Wednesday, January 16, 2013

၂၀၁၂ ခုနှစ်တွင် မထသလက်အောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်တိုက်မှုပေါင်း ၂၇၆ မှုဖြစ်ပွားခဲ့ပြီး ၁၁၁ ဦးသေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့



၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မထသလက်အောက်ရှိ ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်တိုက်မူပေါင်း ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး ၁၁၁ ဦး သေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မထသ(ဗဟို)မှ ထုတ်ပြန်သော စာရင်းများအရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင်  ယာဉ်တိုက်မှု ၂၆ မှု၊သေဆုံး ၁၃ ဦး ဒဏ်ရာရရှိသူ ၆၀ ဦး၊ ဖေဖော်ဝါရီလတွင် ယာဉ်တိုက်မှု ၂၆ မှု သေဆုံးသူ ၁၀ ဦး ဒဏ်ရာရရှိသူ ၅၃ ဦး၊ မတ်လတွင် ယာဉ်တိုက်မှု ၁၇ မှု သေဆုံးသူ ၅ ဦး ဒဏ်ရာရရှိသူ ၈၅ ဦး၊ ဧပြီလတွင် ယာဉ်တိုက်မူ ၁၀မှု သေဆုံးသူ ၉ ဦး ဒဏ်ရာရရှိသူ ၃၀ ဦး၊ မေလတွင် ယာဉ်တိုက်မူ ၂၁ မှု သေဆုံးသူ ၇ ဦး ဒဏ်ရာရရှိသူ ၇၇ ဦး၊ ဇွန်လတွင် ယာဉ်တိုက်မှု ၃၁ မှု သေဆုံးသူ ၂၀ ဦး ဒဏ်ရာရရှိသူ ၁၀၇ ဦး၊ဇူလှိုင်လတွင် ယာဉ်တိုက်မှု ၂၆ မှု သေဆုံးသူ ၆ ဦး ဒဏ်ရာရရှိသူ ၈၆ ဦး၊သြဂုတ်လတွင် ယာဉ်တိုက်မူ ၂၅ မှု သေဆုံးသူ ၁၁ ဦး ဒဏ်ရာရရှိသူ ၇၃ ဦး၊ စက်တင်ဘာလတွင် ယာဉ်တိုက်မှု ၂၃ မှု သေဆုံးသူ ၇ ဦး ဒဏ်ရာရရှိသူ ၆၀ ဦး၊ အောက်တိုဘာလတွင် ယာဉ်တိုက်မှု ၂၈ မှု သေဆုံးသူ ၈ ဦး ဒဏ်ရာရရှိသူ ၆၄ ဦး၊ နိုဝင်ဘာလတွင် ယာဉ်တိုက်မူ ၂၆ မှု သေဆုံးသူ ၉ ဦး ဒဏ်ရာရရှိသူ ၆၅ ဦး နှင့် ဒီဇင်ဘာလတွင် ယာဉ်တိုက်မှု ၁၇ မှု သေဆုံးသူ ၆ ဦး ဒဏ်ရာရရှိသူ ၂၆ ဦး တို့ရှိခဲ့ကြောင်း သိရသည်။
မထသ(ဗဟို)လက်အောက်တွင် ယာဉ်လိုင်း ၂၀ လိုင်းရှိပြီး မထသ(မြို့တွင်း)  ၊ဗန္ဒုလ(ပါရမီ)၊ သန်မြန်သူ၊အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ကန္ဒ၀တီ၊ စစ်မှူထမ်း(အတွင်း)၊စစ်မှူထမ်း (အပြင်)၊ရွှေမြင်း ပျံ(ဂျီအီးစီ)၊မြန်မာ့သားကောင်း၊ ရွှေရန်ကုန်၊ ရွှေဧည့်သည်၊ ရွှေအင်းဝ ၊မြို့တော်စည်ပင် ၊မထသ(အဝေးပြေး)၊ကုန်တင်မော်တော်ယာဉ်၊ ပုဂ္ဂလိက ရေယာဉ်တို့ဖြစ်ကြောင်း သိရသည်။။      
၂၀၁၀ ခုနှစ်အတွင်း ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်တိုက်မှု ၃၂၅ မှု ဖြစ်ပွားခဲ့ပြီး  ၁၁၇ ဦး သေဆုံးကာ ၈၁၉ ဦး ဒဏ်ရရာရရှိခဲ့ကြောင်းနှင့်  ၂၀၁၁ ခုနှစ်တွင်မူ ယာဉ်တိုက်မူ ၃၅၈မှု ဖြစ်ပွားခဲ့ပြီး ၉၈ ဦး သေဆုံးကာ ၁၁၃၉ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management