Sunday, March 10, 2013

သမိုင်းထဲက ပုဂံပြည်

ရွှေလသာ ၀ါဝါ၀င်း  ဘုရား  ရေချိုးဆင်း၊        ( ၄၄ ၆၄ ၄၄ သိန်းကျော် )
 လှည်းဝင် ရိုးသံ တညံညံ  ပုဂံ ဘုရားပေါင်း၊         ( ၄၄၄ ၆၇ ၃၃  သန်းကျော် )
 ရွှေ ဆည်းလည်းသံ တညံညံ  ပုဂံ အိမ်ခြေပေါင်း၊    (  ၄၃ ၄၆၇  ၃၃ သန်းကျော် )

သာသနာ ထွန်းကားခဲ့ရာ တချိန်က ပုဂံေ၇ွှမြို့တော်ကြီးမှာ စေတီ အဆူပေါင်း  ၄ သန်းကျော် ရှိခဲ့ဖူးတယ်၊  ဒီထဲကမှ  ရာသီဥတု ဒဏ်ကြောင့် ကာလ ကြာတဲ့အခါ  အနီးရှိ  ဧရာဝတီ မြစ်ထဲကို  အဆူပေါင်း  ၄ သိန်းကျော်  ပျက်စီးခြဲ့ပီ  လို့  သမိုင်းတွေက  ဆိုပြန်တယ်၊

 နောက်တဆက်တည်း  ဗဟုဿုတ အနေနဲ့တော့  ပုဂံ မှာ  အိမ်ခြေပေါင်း  ၄ သန်းကျော် ရှိခဲ့ဖူးတယ် ဆိုတော့   တော်တော်  စည်ကား  သိုက်မြိုက်နေမှာကို  တွေးပြီး  လွမ်းမိပြန်တယ် ။
 တချိန်က  ဘာသာ သာသနာ လူမှု့ရေး  စီးပွားရေး ပညာရေး လောကီ လောကုတ္တရာ ဘက်စုံ ထွန်းကားခဲ့ရာ  ပုဂံ ဆိုတာက  ယနေ့ အချိန်မှာ  ဘယ်လိုမှ  မယုံနိုင်စရာဖြစ်နေပါပြီ။

သဗ္ဗေ သင်္ခါရာ  အနိစ္စာ၊   သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံး ဟာ   ပျက်စီးရခြင်းမှာ အဆုံးသတ်ကြရတယ်၊ဆိုတာလို တကယ်တော့  အထက်ပါ  စာရင်းဟာ ပုဂံနေပြည်တော်ကို   ၄ ကြိမ်မြောက် တည်ထောင်သူ သေလဉ်ကြောင်မင်း  လက်ထက်ထိ သာသနာထွန်းကားခဲ့ရာ  ခေတ်အဆက်ဆက်ကို ပေါင်းပြီး  ရေတွက်ဟန်  တူပါတယ်၊

သာသနာအစစ်အမှန်  ထွန်းကားခဲ့သော ခေတ်သည်ကား အနော်ရထာ အုပ်စိုးသော အချိန်ဖြစ်ပေသည်၊ ထိုစဉ်အခါ အရည်းကြီး  တို့  သောင်းကျန်းနေချိန်  ပုဂံနှင့်ဝေးရာ  သထုံ  နေပြည်တော်၌   မနော်ဟရီ  အမည်ရှိသော  မနုဟာ မင်းအုပ်ချုပ်နေချိန်ဝယ်  သထုံပြည်၏  တောရွာ တရွာ၌  သီတင်းသုံးနေသော  သီလဗုဒ္ဓိ မည်သော  ရဟန္တာ မထေရ်ကြီးသည်  နောင်အခါ  ပုဂံပြည်၌  သာသနာ ထွန်းကားလတံ့သည်ကို  မြင်တော်မူသောကြောင့်    တာဝတိသာ နတ်ပြည်သို့ တက်ကာ  သိကြားမင်းအား   သာသနာပြုရန်  နတ်သားတပါးကို လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေ ယူပါရန်  တောင်ခံလေ၏၊

နတ်သားသည်  နတ်ပြည်မှ စုတေ၍ ပုဏ္ဏေးမ တယောက်ဝမ်းကြာတိုက်၌ ၀င်စားကာ နောင်သောအခါ  အရဟန္တ  ရှင်အရဟံ ဟူသော အမည်ဖြင့် ပိဋကတ်သုံးပုံဆောင် ရဟန္တာမထေရ် ဟူ၍ ကျော်စောထင်ရှားလေ၏၊

ရှင်အရဟံသည် ပုဂံပြည်၌ သာသနာထွန်းကားမည့် အချိန်ကို စောင့်ကာ  တနေ့သောအခါ သထုံမှ  ပုဂံပြည် တောတွင်းတနေရာ၌   သီတင်းသုံးနေရာ  တောလည်မုဆိုးတယောက်တွေ့၍  ဤသူကား  လူလော  လူရိုင်းလော  ဘီလူးလော မသိလေ ဟုကြံ၍    မြို့သို့ခေါ်ဆောင်ကာ  အနော်ရထာ  ဘုရင်နှင့်  တွေ့စေ၏။၊

 အနော်ရထာသည် အပ္ပမာဒ  သုတ္တန်ဒေသနာကို  နာကြားပြီးသည်၏ အဆုံး၌ ရတနာသုံးပါးကို  လွန်စွာ သက်ဝင်ယုံကြည်သည်ဖြစ်ရကား  အရှင်ဘုရား  ဘုရားရှင်သည်  သက်တော်ထင်ရှားရှိပါသေးသလား-

ဒကာတော် မင်းမြတ်  ပရိနိဗ္ဗာန် စံတော်မူလေပြီ၊  ထိုဘုရားရှင်၏  ဓာတ်တော် မွေတော်များသာ ကိုးကွယ်ရာအဖြစ် ရှိတော့၏၊  ထိုဘုရားဟောတော်မူခဲ့သော တရားတော်  ဓမ္မက္ခန္ဓာပေါင်းကား များစွာ ရှိပါသေးသည်၊  ပရမတ္ထသံဃာ သမုတိသံဃာများလည်း  များစွာ ရှိနေပါသည်၊

 ဟူသော  မိန့်ကြားချက်အဆုံး၌  များစွာသော  အရည်းကြီးများကို  ပယ်စွန့်ကာ  သံဃာတော်တို့အား  ကျောင်းဆောက်ကိုးကွယ်လေတော့၏။သာသနာနှစ် ၁၅၆၁ ခုနှစ်တွင် နန်းတက်သော  အနော်ရထာသည် နန်းစံနှစ်  ၉ နှစ်အကြာ   သာသနာ ၁၅၇၀  ရောက်မှ  သာသနာနှင့် ထိတွေ့ခွင့် ရလေ၏။

အရှင်ဘုရား  ထိုဓာတ်တော် မွေတော်တို့ကား  အဘယ်မှာရှိပါသနည်း၊ တပည့်တော်ပူဇော်လိုပါသည်ဘုရား၊
ဒကာတော်  သထုံပြည် မှာ ထင်ရှားရှိနေသည်၊ ဒကာတော်  ဆန္ဒရှိက ပင့်ဆောင်ချေလော့

 အနော်ရထာသည် ဓာတ်တော် မွေတော်နှင့်  ပိဋကတ်တော်များ ယူရန် များစွာသော  လက်ဆောင်ပဏ္ဏာနှင့်တကွ  အမတ်တို့အား  စေလွှတ်လေသော်
မိစ္ဆာဒိဋ္ဌိ တိုင်းနိုင်ငံသို့ ရတနာတို့ကို  မပေးလို၊  ခြင်္သေ့ဆီသည်  မြေခွက် ကြွေခွက်နှင့် မထိုက်တန်၊   သိဂီင်္ ရွှေခွက်နှင့်သာ  ထိုက်တန်သလို  လူရိုင်းတို့နှင့် သာသနာ မထိုက်တန်

  ဟု ရင့်သီးစွာ  ပြောဆိုလေရာ  သာသနာကို  ကြည်ညိုသော  ဘုရင်အနော်ရထာသည်   ရေကြောင်း ကုန်းကြောင်းဖြင့်  သထုံသို့  စစ်ချီကာ  သထုံမင်းအဆက်ဆက်  ရတနာကြုတ်ဖြင့် ထည့်ကာ  ကိုးကွယ်လာသော  ဓာတ်တော်မွေတော်တို့နှင့်တကွ  ပိဋကတ်တော်  အစုံ  ၃၀  တို့ကို မနူဟာ မင်း၏  ဆင်အစီး  ၃၀ ပေါ်တင်ကာ  ပုဂံမြို့တော်သို့ယူဆောင်ကိုးကွယ်ချိန်မှ စကာ  သာသနာထွန်းကားခဲ့သည်  ဟူ၏။

               ထို မနူဟာ  မင်းကိုကား  မြင်းကပါ အရပ်၌  အလုပ်အကြွေးနှင့် တကွ ထားလေ၏၊    အာခံတွင်းမှ  မီးဝင်းဝင်းတောက်သော   ထိုမင်းကိုေ၇ွှစည်းခုံဘုရား  ဆွမ်းတော်ကျ မနောလင်ပန်းဖြင့်  ပွဲတော်တည်စေသောကြောင့်  ဘုန်းတန်ခိုးပျောက်ကာ  အရောင်မထွက်တော့ ဟူ၏။

များပြားလှသော  ပုဂံ အမည်များ-

ပုဂံပြည်ကို  အစတည်သော  သမုတိရာဇ် မင်းကြီးသည်  ရှေးဦးအစ  ပေါက္ကံ ပြည် ဟု  အမည်တွင်စေခဲ့ပြန်၏။

 ပြူစောထီး လက်ထက်  ငှက်ကြီး  ၀က်ကြီးစသော  ရန်မာန်တို့ကို  နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ  ပြည် ဟု  တွင်ခဲ့ပြန်၏၊

 သေလည်ကြောင်မင်းး လက်ထက်မှ  မြို့တော်ကို  နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။

 သာရမွန် မင်းဖျား  လက်ထက်၌  နေရာ ပြောင်းပြန်၍  တမ္ဗ၀တီ  နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊

ဆန်ရေ စပါး ရတနာသုံးပါး  ပေါများကြွယ်ဝ  စည်ကားပြည့်စုံသောကြောင့်  ပုဏ္ဏ ဂါမ မည်လေ၏။
အနော်ရထာ မင်း လက်ထက် တွင်  ပုဏ္ဏ ဂါမ တွင်ရာမှ  ဏ္ဏ အက္ခရာ  ကျေကာ  သဒ္ဒါနည်းအရ  မ တလုံးကို   ( သေးသေးတင်  ) နိဂ္ဂဟိတ် ပြုကာ  ပုဂံ မည်လေသည်  ဟူသတတ်၊

နောက်တမျိုးကား  သမုတိရာဇ် မင်းသည်  ပြူလူမျိုးဖြစ်သောကြောင့်  အမျိုးအနွယ်  တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။
နောင်ကာလ  ရွေ့လျားသောအခါ  ပူဂါမ + ပုဂါမ + ပုဂံ  ဟု ဖြစ်လာသည် ဟု  သာသနဗဟုဿုတ ပကာသနီကျမ်း မှာ ဖော်ပြထားလေ၏။
အဓိပ္ပါယ်ကား  ပြူလူမျိုးတို့  အဦးအစ တည်သော ရွာ ဟူလို။

အမှန်ကား  မြန်မာနိုင်ငံ သာသနာအဆက်ဆက်၌
 မဇ္ဈိမ ဒေသ
သီဟိုဠ်
မရမ္မရဋ္ဌ
သရေခေတ္တရာ
ပုဂံ
ပင်းယ
ရတနာပူရအင်းဝ
ညောင်ရမ်း
ကုန်းဘောင်
အမရပူရ
ရတနာပုံ မန္တလေးမြို့
 ဟူ၍   ခေတ် အဆက်ဆက်  ကျော်ဖြတ်ခဲ့ပေသည်၊

ပုဂံ သမိုင်း အကျဉ်း

၁။   ပထမ ပုဂံပြည်ကို  သရေခေတ္တရာ ပျက်ပြီး သမုတိရာဇ်မင်းကညောင်ဦး  ညောင်ဝန်း  နဂါးကျစ် မြေခဲတွင်း အပါအ၀င်  ရွာပေါင်း (၁၉ )ရွာကို စုစည်းပြီး ခရစ်နှစ်  ၁၀၇  ခုနှစ်တွင်    ပေါက္ကံပြည် ဟု ခေါ်စေခဲ့၏။

၂။  ပထမပုဂံ၏  ၆ ဆက်မြောက် သေလည်ကြောင်မင်းသည် ခရဇ်နှစ်  ၃၄၄ တွင် သီရိပစ္စယာ ဟူသော  ဒုတိယ ပုဂံကို  တည်ထောင်ခဲ့ပြန်သည်၊

၃။  ဒုတိယပုဂံ၏  ၅ ဆက်မြောက် သိုက်တိုင်မင်းသည် ခရဇ်  ၅၁၆ ခုနှစ်တွင် တမ္ဗ၀တီ  ဟူသော တတိယ ပုဂံကို  တည်ထောင်ခဲ့သည်၊

၎။  တတိယ ပုဂံပြီးနောက်  ပျဉ်ပြားမင်းသည် ခရစ်နှစ်  ၈၄၉ တွင်  အနော်ရထာမင်း  အပါအ၀င်  ပုဂံ၏ ၂၃  ဆက်မြောက်  နောက်ဆုံး မင်းဆက်ြဖစ်သော  စောမွန်နစ်  အဆုံး  လွမ်းမောဖွယ်အဖြစ်အပျက်များပြည့်နှက်နေရာ   စတုတ္ထပုဂံ မြို့တော်ကို  တည်ထောင်ခဲ့သည်၊ နောက်ဆုံးမင်းဆက်အပါအ၀င် ပုဂံသမိုင်း၌ မင်းပေါင်း ၅၅ ဆက် ( ၅၇ )ဆက်တွင် အရောက်တွင် ပျက်စီးခဲ့သည် ဟု မှတ်သားရပေသည်၊

      သမိုင်းဆိုသည်မှာ  လိုသလို ချဲ့ကားနိုင်  ချုံ့နိုင်သော သဘောဖြစ်ရာ   များပြား ရှည်လျားလှသော  ရှေးဟောင်းနယ်မြေ ပုဂံသမိုင်းကို  ဤမျှဖြင့် မပြည့်စုံမှန်း သိသော်လည်း မှတ်တမ်းအနေဖြင့်  ပြုစုပြီး ဆောင်းပါးရေးခြင်းသာ ဖြစ်ပါသည်။

 ( စာကြွင်း )  စာရေးတာ ၀ါသနာပါလွန်းလို့  ကိုယ်ပိုင် ဘလောဂ့်လေး တစ်ခု လုပ်ထားပါတယ်၊  လိုအပ်တဲ့အကြံဥာဏ်လေးများ ပေးနိုင်ဖို့  လာလည်ဖို့ ဖိတ်ခေါ်ပါတယ်၊  http://panalinka.blogspot.com/

                    ဤ ၀က်ဆိုက်မှာလည်း  ပုံမှန် ရေးသား သွားပါမယ်၊  စာဖတ်ပရိသတ်အားလုံးကို  ကျေးဇူးအထူးတင်လျှက် --    --

အရှင် သုနန္ဒာလင်္ကာရ ( သီဟိုဠ် )[/right]သမိုင်းထဲက ပုဂံပြည်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management