၁၁ နှစ်တာ မြန်မာ အင်တာနက် သမိုင်း
မြန်မာ့ဆက်သွယ်ရေးမှ ၁၉၉၈ ခုနှစ်တွင် @mptmail.net.mm ဖြင့် အီးမေး ဝန်ဆောင်မှုများ စတင် ရောင်းချပေးခဲ့။
ပုဂ္ဂလိက လုပ်ငန်းရှင်များအဖြစ်
ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှအများဆုံး
ဝယ်ယူအသုံးပြုခဲ့ပြီး အခြားသော ထင်ရှားသည့် ပြင်ပစီးပွားရေးလုပ်ငန်း
အနည်းငယ်မှ စတင်အသုံးပြုခဲ့သည်။ ဝန်ကြီးဌာနအားလုံးသည် မြန်မာ့ဆက်သွယ်ရေး၏
mpt mail ကို အသုံးပြုလာခဲ့သည်။
အများပြည်သူသုံး တယ်လီဖုန်းရုံများနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာတိုက်အများအပြားတွင် mpt mail
ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့။
၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT
အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုအား စတင်ရောင်းချပေးခဲ့ရာ ယခင် mptmail ကို
အသုံးပြုနေသူများမှ အများဆုံးအသုံးပြုခဲ့ပြီး ဝန်ဆောင်ခအနေဖြင့် မြန်မာငွေ
၂၃၀၀၀ဝ ကျော်ဖြင့် ရောင်းချပေးခဲ့ပြီး အသုံးပြုသည့် အင်တာနက်ဝန်ဆောင်မှု
အမျိုးအစားမှာ dail up connection ဖြစ်သည်။
၂၀၀၀ ခုနှစ်အတွင်း ဥရောပအာရှ ရေအောက်
ဖိုင်ဘာဆက်ကြောင်း ပြီးစီးသွားသည့်အတွက် မြန်မာ့ဆက်သွယ်ရေးသည်
ပိုမိုကောင်းမွန်သည့် အင်တာနက် ဝန်ဆောင်မှုများပေးနိုင်ရန် အတွက် စီစဉ်ခဲ့။
၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း
မြန်မာအများစု အသုံးပြုနိုင်သည့် အင်ထရာနက်ဖြင့် မြန်မာဝဘ်ဆိုဒ်များ
ပေါ်ပေါက်လာပြီး အင်ဖိုရီသမ် အမည်ရှိ ပုဂ္ဂလိက လုပ်ငန်းတခုမှ
အများပြည်သူများအတွက် အင်ထရာနက်လိုင်းများကို စတင်ရောင်းချပေးခဲ့သည်။
အသုံးပြုသည့် အင်တာနက် ဆက်သွယ်မှုမှာ dail-up connection ဖြစ်ပြီး
ဝန်ဆောင်ခအနေဖြင့် တလလျှင် ကျပ် ၅၀၀၀၊ ၃၀၀၀ ဖြစ်ပြီး စတင်တပ်ဆင်ကြေးအဖြစ်
၅၀၀၀ဝ ကျပ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။
၂၀၀၂ ခုနှစ်အတွင်း ပုဂံဆိုက်ဘာတက် ပုဂ္ဂလိက
အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မြန်မာနိုင်ငံတွင် တခုတည်းနှင့် ပထမဆုံး
ပေါ်ပေါက်လာခဲ့သည်။
www.bagan.net.mm
သည် bagan cyber tech မှတင်ဆက်သည့် ပထမဆုံး မြန်မာ portal site
တခုဖြစ်ပြီး နောက်ပိုင်းတွင် bagan forum နှင့် Yangon chat သည်
အလွန်အောင်မြင်ခဲ့သည့် ဝန်ဆောင်မှုများဖြစ်ခဲ့သည်။
၂၀၀၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းသည် dail-up အပြင် broadband ဆက်သွယ်မှုအတွက်ပါ
ထည့်သွင်းရောင်းချခဲ့သော်လ ည်း ပုဂံဆိုက်ဘာတက်၏ broadband သည် ပြည်တွင်း
အင်တာနက်အသုံးပြုသူများအကြား ထင်ရှားစွာ ရောင်းချရသည့် ဝန်ဆောင်မှုတခု
ဖြစ်ခဲ့သည်။ ပုဂံဆိုက်ဘာတက်သည် Access kid ဟုခေါ်သည့် dail-up စနစ်သုံး
Prepaid card များကို ထုတ်လုပ်ရောင်းချပေးခဲ့ပြီး ၁၅ နာရီ၊ နာရီ ၃ဝ ၊ နာရီ
၆ဝ သုံးမျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။
ဒီဂျီတယ် တယ်လီဖုန်းလိုင်းများ
ရန်ကုန်နှင့် မန္တလေးမြို့များ တွင်တပ်ဆင်ပြီးစီးနေသဖြင့် ရန်ကုန်နှင့် မန်း
အင်တာနက် အသုံးပြုသူများသည် ကနဦး တပ်ဆင်ခ ကုန်ကျရန်မရှိဘဲ
ဈေးနှုန်းသက်သာသည့် အဆိုပါ Access kid များကို အများအပြား
ဝယ်ယူအသုံးပြုခဲ့ကြသည်။
Access kid များ၏ ဈေးနှုန်းသည် ၁၅ နာရီ
၈၀၀၀ ကျပ်၊ နာရီ ၃ဝ အတွက် ၁၅၀၀၀ ကျပ်၊ နာရီ ၆ဝ အတွက် ၃၀၀၀ဝ ကျပ် ဖြင့်
ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
၂၀၀၃ ခုနှစ်အတွင်း Broadband
ဝန်ဆောင်မှုများအတွက် ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် မြန်မာကျပ်ငွေ ၂၅
သိန်းရှိခဲ့ပြီး MPT မှရော bangan cyber tech မှပါ ထိုဈေးနှုန်းဖြင့်
ရောင်းချပေးခဲ့သည်။
Bagan cyber tech သည် ၂၀၀၃
ခုနှစ်အတွင်းမှပင် IP-star အင်တာနက် ဆက်သွယ်မှုကို စတင်မိတ်ဆက်ပေးခဲ့သည်။
ကနဦးတပ်ဆင်ကြေး မြင့်မားသော်လည်း ဝန်ဆောင်မှု ကောင်းမွန်ပြီး
နေရာအနှံအပြားတွင် အသုံးပြုနိုင်မှုကြောင့် ရေလုပ်ငန်းရှင်များ၊ သတ္တုတွင်း
လုပ်ငန်းရှင်များအပြင် ရန်ကုန်မြို့ပေါ်ရှိ လုပ်ငန်းကြီးမျာကပါ
စိတ်ဝင်တစားဖြစ်ခဲ့သည်။
ဝယ်ယူအသုံးပြုသူ အများစုသည် ဝန်ဆောင်မှု
ပိုမိုကောင်းမွန်သော ပုဂ္ဂလိကပိုင် bagan cyber tech မှ broadband
ဝန်ဆောင်မှုကို ပိုမိုဝယ်ယူအသုံးပြုခဲ့ကြသ ည်။
၂၀၀၄ ခုနှစ်တွင် MPT မှ ADSL
ဝန်ဆောင်မှုဖြင့် စတင်မိတ်ဆက်ပေးခဲ့ပြီး မြန်နှုန်းမြင့် အဆိုပါ ADSL
လိုင်းသည် မြန်မာနိုင်ငံ မြို့ကြီးများတွင် အသုံးပြုနိုင်ကြောင်း
ကြေညာပေးခဲ့သည်။
Bagan cyber tech မှလည်း မကြာခင်အတွင်း
ADSL လိုင်းများကို စတင်ရောင်းချပေးလာခဲ့ပြီး ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် ၂၅
သိန်းဖြစ်ပြီး တယ်လီဖုန်းလိုင်းလို အပ်မှုများအတွက်ပါ ဝန်ဆောင်မှုပေးခဲ့သည်။
လစဉ်ကြေးပိုမို သက်သာပြီး
အင်တာနက်မြန်နှုန်း မြင့်မားလာသဖြင့် ရန်ကုန်မြို့ပေါ်တွင် inter café များ
အများအပြား ပေါ်ပေါက်လာခဲ့ပြီး မြန်မာ့အင်တာနက် အသုံးပြုသူများ
ပိုမိုတိုးတက်များပြားလာခဲ့ သည်။
Bangn cyber tech သည် အင်တာနက်မေး
ဝန်ဆောင်မှုအဖြစ် တနှစ်လျှင် ကျပ် ၈၀၀၀ ကျပ်ဖြင့် ရောင်းချသည့်
@mail4u.net.mm ကို မိတ်ဆက်ရောင်းချပေးခဲ့သော် လည်း ထင်သလောက် အောင်မြင်မှု
မရရှိခဲ့ပေ။
အများပြည်သူသုံး သတင်းအချက်အလက် စင်တာများကို ၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ၂၀၀၅ ခုနှစ်တွင် စတင်လာခဲ့ပြီး ပုဂ္ဂလိက အင်တာနက်ကဖေး အများသည် အများပြည်သူသုံး သတင်းအချက် စင်တာများအဖြစ် မှတ်ပုံတင်လာခဲ့ရသည်။
အများပြည်သူသုံး သတင်းအချက်အလက် စင်တာများကို ၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ၂၀၀၅ ခုနှစ်တွင် စတင်လာခဲ့ပြီး ပုဂ္ဂလိက အင်တာနက်ကဖေး အများသည် အများပြည်သူသုံး သတင်းအချက် စင်တာများအဖြစ် မှတ်ပုံတင်လာခဲ့ရသည်။
၂၀၀၆ ခုနှစ်တွင် bagan cyber tech သည်
မူလပိုင်ရှင်ဖြစ်သူထံမှ အစိုးရသို့ လွှဲပေးခဲ့ရပြီး အစိုးရတပိုင်း အင်တာနက်
ဝန်ဆောင်မှုလုပ်ငန်း ဖြစ်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ bagan cyber tech သည်
Myanmar Tele port အမည်ဖြင့် ပြောင်းလဲသွားပြီး ၎င်း၏ ဝန်ဆောင်မှုများသည်
တစထက်တစ ညံ့လာခဲ့သည်။
၂၀၀၇ ခုနှစ်သည် မြန်မာတနိုင်ငံလုံးတွင်
ADSL အသုံးပြုနိုင်သော မြို့ပေါင်း ၃ဝ ရှိလာသည့်အတွက် ထိုနှစ်အတွင်း
အင်တာနက်ကဖေးများ အများဆုံး ဖွင့်လှစ်လာနိုင်ခဲ့သည်။
အင်တာနက်ဝန်ဆောင်မှု အသုံးပြုလိုသူများသည်
MPT ထံမှသာ ချိတ်ဆက်ဝယ်ယူလာကြပြီး MPT ၏ ဝန်ဆောင်မှုနှင့် အင်တာနက်
မြန်နှုန်းများလည်း ပိုမိုမြင့်မားလာခဲ့သည်။
၂၀၀၇ အတွင်းမှာပင် အင်တာနက်
ဖြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ISP များဖြစ်ကြသည့် MPT နှင့် Myanmar
tele-port သည် အင်တာနက် website အများအပြားကို ပိုမိုပိတ်ဆို့လာခဲ့သဖြင့်
အင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်ခဲ့ရသည်။ Yadanarpon tele port
အမည်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှုများ
ဆောင်ရွက်ရန် အများပြည်သူပိုင် အမည်ခံထားသော လုပ်ငန်းတခု စတင်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အင်တာနက် ကဖေးများ
တိုးတက်မှု ပြန်လည်နှေးကွေးလာခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း
အင်တာနက်အသုံးပြုသူ အများဆုံး တိုးတက်လာခဲ့သည်။ နေပြည်တော် အပါအဝင်
မြန်မာနိုင်ငံ မြို့ကြီး ၃၆ မြို့သည် ADSL လိုင်း အသုံးပြုနိုင်ကြောင်း MPT
က ကြေညာခဲ့သည်။
၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် bagan cyber
tech သည် မြန်မာ့ဆက်သွယ်ရေး MPT အောက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီး
ဝန်ဆောင်မှုနှင့် ဆက်သွယ်ဆောင်ရွက်မှုများ အားလုံးကို MPT ကသာ
တိုက်ရိုက်ကိုင်တွယ်လာခဲ့သ ည်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏
ဒုတိယမြောက် ပုဂ္ဂလိက အင်တာနက်ဝန်ဆောင်မှုဟု ခေါ်ဆိုနိုင်သည့် Red-link
လုပ်ငန်းစုသည် ရန်ကုန်နှင့် မန္တလေးမြို့များအတွက် မျိုးဆက်သစ် broadband
ဝန်ဆောင်မှုတခုအဖြစ် Wi-max အင်တာနက် connection ကို
စတင်ရောင်းချပေးလာခဲ့သည့် ပြင်ပလုပ်ငန်း ဖြစ်လာသည်။ Wi-max ကို Myanmar
tele-port မှ အပြင် MPT မှပါ ရောင်းချနေခဲ့သော်လည်း လူအများစုသည် Red-link
မှသာ ဝယ်ယူအသုံးပြုခဲ့သည်။ ထိုဝန်ဆောင်မှု၏ ဈေးနှုန်းသည် ကနဦးတပ်ဆင်ကြေး
$1800 ဖြစ်ပြီး လစဉ်ကြေးမှာ ဝန်ဆောင်မှုအလိုက် $35 မှ $135 ထိရှိသည်။
Red-link သည် ဝန်ဆောင်မှုရောင်းချခြင်း၊ ပစ္စည်းတပ်ဆင်ပြုပြင်ခြင်းနှင့်
connection ဆိုင်ရာ ချိတ်ဆက်မှုများကိုသာ လုပ်ကိုင်ခွင့်ရရှိပြီး gateway
ကဲ့သို့ server များဖြင့် အင်တာနက်သို့ အပြီးသတ် ချိတ်ဆက်မှုများကို MPT
မှပင် လုပ်ကိုင်ဆောင်ရွက်သည်။
၂၀၀၉ ခုနှစ်အစပိုင်းမှ စတင်ကာ
မြန်မာနိုင်ငံအတွင်း အင်တာနက်ကဖေးများ ဖွင့်လှစ်မှုသည်
လုံးဝရပ်ဆိုင်းတော့မတတ် ဖြစ်လာခဲ့ပြီး ကွန်ပြူတာဈေးနှုန်းများ
ကျဆင်းနေသည့်ကြားမှာပင် အင်တာနက်ကဖေးများသည် ညံ့ဖြင်းသည့် အင်တာနက်
ကော်နက်ရှင်ကြောင့်လည်းကော င်း၊ များပြားလာသော
အင်တာနက်ကဖေးများကြောင့်လည်းကော င်း ဈေးကွက်ဝေစု
မမျှတခြင်းကြောင့်လည်းကောင်း တိုးချဲ့ဖွင့်လှစ်မှုများ မရှိသလောက်
နှေးကွေးသွားခဲ့သည်။
အများစုသည် ADSL လိုင်းကို ချိတ်ဆက်ထားပြီး
၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ Wi-max လိုင်းကို ချိတ်ဆက် အသုံးပြုလာကြသည်။
ထို့ကြောင့် ADSL အသုံးပြုသူများအနေဖြင့် များပြားလှတဲ့
အသုံးပြုသူများကြောင့် ကော်နက်ရှင် ကျပ်တည်းမှုကို ရင်ဆိုင်ရပြီး ISP
များအနေဖြင့် လိုင်းအားတိုးချဲ့မှုများ မရှိသဖြင့် ရန်ကုန်မြို့ပေါ်ရှိ
အင်တာနက်ကဖေးများ အနေဖြင့် ADSL လိုင်းအပြင် broadband နည်းပညာအသစ်ဖြစ်တဲ့
Wi-max ကို ဆက်လက်ချိတ်ဆက်ကာ မိမိတို့ဆိုင်၏ အင်တာနက် ဝန်ဆောင်မှု
စွမ်းအားကို ဆက်လက်ကျားကန်နေရသည်။ သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်း –
အင်တာနက် ကော်နက်ရှင် နှေးကွေးလာခြင်းတို့က စားသုံးသူများကို
ကြာရှည်မထိန်းထားနိုင်တဲ့အ တွက် အင်တာနက် ကဖေးများသည် ဝင်ငွေကျဆင်းမှုဖြင့်
ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။ မြန်မာ့တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်မှု
တကယ်တော့ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး
ဆောင်ရွက်မှုများအားလုံးသည် မြန်မာ့ဆက်သွယ်ရေး (MPT) လက်အောက်မှ
လုပ်ဆောင်ကြရတာဖြစ်ပါတယ်။ တယ်လီဖုန်းဝန်ဆောင်မှုသည် မြန်မာ့ဆက်သွယ်ရေးမှသာ
တိုက်ရိုက်ကိုင်တွယ်ထားသော လုပ်ငန်းတခုဖြစ်သည်။ နိုင်ငံတနံတလျားရှိ
တယ်လီဖုန်းဆက်သွယ်မှုများ အင်တာနက် ဝန်ဆောင်မှုများအတွက် ရောင်းချမှုနှင့်
ပြုပြင်ထိန်းသိမ်းမှု အားလုံးကို အစိုးရ အသိအမှတ်ပြု မြန်မာ့ဆက်သွယ်ရေးကသာ
ပြုပြင်ထိန်းသိမ်းခန့်ထားဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်ထားရှိသည်။
အကြမ်းအားဖြင့် နှစ်ပေါင်း ၂ဝ အတွင်း မြန်မာ့ဆက်သွယ်ရေးသည်
စီမံကိန်းများစွာဖြင့် တပြည်လုံးရှိ ဆက်သွယ်ရေး ကွန်ယက်ကို
ပိုမိုကောင်းမွန်လာအောင် ပြုပြင်မှုများ လုပ်ခဲ့ပါသည်။
တယ်လီဖုန်းလိုင်းပေါင်း တသိန်းခန့်ကို ထိန်းသိမ်းဆောင်ရွက်နေရာမှ ၂၀၀၈
ခုနှစ်မှာ တယ်လီဖုန်းတပ်ဆင်မှုဟာ တနိုင်ငံလုံးမှာ တသန်းနီးပါး
ရှိလာပြီဖြစ်သည်။ သို့သော်လည်း လိုင်းဖုံးချထားပေးမှုသည် ၂၀၀၉ ခုနှစ်ထိ ၂ %
သာ တိုးတက်မှု ရှိသည်။ တယ်လီဖုန်းလိုင်း လျှောက်ထားပြီး စောင့်စားနေသူများ
အများအပြားရှိနေခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ယခုထက်ပိုမိုသည့်
လိုင်များ ဆက်လက်ချထားပေးရန် လိုနေပါသေးသည်။
ရန်ကုန်နှင့် မန္တလေးမြို့များတွင်
လိုင်းဖုံးအရေအတွက် အများအပြားကို ချထားပေးခဲ့သော်လည်း
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် လိုင်းပေါင်း ၅ သိန်းခန့် ဆက်လက်တိုးချဲ့ရန်
ရှိနေကြောင်း သိရသည်။ အဲဒီလုပ်ငန်းအတွက် လိုအပ်သည့်
ရင်းနှီးမြှုပ်နှံမှုကတော့ ဒေါ်လာ သန်းပေါင်းများစွာခန့်ရြှိ ပီး ထိုငွေများ
ရရှိရန် အတော်လေး ခက်ခဲနေသေးသည်။ မြန်မာနိုင်ငံအတွင်း
ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
လိုအပ်နေသော်လည်း ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ပေါ်လစီအရ ဤသည်မှာ
ကန့်သတ်မှုများ ရှိနေသဖြင့် ထင်ထားသလောက် တိုးတက်မှု ရှိမလာကြောင်း ဒေသတွင်း
နိုင်ငံများ၏ ဆက်သွယ်ရေး ဖွံဖြိုးမှုများကိုကြည့်ပြီး သိနိုင်ပါသည်။
လက်ရှိအနေဖြင့် ပြည်တွင်းမှာ လက်ရှိအသုံးပြုနေသည့် ဆက်သွယ်ရေး
ရင်းနှီးမြှုပ်နှံမှုမှ ရရှိမှုသည် တနှစ်လျှင် ဒေါ်လာ ၆ သန်းခန့် ရရှိနေပြီး
တိုင်းပြည်အတွက် ဝင်ငွေများစွာ ရှာပေးနိုင်သည့် လုပ်ငန်းတခုအဖြစ်
ဆက်သွယ်ရေးလုပ်ငန်းသည် တည်ရှိနေသည်ကိုလည်း အားလုံးနားလည်နိုင်ကြသည်။
မြန်မာနိုင်ငံအတွင်း ၂၀၀၈ ခုနှစ်ထိ
ကျေးရွာပေါင်း ၆၀၀၀ ခန့်သာ တယ်လီဖုန်းလိုင်းတပ်ဆင်ရန် ကျန်ရှိနေသည်။
မိုက်ခရိုဝေ့ ဆက်ကြောင်းများစွာကို ဆက်လက်တည်ဆောက်ပေးနေပြီး
မိုဘိုင်းကွန်ယက်ကို ကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်ရန် ကြိုးစားနေသည်ကို
တွေ့နိုင်သည်။ ရန်ကုန်မြို့ပေါ်မှာ ယနေ့အထိ တည်ဆောက်ပြီးစီးသည့်
မိုဘိုင်းဆက်ကြောင်း စခန်းပေါင်း ၃ဝ နီးပါး ရှိနေပြီဖြစ်သည်။ တနိုင်ငံလုံး
အတိုင်းအတာနှင့် ဂြိုဟ်တုဆက်ကြောင်းများ မိုက်ခရိုဝေ့ ဆက်ကြောင်းများနှင့်
လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်အောင် ဆောင်ရွက်နေကြောင်း အစိုးရမှ
ပြောဆိုနေသော်လည်း မိုဘိုင်းတယ်လီဖုန်း ရရှိမှု အချိုးအစားသည်
ကန့်သတ်မှုများစွာ အောက်မှာ ရှိနေပြီး အမှန်တကယ် အသုံးလိုသူများသည်
မိုဘိုင်းဖုန်းကို တရားဝင် ရရှိရန်အတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။
၂၀၀၈ ခုနှစ်နောက်ပိုင်း ကျဆင်းလာသည့်
ပြင်ပမိုဘိုင်းဖုန်း ဈေးနှုန်းများကြောင့် အရောင်းအဝယ်များ
ထိုင်းမှိုင်းနေပြီး ၂၀၀၉ ခုနှစ်အတွင်း ဈေးသက်သည့် မိုဘိုင်းတယ်လီဖုန်း
အများအပြားကို MPT ကပဲ ဆက်လက်ရောင်းချပေးခဲ့သည်။ သို့သော်လည်း
ဤပစ္စည်းများသည် အမှန်တကယ် အသုံးပြုလိုသူများထံ တိုက်ရိုက်ရောက်ရှိမှု
နည်းနေသဖြင့် ပြင်ပဈေးကွက်သည် ပြန်လည်လှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း
မိုဘိုင်းဖုန်းဈေးနှုန်းသည် အနိမ့်ဆုံးကို ရောက်ရှိကာ WCDMA, CDMA, GSM
တို့သည် ဈေးမတိမ်းမယိမ်း အနေအထားရောက်ရှိခဲ့သည်။ cell phone များသည်လည်း
ဆက်လက်ထုတ်ပေးခြင်း မရှိတော့သော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်
ရှိနေဆဲဖြစ်သည်။ ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင်တော့ ရန်ကုန်နှင့် မန္တလေး၊
နေပြည်တော်တို့တွင်ပါ အသုံးပြုနိုင်မည်း CDMA များကို ကနဦး ပေးသွင်းငွေ ၅
သိန်းဖြင့် ရောင်းချမည်ဟု ကြေညာထားသည်။ သို့သော်လည်း ထိုအကြောင်းအရာသည်
ယခင်နည်းများအတိုင်း လိုအပ်သူများအတွက် သီးသန့်ဈေးကွက်တခု
ပေါ်ပေါက်လာစေမည့် အခွင့်အလမ်းတခုသာ ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ
အမျိုးအစားစုံ မိုဘိုင်းအသုံးပြုသူ အရေအတွက်သည် ၅ သိန်းနီးပါးခန့် ရှိသည်။
လူဦးရေ ၅ သန်းနီးပါးရှိသော ရန်ကုန်မြို့ပေါ်တွင် မိုဘိုင်းလိုင်းပေါင်း ၂
သိန်းကျော်သာရှိသဖြင့် အသုံးပြုသော အရေအတွက် ၃ % ခန့်သာ ရှိသည်။ တကယ်တမ်း
ရန်ကုန်မြို့တခုထည်းတင် ဒေသတွင်းနိုင်ငံများအလိုက် ရောင်းချပေးနိုင်သည့်
ဈေးနှုန်းများဖြင့် မိုဘိုင်းလိုင်းများကို ဝယ်ယူနိုင်မည်ဆိုပါက
အားကောင်းသော ဈေးကွက်တခု ဖော်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိအနေဖြင့် GSM
prepaid card များကို $10, $20 တို့ဖြင့် ရောင်းချပေးနေသော်လည်း
ခေါ်ဆိုစရိတ် ကြီးမြင့်မှုကြောင့် အသုံးပြုမှုအနေဖြင့် ထင်ထားသလောက် တိုးတက်မှု
မရှိကြောင်း တွေ့ရသည်။
CDMA $ 50 တန်ကဒ်များကိုလည်း
ထုတ်လုပ်ရောင်းချပေးနေပြီး ရန်ကုန်မြို့ပေါ်မှာ အသုံးပြုသည့်အခါ တခါတရံ
အခက်အခဲဖြစ်ခြင်း၊ ခေါ်ဆိုခ မြင့်မားနေခြင်း၊ လက်ကိုင်ဟန်းဆက်များ အလွယ်တကူ
ဈေးသက်သာစွာ ဝယ်မရခြင်းတွေကြောင့် သူလည်းပဲ ထင်သလောက်
ရောင်းချရခြင်းမရှိဖြစ်သည် ။ ကောလာဟလများအရ ၂ဝ၁ဝ နှစ်ဆန်းပိုင်းအတွင်း GSM
များကို ငွေကြိုသွင်းကဒ်များအပြင် ပြန်လည်ငွေဖြည့် အသုံးပြုနိုင်ရန်
စီစဉ်နေကြောင်းလည်း ထွက်ပေါ်နေသည်။ ၂ဝ၁ဝ ဆန်းပိုင်းမှာ
နယ်မြေကန့်သတ်အသုံးပြုနိုင်သည့် CDMA ဖုံးကဒ်များကို အရေအတွက်
ကန့်သတ်ရောင်းချတော့မည်ဖြစ်ပြီး ဈေးနှုန်းသည် အစိုးရသွင်းဈေး ၅ သိန်းသာ
ရှိသဖြင့် အများစုက စိတ်ဝင်စားနေသော်လည်း အသုံးပြုရန် နေရာဖြစ်သော
မြို့နယ်များအပေါ် ကန့်သတ်ထားတာကြောင့် ထင်သလောက် ဝယ်ယူမှု ရှိမရှိဆိုသည်မှာ
စိတ်ဝင်စားစရာ ဖြစ်နေသည်။ သို့သော်လည်း ရန်ကုန်မြို့ပေါ်တွင် အဆိုပါ
ဖုန်းလျှောက်လွှာများ ရောင်းကောင်းနေသည်ကို တွေ့နိုင်သည်။
ဖိုင်ဘာဆက်သွယ်မှု အကြောင်း
မြန်မာနိုင်ငံ၏ အဓိကျသော
ဖိုင်ဘာဆက်ကြောင်းကို ကပ္ပလီပင်လယ်ပြင်မှတဆင့် ဆက်သွယ်ပြီး ဧရာဝတီတိုင်း
ဖျာပုံမှ ကုန်းတွင်းပိုင်းကို ချိတ်ဆက်ခြင်း ဖြစ်သည်။ ထိုမှတဆင့် ငဝန်မြစ်၊
ပုသိမ်မြစ်နှင့် ရန်ကုန်မြစ် ရေအောက်လမ်းကြောင်း ပြန်ဆင်းပြီး
ရန်ကုန်ကြည့်မြင်တိုင် ဆိပ်ကမ်းမှတဆင့် ဟံသာဝတီ အိတ်ချိန်းကို ဆက်သွယ်သည်။
ဟံသာဝတီအိတ်ချိန်းသည် မူလက
မြန်မာ့ဆက်သွယ်ရေးအတွက် အရေးပါသည့် အင်တာနက် ဆက်သွယ်မှု ဂိတ်တခု ဖြစ်သည်။
ယခုလက်ရှိအထိပါ သုံးစွဲနေဆဲဖြစ်သည်။ မကြာမီအချိန်တွင်
ရတာပုံတယ်လီပို့မှတဆင့် ဂိတ်ဝေးတခုကို တည်ဆောက်ပြီး တနိုင်ငံလုံးက အင်တာနက်
အထွက်အဝင် အားလုံးကို ထိမ်းချုပ်သွားမည်ဖြစ်သည်။ ဖိုင်ဘာဆက်ကြောင်းကို
၂၀၀၁ ခုနှစ်တွင် စတင်ဆက်သွယ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တည်ဆောက်မှု
ပြီးစီးသည်။ ထိုကတည်းက တဆက်တည်းမှာပဲ နေပြည်တော် တိုက်ရိုက်
ဖိုင်ဘာဆက်ကြောင်းကို ရန်ကုန်-မိတ္ထီလာ-မန္တလေး လမ်းကြောင်းမှ နေပြည်တော်
သီးသန့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပြီး
ပြင်ပကုမ္ပဏီတချို့ကို တည်ဆောက်ဆက်သွယ်စေခဲ့သည်။ တပ်မတော် ဆက်သွယ်ရေးတပ်ဖွဲ့
လက်အောက်မှတဆင့် ဆောင်ရွက်ကြရပြီး နည်းပညာပိုင်းကိုသာ အဓိက
ပံ့ပိုးစေခဲ့သည်။
အများအားဖြင့် ဝန်ကြီးဌာန
ချိတ်ဆက်မှုများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်တွင် ပါဝင်သည့်
ကုမ္ပဏီများကသာ ရရှိဆောင်ရွက်ရပြီး မကြာခဏ အပြောင်းအလဲ ရှိသည်။ ဆက်သွယ်ရေး
ဝန်ထမ်းများအတွက် နည်းပညာ သင်ကြားမှုကို အိန္ဒိယနိုင်ငံနှင့်
ကိုရီးယားနိုင်ငံတွင် သွားရောက်စေလွှတ် သင်ကြားစေခဲ့ပြီး ရန်ကုန်မြို့
အောက်ပုဇွန်တောင်ရှိ ဆက်သွယ်ရေး သင်တန်းကျောင်းမှတဆင့် အခြားဝန်ထမ်းများကို
လက်ရှိအထိ ပြန်လည်သင်ကြားမှုများကို ဆောင်ရွက်လျက်ရှိသည်။
မူလ ဖိုင်ဘာဆက်ကြောင်း
ချိတ်ဆက်စဉ်ကာလအတွင်း နေပြည်တော် ဆက်ကြောင်းများသည် မကြခဏ ပြတ်တောက်မှုများ
ရှိခဲ့သည်။ ဖိုင်ဘာဆက်ကြေင်းရှိရာ လယ်ယာမြေများအတွင်း
စိုက်ပျိုးမှုများကြောင့် ဖိုက်ဘာကြိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး
ဒေသခံအချို့ကလည်း ညအခါမှာ လာရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့်
ဖိုင်ဘာဆက်ကြောင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ ခုနှစ်
နောက်ပိုင်းတွင် ဆက်သွယ်မှု လမ်းကြောင်း လုံခြုံစေရန်အတွက်
ဆက်ကြောင်းတလျှောက် မီတာ ၁၀၀ ပတ်ဝန်းကျင်ကို ခြံခတ်ပေးထားပြီး
သိမ်းဆည်းလယ်မြေများအတွက် လျော်ကြေးပေးခဲ့သည်။ လိုအပ်သော ဖိုင်ဘာ
ဆက်ကြောင်းသုံးပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာများကို ဝယ်ယူရာမှာ
Alalibaba.com ကဲ့သို့ အင်တာနက်ဆိုဒ်များပေါ်ကနေ တိုက်ရိုက်
မှာယူတင်သွင်းလေ့ရှိပြီး တခါတရံတွင် အစိုးရနှင့်နီးစပ်သော လုပ်ငန်းတချို့က
တင်သွင်းခွင့် ရလေ့ရှိသည်။ ဖိုင်ဘာဆက်ကြောင်းများ ပြီးစီးသည့်
အချိန်မှစတင်ပြီး ပုဂံ (ယခု Myanmar tele-port) ကနေပြီး
မြန်မာ့ဆက်သွယ်ရေးနှင့်အတူ ADSL အင်တာနက် လိုင်းများကို
ရောင်းချခွင့်ရှိခဲ့ခြင်း ဖြစ်သည်။
ADSL စတင်ရောင်းချချိန်တွင် ပထမဆုံးသော
နည်းပညာများကို ကိုရီးယားနိုင်ငံမှ ရရှိခဲ့ပြီး လိုအပ်သည့် စက်များကိုလည်း
တောင်ကိုရီးယားမှတဆင့် တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ရောင်းချသော ADSL2
ဆိုသည်များကို အိန္ဒိယမှ ရရှိသည့် နည်းပညာများဖြင့်
ပြောင်းလဲချိတ်ဆက်ခဲ့ပါသည် ။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ ဝန်ထမ်း
၁၀၀ ကျော်ကို အိန္ဒိယတွင် နည်းပညာ သင်ကြားမှုများအတွက် စေလွှတ်ခဲ့သည်။
မြန်မာ-တရုတ် ဖိုင်ဘာအမြန်ဆက်ကြောင်းကို
၂၀၀၉ ခုနှစ်အတွင်း ပြီးစီးခဲ့ပြီး မေမြို့အနီးက ရတနာပုံ ဆိုင်ဘာစီးတီးနှင့်
ကူမင်းမြို့ကို တိုက်ရိုက်ချိတ်ဆက်ထားခဲ့သ ည်။ မဟာမဲခေါင်
ဒေသတွင်းနိုင်ငံများ ဖိုင်ဘာဆက်ကြောင်းအတွက် ရန်ကုန်-သထုံ လမ်းကြောင်းမှ
ဘန်ကောက်အထိတခုနှင့် ရန်ကုန်-ချင်းရိုင်ခရိုင်အတွင်း တခုကို
ရန်ကုန်-မိထ္တီလာ-နေပြည်တော် ဆက်ကြောင်းက ချိတ်ဆက်ထားခဲ့သည်။ ထိုသို့သော
ချိတ်ဆက်မှုများကြောင့် ပြည်တွင်း အင်တာနက် ကော်နက်ရှင်များသည်
မြန်ဆန်မှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသော်လည်း ထင်သလောက်
မြန်ဆန်မှုမရှိဘဲ ဖြစ်နေဆဲပါ။
မြန်မာ့ဆက်သွယ်ရေးအနေနှင့် ရတနာပုံတယ်လီပို့မှတဆင့် National gateway server တခု ထားရှိဆောင်ရွက်သွားမည် ဖြစ်ပြီး ၂ဝ၁ဝ အတွင်းမှာ ပြည်တွင်း အင်တာနက် ဆက်သွယ်မှု အားလုံး၏ ဝန်ဆောင်မှုများကို အဓိက စုစည်းကိုင်တွယ်သွားဖွယ်ရှိသည်။
မြန်မာ့ဆက်သွယ်ရေးအနေနှင့် ရတနာပုံတယ်လီပို့မှတဆင့် National gateway server တခု ထားရှိဆောင်ရွက်သွားမည် ဖြစ်ပြီး ၂ဝ၁ဝ အတွင်းမှာ ပြည်တွင်း အင်တာနက် ဆက်သွယ်မှု အားလုံး၏ ဝန်ဆောင်မှုများကို အဓိက စုစည်းကိုင်တွယ်သွားဖွယ်ရှိသည်။
အင်တာနက် လုံခြုံရေးနှင့် ပိတ်ဆို့တားဆီးမှုဆိုင်ရာ ဆောင်ရွက်မှုများ
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက်
အသုံးပြုမှုများ စတင်ခွင့်ပြုချိန်မှာ ညစ်ညမ်းဆိုဒ်တချို့နှင့် နိုင်ငံရေး
ဆိုဒ်တချို့ကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အခြားသော အင်တာနက်
အသုံးပြုမှုဆိုင်ရာ တင်းကျပ်မှုများကို ၂၀၀၂ ခုနှစ်အတွင်းမှာပင်
လျှော့ချပေးခဲ့သည်။ အင်တာနက်ဆိုင်တချို့ ပေါ်ပေါက်လာသည့် ၂၀၀၁ ခုနှစ်အတွင်း
အင်တာနက် အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်ပြမှသာ အင်တာနက်အသုံးပြုခွင့်
ရရှိခဲ့ရာမှ ၂၀၀၃ ခုနှစ်မှစတင်၍ ထိုသို့ အသုံးပြုသူများအပေါ် ပိတ်ပင်မှုများ
လျှော့ချပေးခဲ့သည်။ ပုဂံဆိုက်ဘာတက် ပေါ်ပေါက်လာပြီးနောက် အင်တာနက်ကဖေးများ
ဆက်လက်ပေါ်ပေါက်လာပြီး အင်တာနက် ISP ပိတ်ဆို့ထားသည့် ဆိုဒ်အရေအတွက်
ပိုမိုများပြားလာခဲ့သည်။ အထူးသဖြင့် မြန်မာ့ဆက်သွယ်ရေးထက်
ပုဂံဆိုဒ်ဘာတက်သည် ပိတ်ဆို့မှု ပိုမိုများပြားကြောင်း အသုံးပြုသူများအကြား
ရေပန်းစားခဲ့သည်။
ညစ်ညမ်းဆိုဒ်များ အားလုံးကို
ပိတ်ပင်ထားခဲ့ပြီး နိုင်ငံရေးဆိုဒ်များ ပိတ်ဆို့မှုများကို လိပ်စာတိုက်ရိုက်
ပိတ်ဆို့မှုများဖြင့် စတင်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကို ၂၀၀၄ ခုနှစ်မှ
၂၀၀၆ ခုနှစ်အတွင်း အများအပြား ပြုလုပ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးက
ရယူထားသည့် အင်တာနက် ကော်နက်ရှင် အသုံးပြုသူများအနေဖြင့် ပုဂံဆိုက်ဘာတက်က
ပိတ်ဆို့ထားသည့် ဆိုဒ်များကို အသုံးပြုနေနိုင်သည်ကို တွေ့ရသည်။
ပုဂံဆိုက်ဘာတက်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးသို့ ပိုင်ဆိုင်မှု
လွှဲပြောင်းခြင်း မပြုမီကာလအတွင်း အင်တာနက်ဆိုင်များ လိုက်နာရမည့်
စည်းကမ်းများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်က ချမှတ်ပေးခဲ့ပြီး
လိုက်နာရန် ခက်ခဲသည့် အငြင်းပွားဖွယ် စည်းကမ်းချက် ၂ဝ ကျော်ကို
ချမှတ်ထားပေးပြီး အများပြည်သူသုံး သတင်းအချက်အလက် စင်တာ (PAC)
လိုင်စင်များကို မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်နှင့်
မြန်မာအင်ဖိုတက်တို့က ထုတ်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့
အခြေအနေများကြောင့် အင်တာနက်ဆိုင်ရာ တားဆီးပိတ်ဆို့မှုများကို
ပိုမိုလုပ်ဆောင်လာပြီး ပုဂံဆိုက်ဘာတက် (မြန်မာတယ်လီပို့) က Blogger.com ကို
ဆက်လက်ပိတ်ဆို့ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပိတ်ဆို့မှုမရှိဘဲ ၁
နှစ်နီးပါးခန့်အထိ ဖွင့်ပေးထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့်
အင်တာနက်ပိတ်ဆို့မှုများသည် အစိုးရပေါ်လစီ အစစ်အမှန် ဖြစ်မဖြစ် စဉ်းစားစရာ
အချက်အလက်တခု ဖြစ်လာခဲ့သည်။
ထိုသို့ အင်တာနက် ပိတ်ဆို့မှုများအပြင် ဒေတာ
အချက်အလက်များကို စောင့်ကြည့်အကဲဖြတ်မှုများ လုပ်ဆောင်သည်ဟု
မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂံ (မြန်မာတယ်လီပို့) တို့ကို အသုံးပြုသူများက
ယုံကြည်နေကြသဖြင့် အသုံးပြုသူများဘက်ကပါ အင်တာနက် အသုံးပြုခြင်းဆိုင်ရာ
လုံခြုံရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက် ပိုမိုဂရုပြု လုပ်ဆောင်လာကြသည်။
၂၀၀၉ ခုနှစ်အတွင်းမှာ အလွတ်သဘော စစ်တမ်းများအရ အသုံးပြုသူ ၆၅ % ဟာ မိမိ
အသုံးပြုခဲ့သည့် ဒေတာလမ်းကြောင်းများကို ပြန်လည်ဖျက်ဆီးခြင်းနှင့် IP
address များကို ဖော်ပြခြင်း မပြုနိုင်အောင် ပြုလုပ်ထားသည့်
နည်းပညာအသုံးပြု ပရိုဂရမ်များကို နားလည်အသုံးပြုလာကြသည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ရော ပုဂံ
(မြန်မာတယ်လီပို့) အနေဖြင့်ပါ ရန်ကုန်ရှိ ဟံသာဝတီ ဂိတ်ဝေးမှတဆင့် အင်တာနက်
အဝင်အထွက်များကို ဖြတ်သန်းစေခဲ့ပြီး ပုဂံ (မြန်မာတယ်လီပို့)
သီးသန့်အနေဖြင့်လည်း မြန်မာ အင်ဖိုတက်ဝင်းအနီးရှိ ရုံးချုပ်မှတဆင့်
အင်တာနက် လုံခြုံရေးနှင့် ထပ်ဆင့်ပိတ်ဆို့မှုများ၊ mirror server နှင့်
firewall server များကို တိုးတက်သည်ထက် တိုးတက်အောင်
ပြုပြင်ဆောင်ရွက်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရုရှားမှ
နည်းပညာရှင်များကို အချိန်ပိုင်း ငှားရမ်းလုပ်ဆောင်ခဲ့ပြီး
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် တရုတ်ပညာရှင်အချို့ကိုပါ ခေါ်ယူအသုံးပြုခဲ့သည်ဟု
ဆိုပါသည်။ လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေးအောက်ကို လုံးလုံးလျားလျား
ရောက်ရှိသွားသည့် ပုဂံ (မြန်မာတယ်လီပို့) ရုံးချုပ်အတွင်း နိုင်ငံခြားသား
ဝန်ထမ်းများ ခန့်ထားမှုကို ဆောင်ရွက်ထားပြီး မကြာခင် ပြီးစီးတော့မည့်
ရတနာပုံ တယ်လီပို့ရှိရာ ရတနာပုံ ဆိုက်ဘာစီးတီးအတွက် ပရောဂျက်များကို
တရုတ်နှင့် ရုရှား ပညာရှင်များ ပူးတွဲလုပ်ဆောင်ထားကြောင်း သိရသည်။ ၂၀၀၉
ခုနှစ်အတွင်း အစ္စရေး ပညာရှင်တချို့ဖြင့် ရတနာပုံ ဆိုက်ဘာစီးတီးအတွင်း
ထားရှိမည့် National Gateway အတွက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း
ဆိုသည်။
ရတနာပုံ တယ်လီပို့ရှိ တပ်ဆင်မှုများသည် ၁၀၀%
နီးပါး ပြီးစီးနေပြီဖြစ်သည်။ မကြာခင် အချိန်အတွင်း ရတနာပုံ
တယ်လီပို့မှနေပြီး တပြည်လုံးရှိ အင်တာနက် အဝင်အထွက်များကို
ထိန်းထားမည်ဖြစ်ပြီး၊ မမြင်ရသေးသော ပိတ်ဆို့မှုနှင့် စောင့်ကြည့်မှုများ
ဆက်လက်တိုးလက်လာဖွယ် ရှိနေသည်။
0 comments:
Post a Comment