စင်္ကာပူနိုင်ငံတွင် ဘတ်စ်ကားကြပ်ချိန်၌ Old Jurong လမ်းမကြီးတလျောက်ပြေးဆွဲနေသော နံပါတ် (၁၇၄)ဘတ်စ်ကားထဲ အသက်(၅၈)နှစ်အရွယ် အမျိုးသားက ၎င်း၏အနီးအနားမှာရှိတဲ့ အသက်(၁၆)နှစ်အရွယ် မိန်းကလေးနှစ်ဦးအား မတော်တရော် ပြုမူခဲ့တဲ့အတွက် အင်္ဂါနေ့တွင် ထောင်ဒဏ် ရက်သတ္တပတ်(၁၅)ပတ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
သူ့ဘေးနား မတ်တပ်ရပ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘယ်ဘက်ပေါင်ကို ၎င်းက မိန်းကလေး၏ သဘောတူညီချက်မရှိဘဲ ထိတွေ့ကိုင်တွယ်ခဲ့တယ်လို့ သိရပါတယ်။
0 comments:
Post a Comment