
ထာဝရအလင်းတန်းများ
ရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်ပို့အကယ်ဒမီ ဆွတ်ခူးခဲ့သော
ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ မော့စ်တစ်ယောက် ကျန်းမာရေး
အခြေအနေများနှင့် ပတ်သက်၍ သေဆုံးသွားပြီဟု ထွက်ပေါ်လာသော ကောလာဟလများမှာ
မဟုတ်မှန်ကြောင်း ၃-၁-၂၀၁၂ရက်က သိရသည်။ ဟာသသရုပ်ဆောင် အကယ်ဒမီမော့စ်
တစ်ယောက် အကယ်ဒမီဆုပေးပွဲမှ အပြန်တွင် ဆေးရုံတက်ခဲ့ရပြီး
ကွယ်လွန်သွားပြီဆိုသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ''ကျွန်တော်တို့
ချစ်တဲ့မော့စ် သေဆုံးသွားပြီလို့ သတင်းကြားတော့ အတော်စိတ်မကောင်း
ဖြစ်သွားတယ်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ အကယ်ဒမီဆုရသွားလို့
ဝမ်းသာတုန်းပဲ ရှိသေးတယ်။ အဲဒီသတင်းက ကောလာဟလပဲ ဖြစ်ပါစေဗျာ''ဟု
အကယ်ဒမီမော့စ်ကို အမြဲအားပေးနေသော ပရိသတ်တစ်ဦးက ပြောကြားသည်။ ရုပ်ရှင်နှင့်
ဗီဒီယိုသရုပ်ဆောင် မော့စ်အကယ်ဒမီ ဆုရစဉ် အတိုင်းမသိ ၀မ်းသာလွန်းသဖြင့် သူ၏
ထူးခြားသောအသံဖြင့် အကယ်ဒမီဆုကို ကိုင်ကာ 'မိပြီလာထားဟု ဟစ်ြွေကးခဲ့သော
အကယ်ဒမီ မော့စ်က ချစ်ပရိသတ်ကြီးများခင်ဗျား။ ကျွန်တော်ရဲ့ ကျန်းမာရေး
ကောင်းသွားပါပြီ။ ဆေးရုံလည်း မတက်ရပါဘူး။ အဲဒါတွေက ကောလာဟလပါ။
ချစ်ပရိသတ်ကြီးရဲ့ အားပေးမှုကြောင့် အခုကျွန်တော် အကယ်ဒမီဆုကြီးကို ရခဲ့ပြီ။
ဆက်ပြီးတော့လည်း အားပေးကြပါ။ ကျွန်တော် အနုပညာ လုပ်ငန်းတွေကိုလည်း
၂၀၁၃ခုနှစ် မတ်လမှာ ပြန်လည် လုပ်ကိုင်တော့မှာပါ''ဟု ဟာသသရုပ်ဆောင်
အကယ်ဒမီမော့စ်က ပြည်မြန်မာဂျာနယ်သို့ တယ်လီဖုန်းမှ တစ်ဆင့်ပြောကြားခဲ့သည်။
0 comments:
Post a Comment