မီးရှို့မှု ဖြစ်ပွားခဲ့သော အခန်းအား တွေ့ရစဉ်
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ မလွှကုန်းလမ်း အမှတ် ၈၄
ပထမထပ်တွင် မူးယစ်ဆေးကြောင်သည်ဟု ယူဆရသော လူတစ်ဦးက ၎င်း၏ နေအိမ်အခန်းအား
မီးရှို့မှုတစ်ခု ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
''အဲဒီလူက ဆေးကြောင်ပြီးတော့ သူ့အမေအိပ်တဲ့ အိပ်ရာကို မီးနဲ့ရှို့တယ်လို့
ပြောတယ်။ ဘာနဲ့ ရှို့တယ်ဆိုတာတော့ မသိပါဘူး။ တော်သေးတယ် အိမ်ရာတွေ
ခေါင်းအုံးတွေလောက်ပဲ မီးလောင်သွားပြီး သူ့အမေလည်း ဘာမှမဖြစ်လို့
ဆုံးရှုံးမှု တန်ဖိုးတွက်ကြည့်တော့ ကျပ် ၅၀၀၀ ဖိုးလောက်ပဲ ရှိတယ်လို့
ပြောတယ်''ဟု မလွှကုန်းလမ်း ဖြစ်စဉ်အနီး ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက
ပြောပြခဲ့သည်။
''ရှို့မီးဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ရောက်တော့
ခေါင်းအုံးကို မီးရှို့နေရာကိုတွေ့ရပြီး သူကိုယ်တိုင်လည်း မီးရှို့ပါတယ်လို့
ဝန်ခံပါတယ်''ဟု တာမွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောပြခဲ့သည်။
ယင်းနေရာသို့ မီးသတ်ယာဉ် ၂ စီးခန့်
လာရောက်မီးငြှိမ်းသတ်ခဲ့သည်ဟု သိရသည်။မီးရှို့သူသည် နေအိမ်တွင်
အဖေ၊အမေနှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး ၎င်းအား တာမွေရဲစခန်းသို့
ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
7 months ago


1/16/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment