Friday, January 11, 2013

သီဟစည်သူ ကို ငွေသား အပြင် ကစား သမား ၂ ဦး အလိုက်ပေး၍ ရတနာပုံ အပြီးသတ်ခေါ်ယူ


ရာသီကြိုပြင်ဆင် မှုများတွင် အံသြသင့် စရာများ ဆက်တိုက် ပြုလုပ်နေသည့် ချန်ပီယံဟောင်း ရတနာပုံ အသင်းသည် ယနေ့နေ့လည် ပိုင်းက ဧရာဝတီ ယူနိုက်တက်မှ မြန်မာ့ လက်ရွေးစင် ဂိုးသမား သီဟစည်သူ ကို ပြောင်းရွေ့ကြေး အပါအ၀င် ကစားသမား ၂ဦးအထိ အလိုက်ပေးကာ ခေါ်ယူ လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ လက်ရွေးစင် ဂိုးသမားကို မြန်မာနေရှင်နယ်လိဂ် အသင်းကြီး အများစုက အပြောင်း အရွှေ့ရာသီတိုင်းခေါ်ယူ ရန် ကြိုးစား ခဲ့ကြပြီး ယခု တစ်ကြိမ်တွင် ရတနာပုံ အသင်းက အမှတ် မထင် ခေါ်ယူနိုင် ခဲ့ခြင်း လည်းဖြစ်သည်။
Thi Ha Si Thu Yadanarbon FC
ဧရာဝတီ ယူနိုက်တက်သည် အပြောင်း အရွှေ့ ကာလ စတင်ချိန်က ရတနာပုံမှ လူငယ် တိုက်စစ်မှူး စိုးကျော်ကျော် ကို အငှါးဖြင့် ခေါ်ယူ ထားရာမှ သီဟစည်သူ၏ အပြောင်း အရွှေ့ အတွက် တစ်စိတ် တစ်ပိုင်း အနေဖြင့် အပြီးသတ်ခေါ်ယူ ခွင့်ရ ခဲ့ပြီး ရတနာ ပုံအသင်း ထံမှ နောက်ထပ် ကစားသမား တစ်ဦး ထပ်မံခေါ်ယူခွင့် ရဦးမည် ဖြစ်သည်။ အဆိုပါ ကစားသမား အတွက် ၂သင်းကြား ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း လူငယ်နောက်ခံလူ ဟိန်းသီဟဇော် ဖြစ်ဖွယ် ရှိကြောင်းလည်း သိရသည်။
ရတနာပုံ အသင်း သို့ ပြောင်းရွှေ့ရောက်ရှိပြီးနောက် သီဟစည်သူ က “ဒီရာသီ မ,စခင် အသင်းကြီးတွေက ကမ်းလှမ်း ခဲ့ပါတယ်။ ရတနာပုံ အသင်းက နှစ်တိုင်း အသင်းကြီး တစ်သင်း အဖြစ် ရပ်တည်နိုင် သလို အောင်မြင်မှု အစဉ် အလာ ရှိတဲ့ အသင်းကောင်း တစ်သင်းဖြစ် လို့ ရွေးချယ် ခဲ့တာပါ။ ကျွန်တော့် ဘက်က အကောင်းဆုံး ကြိုးစား သွားမှာဖြစ် သလို ပရိသတ်တွေ လဲ လက်ခံ ကြိုဆို ကြမယ်လို့ ယုံကြည် ပါတယ်” ဟု ပြောကြား လိုက်သည်။ ရတနာပုံ အသင်းသို့ သီဟစည်သူ ရောက်ရှိလာ ခဲ့ခြင်းကြောင့် ယခင် ရှိပြီးသား ဂိုးသမားများ ဖြစ်သည့် ယဉ်မင်းအောင်၊ မွန်ထရယ်အောင် ၊ ညီညီလွင် နှင့် လူငယ် ဂိုးသမား အချို ပါ အသင်းကြီး စာရင်းတွင် ရှိနေရာ မြန်မာနေရှင်နယ် လိဂ်၏ ဂိုးသမား အင်အား အတောင့်တင်းဆုံး အသင်းဖြစ်လာ ခဲ့သည်။
သီဟစည်သူ အသင်းသို့ ရောက်လာခြင်းနှင့် ပတ်သတ်၍ ရတနာပုံ ဂိုးသမား သစ် တစ်ဦးပင် ဖြစ်သည့် ညီညီလွင် က ” ကောင်းတာပေါ့ဗျာ။ အသင်း တစ်သင်းမှာ ဂိုးသမား အင်အား များတော့ စုစု စည်းစည်းနဲ့ လေ့ကျင့်လို့ ရတာပေါ့ ။ပွဲထွက် ကစားဖို့ ကတော့ ဖိအား မရှိပါဘူး။ တစ်ယောက် တစ်လှည့်ပေါ့ ဗျာ ” ဟု ၀မ်းသာ အားရ ဖွင့်ဟ ခဲ့သည်။ ဧရာဝတီ ယူနိုက်တက် မှာမူ သီဟစည်သူ ကို အသင်းပြောင်းခွင့် ပြုခဲ့ခြင်းကြောင့် ပြည်ဖြိုးဦးနှင့် လူငယ် ဂိုးသမား အောင်မင်းခန့် တို့ ၂ဦးသာ ရှိပြီး AFC Cup ပြိုင်ပွဲ အတွက် မည်ကဲ့ သို့ ပြင်ဆင် မည်မှာ စိတ်ဝင် စားဖွယ်ကောင်းနေသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management