နိုင်ငံတကာမှ
လာရောက် လည်ပတ်ကြသည့် ဧည့်သည်များအား နိုင်ငံအတွင်း၌
အင်တာနက်သုံးစွဲခွင့်ကို မြောက်ကိုရီးယားက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
သိရသည်။နိုင်ငံခြားဧည့်သည်များ အနေဖြင့် မိုဘိုင်းဖုန်း၊
လက်တော့ပ်ကွန်ပျူတာ စသည်တို့ဖြင့် နိုင်ငံအတွင်း၌ အင်တာနက်စနစ်
နိုင်ငံအတွင်း၌ အသုံးပြုနိုင်မည်ဖြစ်ပြီး ထိုအခွင့်အရေးကို
မြောက်ကိုရီးယား နိုင်ငံသားများအားအား ပေးထားခြင်းမရှိကြောင်း
လည်းသိရသည်။ပြီးခဲ့သည့်လက Google၏အကြီးအကဲ အဲရစ်ရှမစ်သည်
မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက်
အင်တာနက်အသုံးပြုမှုအား နိုင်ငံအတွင်း၌ ခွင့်ပြုရန် တာဝန်ရှိသူများအား
အကြံပေးပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ အနေဖြင့်
ကိုယ်ပိုင်ကွန်ရက်စနစ်ကိုသာ အသုံးပြုထားခြင်းကြောင့် နည်းပညာ၏
အကျိုးကျေးဇူးများကို နိုင်ငံသားများက ခံစားနိုင်ခွင့်မရှိကြပေ။
အဲရစ်ရှမစ်က ''ကမ္ဘာကြီးဟာ ဆက်သွယ်မှုစနစ်တွေ ပိုကောင်းလာတဲ့အခါမှာ
နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ခေါင်းဆောင်တွေအနေနဲ့ ပုဂ္ဂလိကဆန်ဆန်
ရပ်တည်မှုဆိုတာ အဆိုးဘက်ကို ဦးတည်သွားတယ်လို့ မြင်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ တခြားအရာတွေအားလုံးမှာ နောက်ကောက်ကျ
သွားနိုင်ပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
6 months ago
0 comments:
Post a Comment