မေတ္တာရှင် (ရွှေပြည်သာ) | |
မွေးသက္ကရာဇ် | (၁၆-၂-၆၅) |
နိုင်ငံ | မြန်မာ |
အမည်ရင်း | |
မိဘအမည် | ဦးထီ + ဒေါ်သိန်းရင် |
မွေးဖွားရာ ဒေသ | မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက် |
ထင်ရှားကျော်ကြားမှု | ဓမ္မစာပေ ရေးသားမှု |
မေတ္တာရှင်(ရွှေပြည်သာ)(၁၃၆၂-)
၁၃၆၂ - ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ (၁၆-၂-၆၅)အင်္ဂါနေ့၊ မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ်၌ ခမည်းတော် ဦးထီ+မယ်တော် ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။ မွေးချင်းလေးယောက် အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။၁၃၃၈ - ခုနှစ်တွင် မူလဆီးဘန်နီကျောင်းတိုက်၊ ပညာ့ဗိမာန် သာသနာပြုကျောင်းဆရာတော် ဦးပညာသာမိကို ဥပဇ္ဈာယ်ပြု၍ မယ်တော် ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေဘ၀သို့ ရောက်ရှိသည်။
၁၃၄၆ - ခုနှစ်၊ ကဆုန်လဆန်း(၁၅)ရက်နေ့တွင် မန္တလေးမြို့၊ တောင်ပြင်မိုးတားတိုက် ခဏ္ဍသိမ်တော်မြတ်၌ မိုးတားတိုက်ဆရာတော် ဦးမေဃိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ရဟန်း ဒါယကာ၊ ဒါယကာမများမှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သီတာအေး(၉၀၂)ရပ်ကွက်မှ ဦးဝင်းမြင့်၊ ဒေါ်ထွေး၊ ဦးဝင်းမြ၊ ဒေါ်ခင်မူတို့ဖြစ်ကြသည်။
၁၃၄၃ - ခုနှစ်မှစ၍ မန္တလေးမြို့ မူလဆီးဘန်နီကျောင်းတိုက်၊ ပညာ့ဗိမာန်သာသနာပြုကျောင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သာသနာ့မူလိကာရာမကျောင်းသစ်ကျောင်း၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တို့၌ ငယ်၊ လတ်၊ ကြီး စာမေးပွဲများအောင်မြင်၍ ဓမ္မာစရိယတန်းရောက်သည်အထိ ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ ဆရာနည်း ရအောင် အချိန်ယူ၍အားထုတ်ခဲ့သော ၀ိပဿနာနည်းများမှာ မိုးကုတ်ဝိပဿနာ၊ ကသစ်ဝိုင်ဝိပဿနာ၊ ပခုက္ကူ ၀ိပဿနာသင်တန်းတရားတို့ဖြစ်သည်။ ကျမ်းစာအုပ်ကိုဆရာအနေထား၍ လေ့လာအားထုတ်ခဲ့သောနည်းများမှာ မဟာစည်ဝိပဿနာ၊ စွန်းလွန်းဝိပဿနာ၊ သဲအင်းဂူဝိပဿနာ၊ သစ္စဒီပက၀ိပဿနာ၊ ညောင်လွန့်တောရ(ဘုံကျဉ်း)၀ိပဿနာ၊ အမြိုက်ဝိပဿနာ၊ လယ်တီဝိပဿနာ တို့ဖြစ်သည်။
ရဟန်းနှစ်ဝါ(၂၂) နှစ်သားမှ ယခုချိန်တိုင်အောင် ဗုဒ္ဓဓမ္မလောက၊ ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ဆုမွန်၊ မြတ်မွန်ရတနာ၊ သာသနာ့ရောင်ခြည်၊ ဇမ္ဗူ့ရတနာ၊ လျှို့ဝှက်ဆန်းကြယ်၊ နိုင်ငံဂုဏ်ရည်၊ ဘာသာသွေး၊ မြစ်မခစာသ၀ဏ်၊ သူရဇ္ဇ၊ ရောင်ပြန် စသော မဂ္ဂဇင်းများတွင် ဆောင်းပါးအပုဒ်နှစ်ရာကျော်နှင့် ၀တ္ထုတို၊ ရှည် အပုဒ်(၁၀၀)ကျော်တို့ကို ရေးသားခဲ့သည်။ ကလောင်အမည်များမှာ-
- ဦးဇ၀န(တောင်သာ)
- အရှင်ဇ၀န(မန္တလေး)
- မေတ္တာရှင်(ရွှေပြည်သာ) တို့ဖြစ်သည်။
ဆရာနည်းရအောင် အချိန်ယူ၍ အားထုတ်ခဲ့သော ၀ိပဿနာနည်းများမှာ မိုးကုတ်ဝိပဿနာ၊ ကသစ်ဝိုင်းဝိပဿနာ၊ ပခုက္ကူဝိပဿနာ၊ သင်တန်းဆရာ တို့ဖြစ်သည်။ အချိန်ပိုင်းလေ့လာအားထုတ်ခဲ့သော နည်းများမှာ- မဟာစည် ၀ိပဿနာ၊ စွန်းလွန်း ၀ိပဿနာ၊ သဲအင်းဂူ ၀ိပဿနာ၊ သစ္စဒီပက ၀ိပဿနာ၊ ညောင်လွန့်တောရ(ဘုံကျဉ်း) ပိပဿနာ၊ အမြိုက် ၀ိပဿနာ၊ လယ်တီ ၀ိပဿနာ တို့ဖြစ်သည်။
ယခုအချိန်တွင်ပခုက္ကူဝိပဿနာသင်တန်းတရားကို အမာခံ၍ ဟောကြားပြသလျှက်ရှိသည်။ ဆရာတော် ရေးသားသော ကျမ်းစာအုပ်များကို ဖတ်ရှုမိရာမှတစ်ဆင့် ပင့်ဖိတ်မှုများကြောင့် အနယ်နယ်အရပ်ရပ်သို့ ကြွရောက်ကာ တရားဒေသနာများကို ဟောကြားပြသလျှက်ရှိသည်။ စေတနာ သဒ္ဓါတရား အလျှောက် လှူဒါန်းလာသော ကျောင်းမြေများကို အလှူခံ၍ ရိပ်သာများဖွင့်လှစ်ကာ တရားပြသလျှက် ရှိသည်။ ကော့သောင်းမြို့(၇)မိုင်တောရ ဝေနေယျသုခဓမ္မရိပ်သာတွင် တပေါင်းလမှ နယုန်လအထိ၊ မြိတ်မြို့နယ် ကျောက်ဖြူတောင်ရွာသစ်ညီနောင် ရွှေပြည်သာဓမ္မရိပ်သာတွင် ၀ါဆိုမှ သီတင်းကျွတ်လထိ၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မန္တလေးကျောင်းတွင် တန်ဆောင်မုန်းလမှ တပို့တွဲလထိ အလုပ်ပေး ၀ိပဿနာတရားများကို ဟောကြားပြသလျှက်ရှိသည်။
မေတ္တာရှင်(ရွှေပြည်သာ) အမည်ဖြင့် ရေးသားသောစာအုပ်များ
- မျက်ရည်မကျခင် သိစေချင်
- ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း(ပထမတွဲ)(ဒုတိယတွဲ)
- သရဏဂုံအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ
- မေတ္တာအစွမ်း အံ့မခန်း
- မဂ်တား ဖိုလ်တား အန္တာရယ်များ
- အတွင်းရန်သူ
- စာရိတ္တသတ္တိ
- မိဘမေတ္တာရသစုများ(မင်းထိန်းထိပ်နှင့်တွဲ၍)
- မြန်မာတို့၏အသက်
- အသေမြတ်ချင်သေနည်းသင်
- မိရိုးဖလာနှင့်တကယ့်ဗုဒ္ဓဘာသာ
- သစ္စာတရားတော်အပိုင်း(၁)(၂)(၃)(၄)(၅)(၆)
- ကိုးဆယ့်နှစ်ကမ္ဘာငိုခဲ့ရသူများ
- အတွင်းရန်သူ
- စုန်လမ်းနှင့်ဆန်လမ်း
- ကျောင်းအမနတ်သမီးအလှကြီး
- လူငယ်များအတွက်ဂမ္ဘီရ၀ိပဿန(၁)(၂)(၃)(၄)(၅)(၆)
- အရှုံးမရှိသောဒဿန
- မေတ္တာဖြင့်စီးပွားရှာခြင်း
- မယ်တော်ကြီးထံဝိပဿနာပေးစာ
- ပန်းဒကာနှင့်မုဒိတာ
- ဘ၀နှင့်ရင်းရသောအတွေးအမြင်များ(၂)
- တကယ့်ဗုဒ္ဓဘာသာနှင့်သစ္စာလေးပါး
- သညာသိနှင့်ပညာသိ(ပထမပိုင်း)(ဒုတိယပိုင်း)
ရရှိခဲ့သောဆုများ
- ၁၉၉၂ခုနှစ်တွင် မြတ်ဆုမွန် မဂ္ဂဇင်းမှ ဦးစီး၍ ကျင်းပသော ဗုဒ္ဓဘာသာနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဟူ သော ခေါင်းစီးဖြင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။
- ၂၀၀၂ခုနှစ်တွင် ကျင်းပသော မြတ်မိခင်စာပေဆုဝတ္ထုတိုပြိုင်ပွဲတွင် နံ့သာပမာ မိဘမေတ္တာ ၀တ္ထုဖြင့် တတိယဆုကို ရရှိသည်။
07:24, 1 မတ် 2009 (UTC)
ကိုးကား
- www.myanmarbookshop.com
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့် ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။
အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc
0 comments:
Post a Comment