ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုက
မိမိသည် လီဗာပူးလ်နှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ချက်စတာ
ယူနိုက်တက်၏ ကစားပုံကို လာလေ့လာမည်ဟု အတည်ပြု ပြောဆိုလိုက်သည်။
မန်ယူ အသင်းသည် တနင်္ဂနွေနေ့တွင်
အိုးလ်ထရက်ဖို့ဒ်၌ အစဉ်အလာ ပြိုင်ဘက်ဟောင်းကြီးအား ဧည့်ခံ ကစားမည် ဖြစ်သည်။
စပိန်လာလီဂါ ချန်ပီယံ ရီးယဲလ်မှာ ဥရောပ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွင်
မန်ယူနှင့် တွေ့ဆုံနေပြီး ဖေဖော်ဝါရီလ (၁၃)ရက်နေ့၊ ဘာနေဗျူးကွင်းတွင်
ပထမအကျော့ကို ယှဉ်ပြိုင်မည် ဖြစ်သည်။ ဒုတိယ အကျော့ ပွဲစဉ်ကိုမူ မတ်လ
(၅)ရက်နေ့၌ အိုးလ်ထရက်ဖို့ဒ်၌ ကစားသွားမည် ဖြစ်သည်။ မော်ရင်ဟိုက လက်ရှိ
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူတို့၏ ကစားပုံကို အလေးအနက်
လေ့လာမည်ဟု ပြောကြားသွားသည်။
"မန်ယူ
အသင်းရဲ့ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ကို ကျွန်တော် လှမ်းပြောထားတယ်။
ကျွန်တော် ပွဲလာကြည့်မယ် ဆိုတာကိုပါ။ လီဗာပူးလ်နဲ့ ကစားမယ့်ပွဲကတော့ တကယ့်
ပွဲကောင်းဖြစ်မယ် ထင်တယ်"ဟု မော်ရင်ဟိုက The Sunသို့ ပြောဆိုခဲ့သည်။ ၎င်းက
"ကျွန်တော်တို့ မန်ယူနဲ့ မကစားခင် သူတို့ရဲ့ (၃)ပွဲ၊ (၄)ပွဲစာလောက်ကို
ကြည့်ဖို့ အချိန်ရမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် သေချာပေါက်
ပြောနိုင်တာက ဆာအဲလက်စ်လည်း ကျွန်တော်တို့ ပွဲတွေကို ပြန်ကြည့်မှာပဲ။
စပိန်ထိ လာပြီး ရီးယဲလ်ပွဲကို ကြည့်မယ်ထင်တယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။
မန်ယူအသင်းရဲ့
မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ကို ကျွန်တော် လှမ်းပြောထားတယ်။ ကျွန်တော်
ပွဲလာကြည့်မယ် ဆိုတာကိုပါ။ လီဗာပူးလ်နဲ့ ကစားမယ့်ပွဲကတော့ တကယ့်
ပွဲကောင်းဖြစ်မယ် ထင်တယ်...
ရေချိုးရာမှ ဒဿန (Mind over Matter)
3 months ago
0 comments:
Post a Comment