ဆရာတော်ဦးဗုဓ်သည် ကုန်းဘောင်ခေတ်၌ ပရိယတ္တိ နေမင်းတစ်ဆူ ပမာထင်ရှားကျော်ကြားတော်မူသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်ဦးဗုဓ်ကို ၁၁၄၉-ခု၊ နယုန်လပြည့်ကျော် (၅)ရက် အင်္ဂါနေ့တွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၊ သာခေါင်ရပ်၌ မွေးဖွားသည်။ မိဘများမှာ ဦးအိုနှင့် ဒေါ်မွှေး ဖြစ်သည်။ ဆရာတော်လောင်းလျာ သတို့သားကို ဖွားမြင်စဉ် လငပုပ်ဖမ်းချိန်နှင့် တိုက်ဆိုင်ကြုံတွေ့ရသောကြောင့် အမည်ကို မောင်ပုပ် ဟု မှည့်ခေါ်ကြသည်။
ငယ်ဘဝ
မောင်ပုပ် ကိုးနှစ်သား အရွယ်တွင် မိဘများက ညောင်ကန်အနောက်တိုက် (ရတနာမဉ္ဇူတိုက်)ဘုန်းတော်ကြီး ဦးပြေထံ ပညာသင်ရန် အပ်နှံပေးကြသည်။ မောင်ပုပ်သည် မင်္ဂလသုတ်၊ ပရိပ်ကြီး၊ လောကနီတိ၊ ရတနာရွှေချိုင့်၊ နမက္ကာရ စသော လောကုတ္တရာ အခြေခံစာပေများကို ကျနစွာ သင်ယူဆည်းပူးသည်။ မောင်ပုပ်သည် ငယ်စဉ်ကတည်းက စာပေအလွန် ၀ါသနာပါသည်။ သင်သမျှစာများကို အလွတ်အာဂုံရအောင် ကြိုးစားကျက်မှတ်သည်။မောင်ပုပ်(၁၃)နှစ်အရွယ်တွင် ဘုန်းတော်ကြီးဦးသာပုံထံ ဆက်လက်ပညာ သင်ကြားလေသည်။ ဆရာတော်ဦးသာပုံက ဉာဏ်ပညာထွန်းပြောင်မည့် တပည့်အဖြစ် မြင်တော်မူ၍ မောင်ပုပ်အမည်မှ ဗုဓသဒ္ဒါကို ထောက်၍ မောင်ဗုဓ် ဟု ပြောင်းပေးလိုက်သည်။
ကျော်ကြားသည့် ဂုဏ်သတင်းကြောင့် ဘကြီးတော်မင်းနှင့် မိဖုရားခေါင်ကြီးမယ်နုတို့က ကိုးကွယ်ခြင်းကိုခံခဲ့ရသည်။ မယ်နုအုတ်ကျောင်းဟုကျော်ကြားသည့် မဟာအတုလဘုံမြေကျောင်းတော်ကြီးကိုလည်း တည်ဆောက်လှုဒန်းခြင်းကိုလည်း ခံယူခဲ့ရသည်။
ကိုးကား
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့် ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။
အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc


1/11/2013
mykyawthiha.blogspot.com

Posted in:


0 comments:
Post a Comment