Sunday, January 13, 2013

ရွှေကိုင်းသား (၁၉၁၂-၁၉၈၇)



ရွှေကိုင်းသား
ရွှေကိုင်းသား

မွေးသက္ကရာဇ် ၁၉၁၂ ဇန်န၀ါရီလ(၅)သောကြာနေ့
မိဘ မြန်မာဆေးဆရာကြီး ဦးအုံ၊ မယ်တော်ဒေါ်မြ
အမည်ရင်း မောင်ထွန်းလှိုင်၊ ဦးသောဘိတ
မွေးရာဇာတိ စစ်ကိုင်းမြို့၊တကောင်းရပ်
နိုင်ငံ မြန်မာ
အလုပ်အကိုင် စာရေးဆရာ
ကလောင် အမည်ခွဲများ ရတနာပုံဖိုးမှတ်စု၊ မှတ်စု မောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား၊ ဦးသောဘိတ
ထင်ရှားကျော်ကြားမှု စာပေ၊ ယဉ်ကျေး မှုအနုပညာနှင့် သမိုင်းကြောင်းဆိုင်ရာများတွင် ထဲထဲဝင်ဝင်လေ့လာမှု

ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ

ရွှေကိုင်းသား (၁၉၁၂-၁၉၈၇)

၁၉၁၂ - ခုနှစ်၊ ဇန်န၀ါရီလ(၅)၊ သောကြာနေ့တွင်-စစ်ကိုင်းမြို့ တကောင်းရပ်၌ ခမည်းတော် မြန်မာဆေးဆရာကြီး ဦးအုံ၊ မယ်တော်ဒေါ်မြတို့က ဖွားသန့်စင်သည်။ မွေးချင်း(၆)ယောက်တွင်၊ စတုတ္ထမြောက်သားဖြစ်၍ လူအမည် မောင်ထွန်းလှိုင်၊ ရဟန်းဘွဲ့-ဦးသောဘိတဖြစ်သည်။
စစ်ကိုင်းရပ် ဆရာကြီး ဦးဘိုးလူ အလယ်တန်းကျောင်းတွင်(၃)တန်းအထိ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းတွင် ရွှေတောဦးမော် အထက်တန်းကျောင်းသို့ ပြောင်းခဲ့သည်။ ထို့နောက် ရန်နိုင်ရပ် ဦးတိုးကျောင်းသို့ပြောင်းသည်။
၁၉၂၈ - အသက်(၁၆)နှစ်အရွယ်တွင် ဦးတိုးကျောင်းမှ တိုင်းရင်းမြန်မာဘာသာ သတ္တမတန်းအောင်မြင်ခဲ့။ ထို့ နောက် စစ်ကိုင်းမြို့၊ ချင်းစုရပ်ဆရာကြီးဦးဘသန်းထံတွင် ပန်းချီနှင့်ဓာတ်ပုံပညာကိုသင်ယူသည်။ ဗေဒင်နှင့် နက္ခတ်ကြည့်နည်းကိုလည်း သင်ယူခဲ့သည်။
၁၉၃၀ - ပျဉ်းမနားမြို့၊ နော်မန်ကျောင်းမှ မူလတန်းဆရာအဖြစ်သင်တန်းကို အေအဆင့်ဖြင့် အောင်မြင်ခဲ့ သည်။
၁၉၃၁ - ကျောင်းဆရာမလုပ်ဘဲ ဧပြီလမှစ၍ မန္တလေးမြို့ကမ္ဗည်းကျောက်စာရုံး(ယခုရှေးဟောင်းသုတေသန ဌာန)တွင် ပုံဆွဲစာရေးအဖြစ် ၀င်ရောက်အမှုထမ်းခဲ့သည်။ ကျောက်စာဝန်အဖြစ် ပြင်သစ်လူမျိုးချားလ်ဒူရွိုင်းဇယ် လက်ထက်မှသည် ကျောက်စာဝန်ဦးမြ၊ ဦးလူဖေ၀င်းတို့လက်ထက်အထိ(၁၁)နှစ်ကြာလုပ်ကိုင်ခဲ့သည်။ ဆရာကြီး များ၏နည်းပေးလမ်းညွှန်မှုဖြင့် စာပေရေးသားမှုစတင်ခဲ့သည်။
၁၉၃၂ - စက်တင်ဘာ(၁၈)ရက်နေ့ထုတ် သူရိယရုပ်စုံသတင်းစာတွင်ပါသည့် မင်းရှင်စောဆောင်းပါးသည် ပထမဆုံးစာမူဖြစ်သည်။ ထိုစဉ်က-ကလောင်အမည်မှာရတနာပုံလှိုင်ခင်အေးဟူ၏။ ရတနာပုံဖိုးမှတ်စု၊ မှတ်စု မောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား၊ ရွှေကိုင်းသား၊ ဦးသောဘိတ စသောကလောင်အမည် များကိုလည်း အသုံးပြုခဲ့သည်။ ပန်းချီ၊ ကာတွန်းနှင့်ဓာတ်ပုံပညာတွင်လည်းထူးချွန်သည်။
၁၉၄၄ - ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင်ရဟန်းဘောင်သို့ဝင်သည်။ ဦးလေးတော်သူ အနုရုဒ္ဓါဆရာတော်၏ အရိုက်အရာကိုဆက်ခံသည့်အနေဖြင့် စစ်ကိုင်းတောင်ရိုးအနုရုဒ္ဓါချောင်တွင် သတင်းသုံးခဲ့သည်။ စာပေ၊ ယဉ်ကျေး မှုအနုပညာနှင့် သမိုင်းကြောင်းဆိုင်ရာများတွင် ထဲထဲဝင်ဝင်လေ့လာခဲ့၊ သုတေသနပြုခဲ့ ရေးသားခဲ့သည်။
၁၉၄၆ - 'ရတနာပုံဖိုးမှတ်စု'အမည်ဖြင့် မန္တလေးစာအုပ်ထွက်။
၁၉၅၁ - ရွှေကိုင်းသားအမည်ဖြင့် ဆင်ယင်ထုံးဖွဲ့မှုကျမ်းထွက်ခဲ့(ယင်းနှစ်တွင် စာပေဗိမာန်စာပဒေသာဆု ဆွတ်ခူးရရှိခဲ့သည်။)
၁၉၅၇ - ရတနာစေတီ ဆင်များရှင် ဘုရားသမိုင်းစာအုပ်ထွက်။
၁၉၅၈ - လောကမကိုဋ်ဘုရားသမိုင်းစာအုပ်ထွက်။
၁၉၅၉ - အနှစ်(၁၀၀)ပြည့် မန္တလေးစာအုပ်ထွက်။
၁၉၆၀ - ပတ္တမြားစေတီ ဘုရားသမိုင်း၊ ပုညရှင်ဘုရားသမိုင်း စာအုပ်များထွက်။
၁၉၆၂ - အင်ကြင်းတော ဘုရားသမိုင်းရွှေကြက်ယက်ဘုရားသမိုင်းစာအုပ်များထွက်။
၁၉၆၃ - ပိတောက်ချောင်နှစ်(၂၀၀)ပြည့်သမိုင်း စာအုပ်ထွက်။
၁၉၆၆ - ၀က်မစွပ်မြို့စား ဒုတိယ န၀ဒေး စာအုပ်ထွက်။
၁၉၆၈ - ရွှေဂူမြို့ ရွှေအံတော်ဘုရားသမိုင်းစစ်ကိုင်းမြို့ထူပါရုံဘုရားသမိုင်း စာအုပ်များထွက်။

ဘ၀နိဂုံး

၁၉၈၇ - ဇွန်လ(၂၉)ရက်နေ့တွင် စစ်ကိုင်းတောင်ရိုး အနုရုဒ္ဓါချောင်၌ တရားဘာဝနာ စီးဖြန်းလျက် သီတင်းသုံးတော်မူရင်း ပျံလွန်တော်မူသည်။

ထင်ရှားသည့် စာအုပ်အချို့

  1. ဆင်ယင်ထုံးဖွဲ့မှု
  2. ရတနာပုံဖိုးမှတ်စု
  3. အနှစ်(၁၀၀)ပြည့်မန္တလေး
  4. ဆင်ယင်ထုံးဖွဲ့မှု
  5. ၀က်မစွပ်မြို့စား ဒုတိယန၀ဒေး
  6. ပုညရှင်ဘုရားသမိုင်း
  7. ပတ္တမြားစေတီဘုရားသမိုင်း
  8. ရတနာစေတီဆင်များရှင်ဘုရားသမိုင်း
  9. ဇေယျာနယ်မြေမှ စာပြုစာဆိုဂန္ထ၀င် ပုဂ္ဂိုလ်ကျော်များ
  10. မြန်မာစာပေနှင့် ပန်းချီအနုပညာစာတမ်း
  11. ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာပေ
  12. ၀က်မစွပ်န၀ဒေး၏ စာပေအရည်အသွေးနှင့် နိုင်ငံရေးခံယူချက် စာတမ်း
  13. ဓမ္မဗိမာန်စာတန်းဖတ်ပွဲ-စာတမ်းများ(စာအုပ်မထွက်) 08:12, 1 မတ် 2009 (UTC)

စာညွှန်း

  1. ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၃၇ - ၃၈။
  2. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၈)။ စာ ၂၈၆ - ၂၈၇။
  3. နေထွတ်။ မန္တလေး အဘိဓာန်။ စာ ၂၈၈ - ၂၈၉။
  4. လူထုဒေါ်အမာ။ လွမ်းသူ့စာ။ စာ ၃၂-၄ဝ။
  5. ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (စက်တင်ဘာ ၁၉၈၇)။ စာ ၁၃၃။
  6. မောင်မြင့်ဝေ (သိပ္ပံဘွဲ့၊ သတ္တဗေဒ)။ ရွှေကိုင်း

ကိုးကား

  1. www.myanmarbookshop.com

 ဆရာတော်ဘုရားကြီးးများ၏ ထေရုပ္ပတ္တိများကို တွေ့ ရှိသမျှ ပြန်လည် မျှဝေ တင်ပြခြင်းဖြင့်
ဗဟုသုတဝေဖြာ ကြပါစေ ဖူးမျှော် ကြည်ညို နိုင်ကြပါစေ.....

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management