Monday, March 4, 2013

ကျော်ကိုကိုကိစ္စ အဖွဲ့ချုပ်က ညှိနှိုင်းဆွေးနွေးပြီးနောက် ပြန်လည်ရွေးချယ်ရန်ရှိနေ



မြန်မာလက်ရွေးစင်အသင်း၏ အားထားရသော တိုက်စစ်မှူး ကျော်ကိုကို ကို မြန်မာ့ လက်ရွေးစင် အသင်းမှ ထုတ်ပယ် လိုက်ပြီးနောက် ကစားသမားကိုယ်တိုင်ကလည်း အမှားဝန်ခံမှု ပြုလုပ်ထားပြီဖြစ် သည့်အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း လိုအပ်သလို ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ပြန်လည် ခန့်အပ်သွားဖွယ်ရှိကြောင်း ရှိကြောင်း ၂၂-၂-၂၀၁၃ ရက်က သတင်းရရှိသည်။ နည်းပြချုပ်  ပတ်ဆောင်ဟွာ ၏သင်ကြားမှုများကို ဝေဖန်ပုတ်ခတ်ခဲ့သည်ဟု သတ်မှတ်ချက်ဖြင့် လက်ရွေးစင်ကစားသမားဘ၀မှ ထုတ်ပယ်ခံရမှုကို ဖေဖော်ဝါရီလ ၂၀ ရက်က တွေ့ကြုံခဲ့ပြီးနောက် ကစားသမားဖြစ်သူ ကျော်ကိုကို ကလည်း မိမိအနေဖြင့် နည်းပြချုပ်ကို ဝေဖန်ပြောကြားခဲ့ခြင်းမဟုတ်ဘဲ ၎င်းကစားမည့်နေရာ၊ ကစားချင်သည့်နေရာကိုသာ တိုင်ပင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ပသတင်းမီဒီယာတစ်ခုတွင် ထုတ်ဖော်ပြောကြားထားသည်။
''ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးထိုင်ဖို့ ရှိပါတယ်။ ဒီကလေး ဦးဇော်ဇော်တို့နဲ့ ခုမှလက်တွဲခဲ့တာမဟုတ်ပါဘူး။ ၁၅ နှစ်လောက်ရှိနေပြီ။ သူ့အနေနဲ့ အဖွဲ့ချုပ်နဲ့ ဖြစ်တာမဟုတ်ဘဲ နည်းပြနဲ့  အသင်း တာဝန်ရှိသူအခိျု့နဲ့ ဖြစ်တာဆိုတော့ နည်းပြအပါအ၀င် အုပ်ချုပ်သူ တစ်ဖွဲ့လုံးနဲ့ ညှိနှိုင်းစရာတွေရှိလာပြီ'' ဟုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားသည်။ ''ကလေးတွေက အကြိမ်ကြိမ် အဲဒီလို ပြဿနာတွေဖြစ်လာနေတာတွေ့ရတယ်။ အခု သူတို့ကို စည်းကမ်းနဲ့ စနစ်တကျ ထားရမယ်။ ကျော်ကိုကိုကတော့ ဆွေးနွေးမှုတွေပြီးရင် ပါဝင်လာဖို့ရှိတယ်''ဟု ဦးဇော်ဇော်ကပြောကြားသည်။ ကျော်ကိုကိုသည် မြန်မာလူထု၏ နှစ်သက်သော မျိုးဆက်သစ်ကစားသမားကောင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် အကောင်းဆုံး အားကစားသမားဆုကို ရရှိထားသူဖြစ်သည်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management