစ်အရွယ်အမျိုးသားက Mandai ရှိ ၎င်း၏ လောင်းကစားဖက် သူငယ်ချင်းများနှင့် သွားတွေ့တာ သူမအားခေါ်သွားမည်ဟုဆိုကာ အသက်(၁၆)နှစ်အရွယ်ကျောင်းသူလေးအား တောထဲတနေရာသို့ ၁၉၉၆ စက်တင်ဘာလတုန်းက ကားမောင်းခေါ်သွားခဲ့ပြီး သူမ၏ မျက်မှန်ဆွဲချွတ် ၊ အမြင်မသဲကွဲတော့သည့် မိန်းကလေးအား အခွင့်ကောင်းယူကာ အဝတ်တွေ ဆွဲချွတ်ပစ်ခဲ့ပြီး မတော်တရော် ပြုလုပ်ခဲ့သည့်အတွက် ၎င်းအား ထောင်ဒဏ်(၁၅)နှစ် ပြစ်ဒဏ်ချခဲ့စေရန် တရားရုံးက ဗုဒ္ဓဟူးနေ့တွင် စီရင်ချက်ချခဲ့ကြောင်း သိရသည်။
ယခုအခါ အသက်(၅၈)နှစ် ရှိနေပြီဖြစ်သော ထိုအမျိုးသားသည် ငွေဒဏ်မပေးနိုင်တဲ့အတွက် ထောင်ဒဏ်(၁၅)နှစ်ကျခံပြီးနောက် ငွေဒဏ်အတွက် နောက်ထပ်နှစ်လ ထောင်ထဲဆက်နေရမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment