Friday, January 11, 2013

ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့သည့်ပွဲမှ အမှားများအတွက် အသင်းဖော်များအား အိုင်ဗန်နိုဗစ် တောင်းပန်


ဘရာနီစလပ်ဗ် အိုင်ဗန်နိုဗစ်သည် ကပ်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်၌ ဆိုးရွားလှသည့် ခြေစွမ်းနှင့် ပတ်သက်၍ အသင်းဖော်များကို တောင်းပန်ခဲ့ကြောင်း သိရသည်။
ချဲလ်ဆီး နောက်ခံလူသည် အဆိုပါပွဲတွင် ၎င်း၏ အမှားနှစ်ခုကြောင့် ဂိုးများပေးခဲ့ရပြီး ဆွမ်ဆီးအသင်းမှာ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၂-၀ ဂိုးဖြင့် အနိုင် ရခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲအပြီးတွင် အိုင်ဗန်နိုဗစ်သည် ၎င်း၏ ခြေစွမ်းနှင့် ပတ်သက်၍ ဒေါသထွက် ခဲ့သော်လည်း ဥမင်လှိုဏ်ခေါင်း တစ်လျှောက်တွင် စိတ်ကိုထိန်းခဲ့ပြီး အဝတ်လဲခန်း အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ivanovic
ထို့နောက် အိုင်ဗန်နိုဗစ်သည် မိမိ၏ အမှားကြောင့် မီချူး ဦးဆောင်ဂိုး သွင်းယူခဲ့ခြင်းနှင့် လူစားဝင် ကစားသမား ဒန်နီ ဂရေဟမ် ဂိုးသွင်းယူခဲ့ခြင်းအတွက် အသင်းဖော်များကို တောင်းပန်မှု ပြုလုပ်ခဲ့သည်။
ချဲလ်ဆီး ယာယီ မန်နေဂျာ ရာဇာ ဘင်နီတက်ဇ်ကမူ ၎င်း၏ ဗဟိုနောက်ခံ ကစားသမားကို ကာကွယ်ပြောကြားခဲ့ သော်လည်း အိုင်ဗန်နိုဗစ်ကမူ ရှုံးနိမ့်ခဲ့ခြင်းအတွက် မိမိတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
ချဲလ်ဆီးသည် ဝင်ဘလေကွင်းတွင် ဗိုလ်လုပွဲကစားရန်အတွက် ဒုတိယအကျော့တွင် ဆွမ်ဆီးကို နှစ်ဂိုးနှင့် အထက် သွင်းယူရန် လိုအပ်နေသည်။ အကယ်၍ ဒုတိယအကျော့တွင် အနိုင်ရခဲ့ပါက ဗိုလ်လုပွဲတွင် အက်စ်တွန်ဗီလာ သို့မဟုတ် ဘရတ်ဖို့ဒ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management