Wednesday, January 16, 2013

မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ၀က်ဘ်ဆိုက်သစ် ဇန်န၀ါရီလအတွင်း လွှင့်တင်နိုင်ရန် စီစဉ်လျက်ရှိ



မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ၀က်ဘ်ဆိုက်သစ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း လွှင့်တင်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေဖြင့် ဂီတလုပ်ငန်းပိုင်းဆိုင်ရာနှင့် အချက်အလက်များကို နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) နှင့် Edwin Consultancy Service Co.,Ltd တို့မှ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
"ပထမဦးဆုံး အဆင့်အနေနဲ့ Edwin ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဇန်န၀ါရီလထဲမှာ website တစ်ခု လုပ်ပါမယ်။ အဲဒီ website ထဲမှာ သတင်းအချက်အလက်တွေ ပါမယ်။ ထွက်ထားသမျှ သီချင်းတွေ အကုန်လုံးရဲ့ Data တွေ စုဆောင်းထားမယ်။ သီချင်းတစ်ပုဒ်ချင်းစီရဲ့ Profile တွေ စုဆောင်းမယ်။ ဒါက စလုပ်မယ့် အဆင့်ပါ။ နောက်ပိုင်းကျရင် သီချင်းတွေကို သုံးပြီးတော့မှ ဘယ်ရွေ့ဘယ်မျှ ရှင်းပေးတဲ့စနစ်ကနေ ကျွန်တော်တို့ website Service ကနေ User ကနေ လှမ်းဝယ်တာမျိုး၊ ကိုယ့်သီချင်းကို ဘယ် User တွေက သုံးနေတယ်၊ သုံးထားတယ် ဆိုတာကို အချိန်နဲ့တပြေးညီ ကြည့်လို့ရအောင် စတဲ့ နည်းပညာပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အဆင့်မြှင့်ရမယ့် အပိုင်းတွေ အများကြီးလုပ်သွားဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိတွင်လည်း ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ တေးသီချင်းများ၏ ရေး၊ ဆို၊ တီး၊ အသံဖမ်း၊ ထုတ်၊ ဖြန့် တို့၏ ရပိုင်ခွင့်၊ မူပိုင်ခွင့်နှင့် အချက်အလက်များကို Edwin Consultancy Service Co.,Ltd တို့ပူးပေါင်းကာ အိုင်တီနည်းပညာဖြင့် ဆောင်ရွက်မှုများ စတင်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management