Friday, January 11, 2013

ဂျက်ကီချန်းက ကမ္ဘာ့စံချိန်ဆု ထပ်မံရခဲ့



ယခင်က စတန့်အလုပ်ဆုံးမင်းသားဟု ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းက စံချိန်တင်ခံရသည့် ဂျက်ကီချန်းသည် ယခုအခါ ကမ္ဘာ့စံချိန်သစ် ထပ်မံရယူနိုင်ခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ဒီဇင်ဘာလ၅ရက်က ကျင်းပသည့် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်း ဆုချီးမြင့်ပွဲအခမ်းအနားတွင်  ဂျက်ကီချန်းကို ဘ၀တစ်သက်တာ ဂင်းနက်စ်ကမ္ဘာ့စံချိန် ထပ်မံရရှိခဲ့သည်။ စွန့်လွှတ်စွန့်စားသည့် ၎င်း၏စတန့်ပြကွက်များကြောင့် ဂျက်ကီချန်းသည် ထိခိုကဒဏ်ရာရရှိမှု အများဆုံးမင်းသားအဖြစ် ထင်ပေါ်ကျော်ကြား လူသိများသည်။ ဂျက်ကီချန်း ရုပ်ရှင်လောကထဲသို့ ၀င်ခါစတွင် သူ့အတွက် အာမခံကုမ္ပဏီများက အသက်အာမခံခွင့်ပြုခဲ့သော်လည်း ယခုအခါတွင်မူ အသက်နှင့်ရင်းပြီးစွန့်စားရသည့် ၎င်း၏ရုပ်ရှင်ပြကွက်များကြောင့် မည်သည့်အာမခံကုမ္ပဏီကမျှ ဂျက်ကီချန်း၏အသက်အတွက် အာမခံရဲခြင်း မရှိကြတော့ပေ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management