ကျော်သူ ရုပ်ရှင်ပြန်ရိုက်မည်
ရုပ်ရှင်ရိုက်ကူးရန် အတွက် ရွှေစင်စင်္ကြာ မော်တော်ယာဉ်အဖွဲ့မှ အလှူငွေ လှူဒါန်းနေစဉ်
ရုပ်ရှင်အနုပညာ နယ်ပယ်မှ ၅ နှစ်ကျော် ကင်းကွာခဲ့သော နာရေးကူညီမှုအသင်း
ရန်ကုန်၏ ဥက္ကဌဖြစ်သူ ဦးကျော်သူသည် ရုပ်ရှင်ပြန်လည် ရိုက်ကူးမည်ဖြစ်ပြီး
နာရေးကူညီမှု အသင်း၏ နာရေးလမ်းကြောင်းများ ပို့ဆောင်ရာတွင် ကူညီပေးနေသော
Miss Myanmar International နန်းခင်ဇေယျာမှလည်း ပါဝင်ကူညီ
သရုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဇာတ်ကားသည် အတ္တအတွက်မဟုတ် ပရဟိတ အနုပညာ လုပ်ငန်းသက်သက်သာ ရည်ရွယ်
ရိုက်ကူးမည်ဖြစ်ပြီး ပရဟိတ လုပ်ငန်းများ ၀ါသနာပါသော အများအကျိုးအတွက်
စွန့်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့်သာ လက်တွဲ ရိုက်ကူးသွားမည်
ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။
သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ကျော်သူသည် လူမှုရေး လုပ်ငန်းများအတွက်
သီးခြားရိုက်ကူးမည့် ဇာတ်ကားများ ဖြစ်သောကြောင့် ရိုက်ကူးရန်
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကျော်သူသည် ၂၀၀၇ ခုနှစ်မှ စတင်ကာ
အနုပညာ လှုပ်ရှားမှုများ လုပ်ကိုင်ခွင့်ကို ပိတ်ပင်ခံထားခဲ့ရာမှ ၂၀၁၂ ခုနှစ်
အတွင်းတွင် ပြန်လည် လှုပ်ရှားခွင့် ရရှိခဲ့သူ ဖြစ်သည်။ သို့သော် အနုပညာ
လုပ်ငန်းများအား လုပ်ကိုင်လိုစိတ် မရှိသေးကြောင်းကို ယင်းအချိန်က
ဖွင့်ဟပြောကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အတွင်း ပြုလုပ်ခဲ့သည့် လွတ်လပ်ခြင်း
အနုပညာ ရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာ ကျော်သူရိုက်ကူးသည့် ဇာတ်ကားတို
တစ်ကားဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
သရုပ်ဆောင် ဒါရိုက်တာ ကျော်သူရိုက်ကူးမည့် အဆိုပါ ဇာတ်ကားတွင်
နာရေးကူညီမှုအသင်း ရန်ကုန်၏ ဖြစ်တည်မှု သမိုင်းကြောင်းအပြင် နာရေးကူညီမှု
အသင်းတွင် လာရောက်လုပ်အား ပေးနေသူများ ဘ၀နေထိုင်မှု ပုံစံများနှင့်
လူမှုရေးကိစ္စ လုပ်ကိုင်ရာတွင် ဖြစ်ပေါ်နေသော အခက်အခဲများ၊ ပြဿနာများ၊
ပျော်ရွှင်ဖွယ် အဖြစ်အပျက်များအား ရိုက်ကူးပုံဖော်သွားမည် ဖြစ်ကြောင်း
သိရသည်။
ယင်းဇာတ်ကားအား လှုမှုရေးစိတ်ဓာတ် ပြင်းထန်းသော၊ စွန့်လွှတ် ပေးဆပ်ရဲသော
သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတ သူရဲကောင်းများ၏ သီချင်းသံစဉ်များ၊
ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှု အသင်း၏ လှုမှုရေး
သမားများ ၀န်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်မှ လှုမှုရေး အသင်းအဖွဲ့များ၏
အသင်းသားများနှင့် တစ်ကြိမ် တစ်ခါမှ မရိုက်ဖူး မတင်ပြဖူးသော
လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကို ရုပ်ရှင်ဒါရိုက်တာ သရုပ်ဆောင်
ကျော်သူမှ ရိုက်ကူးတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အများအတွက် အကျိုးရှိမည့် အကျိုးပြု ဇာတ်လမ်းအား ရိုက်ကူးရန်
ရွှေစင်စင်္ကြာ မော်တော်ယာဉ်အဖွဲ့မှ အလှူငွေ ကျပ်သိန်း ၁၅၀ လာရောက် လှူ
ဒါန်းခဲ့ကြောင်း သိရသည်။ ရွှေစင်စင်္ကြာ မော်တော်ယာဉ်အဖွဲ့သည်
နာရေးကူညီမှုအသင်း၏ လှုမှုရေး ခရီးစဉ်ဖြစ်သော မြန်မာပြည်အနှံ့ သွားရောက်မှု
ခရီးစဉ်အား ပို့ဆောင်ပေးနေသည့်အပြင် နာရေကူညီမှု အသင်းအား ငွေရေတွက်စက်၊
မျက်စိခွဲစိတ်ခန်း စသည့်တို့တွင်လည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
6 months ago
0 comments:
Post a Comment