ရွာကြီး သျှင်ဥကံ္ကသမာလာ ( ၁ဝ၄ဝ ခန့်-၁၁ဝဝ ခန့် )
သက္ကရာဇ် ၁ဝ၇၆-ခုနှစ်တွင် ရတနာပူရရွှေမြို့တော်၌ ညောင်ရမ်းကိုးဆက်မြောက်
ဖြစ်သော လောကမာရ်အောင်စေတီတော်ဒါယကာ တနင်္ဂနွေမင်းတရားသည် ' မဟာသီရိသုဓမ္မ
ရာဇာဓိရာဇာ ' ဟူသော ဘွဲ့တံဆိပ်နာမံကို ခံယူ၍ မင်းပြုတော်မူသည်။
ထိုမင်းလက်ထက်တွင် ရွှေယင်မြော်ရွာကြီးသား ဖြစ်သော ဆရာတော်သျှင်ဥကံ္ကသ
မာလာသည် ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းဂန်တို့၌ လိမ္မာတတ်ကျွမ်းတော်မူသဖြင့်
ထူးချွန်သော ဆရာတော်တစ်ပါး ဖြစ်သည်။ လောကရေး၊ ရာဇရေးတို့၌လည်း
ကဲမောက်ကျွမ်းကျင်တော်မူသည်။
ဆရာတော် သျှင်ဥကံ္ကသမာလာသည် သာသနာရေးဆိုင်ရာ အဆုံးအမကို အရုံဂိုဏ်း မှ
သြဝါဒခံယူထားသည့်အလျောက် မိမိတပည့်များကိုလည်း အရုံဂိုဏ်း၏ သြဝါဒအတိုင်း
ဆုံးမတော်မူ၏။ ဤသို့ ထူးချွန်တော်မူသဖြင့် တနင်္ဂနွေမင်းတရားက မဟာသေနာပတိ
ခန့်အပ် ခြင်းခံရသော တွင်းသင်းမှူးကြီး ဇေယျနော်ရထာက နေပြည်တော်အင်းဝသို့
ပင့်ဆောင်၍ကိုးကွယ် ထား၏။ ဧရာဝတီမြစ်နား ရွေကြက်ယက်ဘုရားအနီးတွင်
ကျောင်းတော်ကြီးကိုလည်း ကြီးကျယ် စွာ ဆောက်လုပ်လှူဒါန်းထားလေသည်။
ဆရာတော်သည် နေပြည်တော်သို့ြ<ွကရောက်၍ သီတင်းသုံးရာတွင်လည်း
မိမိတပည့်များ အား ယခင်ကနည်းတူ အရုံဝါဒကိုသာ ထင်ရှားစွာ ဆုံးမတော်မူသည်။
ဆရာတော်အား ကိုးကွယ်သူမှာလည်း ထိုမင်းလက်ထက်တွင် ထင်ရှား၍
သြဇာကြီးမားသူလည်း ဖြစ်သည်။ မင်းတရား၏ ယောက္ခမတော်လည်း ဖြစ်သည်။ ဤသို့
အဖက်ဖက်မှ ပြည့်စုံသဖြင့် နေပြည်တော်ရှိ အရုံဂိုဏ်းဝင်တို့က ဆရာတော်အား
ဂိုဏ်း၏ ဦးစီးခေါင်းဆောင်အဖြစ် တင်မြှောက်ကြလေသည်။
တစ်နေ့သ၌ အရုံဂိုဏ်သား ရဟန်းတော်များက သာမဏေတို့ကို ရွာဝင် ရွာထွက်တို့၌
ရုံစေသင့်သည်ဟူ၍လည်းကောင်း၊ တောင်ဘီလူးဆရာတော် နှင့် အတင်ဂုဏ်းသား
ရဟန်းတော် များက တင်စေသင့်သည်ဟူ၍လည်းကောင်း အဆိုနှစ်ရပ် ခြားနာနေကြရာ
စကားချေဆိုကြရ၏။ ဤအယူအဆနှစ်ရပ်ကို အချေအတင် ပြောဆိုကြရာတွင် ဆရာတော်
သျှင်ဥကံ္ကသမာလာသည် အရုံဘက်မှ ဦးဆောင်ပြောဆိုရလေသည်။ သို့ရာတွင် နိုင်သည်
ရှုံးသည်ဟု အဆုံးအဖြတ် မပေး နိုင်ခဲ့ချေ။
ဆရာတော်သည် မိုး၍ရွာသည့် ရွာကြီးသား၊ သက်ငယ်ကျောင်းသား ယွန်းကျောင်း သား ဟူသော တပေါင်အရ ပေါ်ပေါက်လာသူ ဖြစ်သည်ဟု ဆိုစမှတ်ရှိသည်။ လောက ဓမ္မ
ရာဇအရေးတို့၌ ချီးမြှောက်ထောမနာခြင်း ခံရသော်လည်း ရွှေယင်မြော်ရွာကြီးသား
ဖြစ်၍ ဘုရားနှင့် စပ်သဖြင့် အမျိုးညံ့သောကြောင့် မင်းတရားကြီးက
ကြည်ညိုသော်လည်း ကိုးကွယ်တော်မမူဘဲ တွင်းသင်းမှူးကြီး ဇေယျနော်ရထာအား
ကိုးကွယ်စေသည်ဟု ဆိုသည်။
အချို့စာတမ်းများအရကား ရွှေယင်မြော်ရွာကြီးသား ဖြစ်သောကြောင့် ပညာလုံ လောက်စွာ တတ်မြောက်ပါလျက် ဧကရာဇ်က မကိုးကွယ်သည်မှာ မင်းအားကိုးဖြင့် လူထွက်မည်စိုး သောကြောင့် တိတ်တခိုး ကြည်ညိုတော်မူသည်။ ဟု အဆိုရှိကြ၏။ ဤအဆိုအရဆိုလျှင် ဆရာတော်သည် နောင်အခါ၌ လူပြုလေသလောဟုလည်း စဉ်းစားဖွယ် ဖြစ်သည်။
ဖော်ပြပါ ကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်းပုရပိုက်တစ်ဆူတွင် ဝဏ္ဏဗောဓနအမတ်
စီရင်သည့် ပါဠိသတ် စကားလုံးများကိုလည်းကောင်း၊ သဒ္ဒုပပဒခေါ်
သတ်ပုံလင်္ကာအကျဉ်းတစ်ပုဒ် တွင်လည်း ဝဏ္ဏဗောဓန၊ နာမပညတ်၊ ငါအမတ်လျှင်၊
ဟူ၍ ရေးဖွဲ့ထားသည်ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ဆရာတော်သည်
ဝဏ္ဏဗောဓနသတ်အင်းကို အမှီပြု၍ ဝဏ္ဏဗောဓနအမတ်ဟူ၍ ထင် ရှားကာ
မင်းမှုထမ်းလုပ်နေလေသလောဟု စဉ်းစားစရာ ရှိနေပေသည်။ ဤကိစ္စကို ဆက်လက် လေ့လာရန်
လိုအပ်နေပေသည်။ ဝဏ္ဏဗောဓနသတ်အင်း နိဒါန်းတွင်
စာဟောင်းတစ်စောင်တွင်ကား ဟံသာဝတီရောက် မင်းတရားဆရာတော် ဖြစ်ဖူး ကြောင်းကို ပြဆိုထားသည်။ ဆရာတော်၏ အတ္ထုပ္ပတ္တိကို ဤမျှသာ တွေ့ရသေးသည်။
ဆရာတော် ပြုစုခဲ့သော ကျမ်းများကား ဝဏ္ဏဗောဓနမည်သော အင်းစောက်သတ်ပုံကြီး၊ ကဝိကဏ္ဌပါလင်္ကာ၊ တောင်ငူမင်းဆို ရတုစာတော်များအဖြေ၊ ပညာရှိ မန်ကျည်းကျပ်ရွာစား၊ မန်ကျည်း ကန်ရွာစားတို့၏ အမေးပုစ္ဆာများကို ဖြေဆိုသော ' မန်ကျည်းကျပ်ရွာစားလျှောက်ထုံး' စသည်တို့ ဖြစ်သတည်း။
ကိုးကား
- ↑ ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိများကို တွေ့ရှိသမျှ မှတ်သားကာ ပြန်လည် မျှဝေခြင်းဖြင့် သူတော်ကောင်းအပေါင်းတို့အားး ဒါနပြုရပါလို၏....။....။
0 comments:
Post a Comment