Sunday, March 10, 2013

ဆန္ဒပြနေသည့် ယောဂဂုရုကြီးအားအိန္ဒိယ ရဲတပ်ဖွဲ့ကဖမ်းဆီး

ဆန္ဒပြနေသည့် ယောဂဂုရုကြီးအားအိန္ဒိယ ရဲတပ်ဖွဲ့ကဖမ်းဆီး

သောင်းညွန့် ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

အိန္ဒိယနိုင်ငံတွင် လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ချီတက်ဆန္ဒပြမှုကို ဦးဆောင်နေသည့် ယောဂ ဂုရု။
ဓာတ်ပုံ - အေအက်ဖ်ပီ
နယူးဒေလီ- နာမည်ကျော် ရုပ်မြင် သံကြား ယောဂကျင့်စဉ် ဆရာနှင့် အဂတိလိုက်စားခြင်း ဆန့်ကျင်ဆန္ဒပြသူ ဘာဘာရမ်ဒက်ဗ်အား အိန္ဒိယ ရဲတပ်ဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့တွင် သူ၏ ထောင်ချီရှိသည့် ထောက်ခံ သူများ ပါလီမန် အဆောက်အအုံသို့ ချီတက် ရန်ကြိုးပမ်း နေစဉ် ဖမ်းဆီးလိုက်သည်။
ယောဂကျင့်စဉ် စခန်းများ ကမ္ဘာ တစ်ဝန်းဖွင့်လှစ်ထားသည့် အ၀ါရောင် ၀တ်စုံဝတ်ဆင်ထားသည့် အများနှင့်မတူ တစ်မူထူးသည့် ဘာသာရေးဆရာ ရမ်ဒက်ဗ်သည် ဩဂုတ်လ ၉ ရက်က နယူး ဒေလီမြို့၌ စတင် ဆန္ဒပြခဲ့သည်။ ဆန္ဒပြသည့် အကြောင်းရင်းမှာ အိန္ဒိယ နိုင်ငံသားများ နိုင်ငံခြားတွင် ဘဏ် စာရင်းဖွင့်ထားသည့် တရားမ၀င် ငွေများပြန်လည်ရယူရေး၌ အစိုးရအား ပိုပြီးကြိုးပမ်း ရန်ဖြစ်သည်။
ရမ်ဒက်ဗ်နှင့် နောက်လိုက်များသွား သည့် လမ်းကြောင်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင်တို့သည် ဘတ်စ်ကားများ ရပ်ခြင်းနှင့် အတား အဆီးများ ချထားခဲ့သည်။ သူ့အားထောက်ခံသူအများစုမှာ ဟိမ၀န္တာတောင်ခြေရှိ ရမ်ဒက်ဗ်၏ ဇာတိမြို့ ဟာရစ်ဝါး မှဖြစ်ကြသည်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ကွန်ဂရက်ဦးဆောင်သည့် အစိုးရသည် မကောင်းသတင်းများကြောင့် နာမည် ပျက်ခဲ့ရာတွင် ရမ်ဒက်ဗ် နှင့် ပြုပြင်ပြောင်းလဲရေးဝါဒီ အန်နာဟာဇာရီတို့နှင့် ပူးပေါင်းလျက် အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ခိုက်ရန် အိန္ဒိယနိုင်ငံသား တို့အား လှုံ့ဆော်စည်းရုံးခဲ့သည်။
ဂုရုဆရာနှင့် ၎င်းအား ထောက်ခံသူ များကို ပြန်လွှတ်ပေးမည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သော်လည်း ဆန္ဒပြမှုသည် အဆုံး အဖြတ်ပေး မည့်အချိန်သို့ ရောက်ရှိလာ ပြီဟုဆိုကာ ရမ်ဒက်ဗ်နှင့် နောက်လိုက် များက အားကစားကွင်းမှထွက်ခွာရန် ငြင်းဆန်လျက်ရှိသည်။
ရမ်ဒက်ဗ်၏ ငြင်းဆိုမှုကြောင့် ဩဂုတ်လ ၁၅ ရက်တွင်ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် လုံခြုံရေး တင်းကျပ်စွာ ချထားသည့် အာဏာပိုင်တို့သည် စိုးရိမ်ပူပန်လျက် ရှိကြသည်။ (အေအက်ဖ်ပီ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management