အင်တာနက်
ဟက်ကာလောကတွင် ထင်ပေါ်ကျော်ကြား လူသိများသည့် Anonymous ဟက်ကာအဖွဲ့ဝင်များ၏
အကောင့်များကိုသာမက Anonymous ၀က်ဘ်ဆိုက်တစ်ခုလုံးကိုပါ အမည်မသိ
ပြိုင်ဘက်ဟက်ကာ အဖွဲ့တစ်ခုက တိုက်ခိုက်လိုက်ပြီဖြစ်သည်။ ပြိုင်ဘက်အဖွဲ့
အသုံးပြုသည့် နည်းပညာသည် Anonymous ဟက်ကာအဖွဲ့ အသုံးပြုလေ့ရှိသည့်
DDoSနည်းပညာထက်ပင် ပိုမိုအဆင့်မြင့်သောကြောင့် Anonymous ဟက်ကာအဖွဲ့၏
ပင်မဌာနချုပ်တစ်ခုလုံး ဖောက်ထွင်းခံရခြင်းပင်ဖြစ်သည်။ Anonymous
ဟက်ကာအဖွဲ့ကို တိုက်ခိုက်သူများက Anonymousကိုအဓိက ထောက်ပံ့ပေးထားသည့်
AnonOps.net နှင့် AnonOps.ruတို့ကို တိုက်ခိုက်ခဲ့သည့်အပြင်
ကမ္ဘာ့တစ်လွှားမှ အင်တာနက် အသုံးပြုသူများကိုလည်း Anonymousအဖွဲ့အား
ဆက်လက်မပံ့ပိုးပေးကြရန် သတိပေးထားပြီး ၎င်းတို့သတိပေးမှုကို ဂရုမပြုဘဲ
ဆက်လက်ပံ့ပိုးနေမည်ဆိုလျှင် Anonymousနှင့် ဆက်စပ်နေသူ အားလုံးကိုလည်း
တစ်ယောက်မကျန် လိုက်လံတိုက်ခိုက် သွားမည်ဟု သတိပေးထားသည်။ Anonymousနှင့်
ဆက်စပ်အကောင့် ပေါင်းများစွာကို ခိုးယူထားသော ထူးဆန်းသည့် အမည်မသိအဖွဲ့က
အကောင့်ပိုင်ရှင်များ အနေဖြင့် ခိုးယူခံထားရသူများက ၎င်းတို့၏အကောင့်များကို
ပြန်လည်အသုံးပြုလိုလျှင် Anonymousအဖွဲ့ကို ယုံကြည်မှုမရှိတော့ပါဟုဆိုသည့်
ခံဝန်ကတိများအား ရေးသားရမည် ဟုသိရသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
7 months ago


3/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment